Connect with us

International Organizations

အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုများ တစ်ဆင့်တိုး ပြင်းထန်လာခြင်းကို ရှောင်ရှားရန် တရုတ်နိုင်ငံ တိုက်တွန်း

နယူးယောက်ရှိ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပသော အစ္စရေးကို အီရန် တိုက်ခိုက်ခြင်းနှင့်စပ်လျဉ်းသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ ယာယီတာဝန်ခံ သိုက်ပင်း အား ဧပြီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ) (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

အစ္စရေးကို အီရန် တိုက်ခိုက်မှုနှင့်စပ်လျဉ်းသည့် အရေးပေါ်အစည်းအဝေးတစ်ရပ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဧပြီ ၁၄ ရက်တွင် ကျင်းပခဲ့သည်။
ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ ယာယီတာဝန်ခံ သိုက်ပင်းက တင်းမာမှုများ တစ်ဆင့်တိုး ပြင်းထန်လာခြင်းကို ရှောင်ရှားရေး သက်ဆိုင်ရာဘက်ပေါင်းစုံက ထိန်းထိန်းသိမ်းသိမ်းရှိကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဂါဇာပဋိပက္ခဖြစ်ပွားသည့် အချိန်မှစ၍ နိုင်ငံတကာအသိုက်အဝန်းက ဂါဇာကမ်းမြောင်၏ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကပ်ဘေးများကို လက်ခံ၍မရသလို တိုက်ပွဲများ ရပ်တန့်ရန်၊ အပစ်အခတ်ရပ်စဲရန် ပြင်းပြင်းထန်ထန် တောင်းဆိုခဲ့ကြကြောင်း၊ တစ်ချိန်တည်းတွင်ပင် ပဋိပက္ခများဆက်လက်ဖြစ်ပွားနေခြင်း၊ ဒေသတွင်းတင်းမာမှုများ ပြင်းထန်လာခြင်း၊ ဆိုးဝါးစွာရှုပ်ထွေးမှုများ၏ ပြင်ပသို့ ယိုလျှံသက်ရောက်လာခြင်းအပေါ် အထူး စိုးရိမ်ကြကြောင်း သိုက်ပင်းက ပြောကြားခဲ့သည်။ ဧပြီ ၁ ရက်တွင် ဆီးရီယားနိုင်ငံဆိုင်ရာ အီရန် သံရုံး လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် အီရန်ဘက်မှ လူသူသေဆုံးဒဏ်ရာရမှုအများအပြား ဖြစ်ပွားခဲ့သလို သံရုံးအဆောက်အဦ ဆိုးဝါးစွာ ပျက်စီးခဲ့ကြောင်း ၊ ယင်းဖြစ်ရပ်သည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာ ဥပဒေကို ဆိုးဝါးစွာ ဖောက်ဖျက်ခြင်းဖြစ်ပြီး ဆီးရီးယား၏ အချုပ်အခြာအာဏာကို ကျူးလွန်ခြင်းဖြစ်သလို အီရန်၏ အချုပ်အခြာအာဏာကိုလည်း ကျူးလွန်ခြင်း ဖြစ်ရာ အခြေအနေ အလွန်ဆိုးဝါးလှကြောင်း ၄င်းက ပြောကြားခဲ့သည်။

သိုက်ပင်းက တရုတ်နိုင်ငံ အနေဖြင့် ဧပြီ ၁၃ ရက်တွင် ဖြစ်ပွားခဲ့သည့် အခြေအနေတင်းမာလာမှုများကို အထူး ဂရုပြုကြောင်း ပြောကြားခဲ့သည်။ သက်ဆိုင်ရာ စစ်ရေးလှုပ်ရှားမှုများသည် ဆီးရီးယားဆိုင်ရာ အီရန်သံရုံးအား အစ္စရေး တိုက်ခိုက်ခြင်းအပေါ် တုံ့ပြန်ခြင်း ဖြစ်ပြီး သက်ဆိုင်ရာပြဿနာများသည် ဤအခြေအနေတွင် ဖြေရှင်းပြီး ဖြစ်သည်ဟု ရှုမြင်ကြောင်း အီရန်ဘက်မှ ပြောကြားခဲ့သည်ကို တရုတ်နိုင်ငံအနေဖြင့်လည်း သတိထားမိပါကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာ ဘက်ပေါင်းစုံက အတတ်နိုင်ဆုံး တည်တည်ငြိမ်ငြိမ် ထိန်းထိန်းသိမ်းသိမ်း ရှိကြရန်၊ ကွဲလွဲမှုနှင့် အငြင်းပွားမှုများကို ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်နှင့် နိုင်ငံတကာဥပဒေဖြင့် ဖြေရှင်းရန် ၊ တင်းမာမှုများ တစ်ဆင့်တိုး ပြင်းထန်လာခြင်းကို ရှောင်ရှားရန် တိုက်တွန်းကြောင်း သိုက်ပင်းက ပြောကြားခဲ့သည်။

