Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဂျာမနီဝန်ကြီးချုပ် Olaf Scholz တွေ့ဆုံ

ပေကျင်း၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ တရားဝင်လာရောက်လည်ပတ်ရန် ရောက်ရှိနေသော ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Olaf Scholz နှင့် ဧပြီ ၁၆ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ယခုနှစ်သည် တရုတ်နိုင်ငံနှင့် ဂျာမနီနိုင်ငံကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်ခြင်း ၁၀ နှစ်ပြည့် နှစ်ပတ်လည်ဖြစ်ကြောင်း၊ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တရုတ်နိုင်ငံသည် ဂျာမနီနိုင်ငံနှင့် အတူ ယခုအကြိမ်ခရီးစဉ်ကို အခွင့်အရေးတစ်ခုအနေဖြင့် အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှု တိုးမြှင့်ရန်၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ မြှင့်တင်ရန်နှင့် အပြန်အလှန် လေးစားမှု၊ တန်းတူညီမျှမှု၊ အပြန်အလှန် အကျိုးပြုမှုနှင့် ကွဲပြားခြားနားမှုကို ဘေးဖယ်၍ တူညီမှုများအား ရှာဖွေမှုဆိုင်ရာ အခြေခံမူများဖြင့် တရုတ်-ဂျာမနီဆက်ဆံရေးတွင် ပိုမိုဖွံ့ဖြိုးတိုးတက်မှုရရှိလာစေရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးတို့အတွက် ကြီးမားသော ပံ့ပိုးကူညီမှုများ ပြုလုပ်ရန် ဆန္ဒရှိကြောင်း ယခင်က ပြောကြားခဲ့သည်။ (Xinhua)

……………………….
(Chinese Version)
习近平会见德国总理朔尔茨
4月16日上午,国家主席习近平在北京会见来华进行正式访问的德国总理朔尔茨。
今年是中德建立全方位战略伙伴关系10周年。外交部发言人此前表示,中方愿同德方以此访为契机,增进理解信任,深化务实合作,秉持相互尊重、平等相待、互利共赢、求同存异的原则,推动中德关系取得更大发展,共同为世界和平与繁荣作出更大贡献。