ယခုအကြိမ် အခြေအနေဆိုးဝါးလာခြင်းသည် ဂါဇာပဋိပက္ခ ပြင်ပသို့ ယိုလျှံသက်ရောက်လာမှုအပေါ် နောက်ဆုံး ပြသခြင်း ဖြစ်ပြီး ပါလက်စတိုင်းအရေးသည် အရှေ့အလယ်ပိုင်း၏ ဗဟိုအချက်အချာဖြစ်ကြောင်း၊ ယင်းကိစ္စသည် အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်အေးချမ်းရေး၊ ရေရှည် တည်ငြိမ်ရေးနှင့် သက်ဆိုင်ကြောင်းကို မိမိတို့အား ထပ်မံသတိပေးခြင်း ဖြစ်သည်ဟု သိုက်ပင်းက ပြောကြားခဲ့သည်။ အကယ်၍ ဂါဇာ စစ်မီး အထိန်းအကွပ်မဲ့စွာ ဆက်လက် တောက်လောင်နေမည်ဆိုလျှင် ၎င်း၏အနုတ်လက္ခဏာသက်ရောက်မှု ပြင်ပသို့ ယိုလျှံခြင်း ပို၍ကျယ်ပြန့်လာပြီး လှုပ်ခတ်မှုသည် ပိုမိုပြင်းထန်လာမည်မှာ မုချ ဖြစ်ကြောင်း ၊ အရှေ့အလယ်ပိုင်းဒေသ နိုင်ငံနှင့်ပြည်သူများသည် ပို၍ကျယ်ပြန့်ကြီးမားသည့် ပဋိပက္ခနှင့်စစ်ပွဲ ဖြစ်ပွားမှုကို မမျှော်လင့်သလို ယင်းဒဏ်ကို ခံစားနိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် လက်ရှိ အရေးကြီးဆုံးမှာ လုံခြုံရေးကောင်စီ၏ အမှတ် ၂၇၂၈ ဆုံးဖြတ်ချက်ကို လက်တွေ့အကော်အထည်ဖော်ဆောင်ရွက်ရန်၊ ဂါဇာ အပစ်ခတ်ရပ်စဲရေးကို ချက်ချင်းအကောင်အထည်ဖော်ရန် ဖြစ်ကြောင်း၊ ၎င်း၏ ထွက်ပေါက်မှာ “နှစ်နိုင်ငံ ဖြေရှင်းရေး နည်းလမ်း” ကို ဘက်စုံ အကောင်အထည်ဖော်ပြီး ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ ဘဝသံသယဆိုးကြီးမှ ရုန်းထွက်လျှောက်လှမ်းရန် ဖြစ်ကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်း အထူးသဖြင့် ဩဇာရှိသော နိုင်ငံများအနေဖြင့် ဒေသ ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် အပြုသဘောအခန်းကဏ္ဍမှ ပါဝင်ကြရန် တရုတ်နိုင်ငံအနေဖြင့် တိုက်တွန်းကြောင်း သိုက်ပင်းက ပြောကြားခဲ့သည်။ (Xinhua)

…………………………….
(Chinese Version)
中方呼吁避免中东紧张局势进一步升级
新华社联合国4月14日电 联合国安理会14日就伊朗袭击以色列举行紧急会议。中国常驻联合国代表团临时代办戴兵在发言中呼吁有关方面冷静克制,避免紧张局势进一步升级。
戴兵说,加沙冲突爆发以来,国际社会不仅对加沙地带的人道灾难无法接受,强烈要求立即停火止战,同时也对冲突延宕加剧地区紧张局势、带来复杂严重的外溢影响深表担忧。4月1日,伊朗驻叙利亚外交馆舍遭到空袭,造成多名伊方人员伤亡、馆舍严重受损。这一事件严重违反《联合国宪章》和国际法,既侵犯了叙利亚的主权,也侵犯了伊朗的主权,性质极其恶劣。
戴兵说,中方对4月13日发生的升级事态深表关切。中方也注意到,伊朗方面表示,有关军事行动系对以色列袭击伊朗驻叙利亚外交馆舍的回应,有关问题至此可视为已解决。中方呼吁有关方面最大程度保持冷静和克制,根据《联合国宪章》宗旨和国际法解决分歧和争端,避免紧张局势进一步升级。
戴兵说,这一轮形势升级是加沙冲突外溢的最新表现,再次警示我们,巴勒斯坦问题是中东问题的核心,事关中东地区和平稳定和长治久安。如果放任加沙战火继续延烧,其负面外溢效应必将进一步扩散,加剧地区动荡。中东地区国家和人民不希望、也承受不起更大规模的冲突和战争。因此,当务之急是切实落实安理会第2728号决议,立即实现加沙停火。根本出路是全面落实“两国方案”,彻底走出巴以冲突的恶性循环。中方呼吁国际社会特别是有影响力的国家,为维护地区和平稳定发挥建设性作用。(完)
1. 4月14日,在位于纽约的联合国总部,中国常驻联合国代表团临时代办戴兵(前中)在安理会就伊朗袭击以色列举行的紧急会议上发言。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.