Connect with us

Africa & Middle East

အရှေ့အလယ်ပိုင်းဒေသ အခြေအနေ အပြောင်းအလဲကြောင့် နိုင်ငံတကာ ရေနံဈေးများ တက်လာမည်လား

ဂါဇာကမ်းမြောင်ဒေသရှိ Shifa ဆေးရုံအနီး သွားလာနေသူများကို ဧပြီ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

အစ္စရေး ပစ်မှတ်များကို ဒုံးကျည်နှင့်ဒရုန်း ဒါဇင်နှင့်ချီ ပစ်လွှတ်ခဲ့သည်ဟု အီရန်နိုင်ငံ၏ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ဧပြီ ၁၄ ရက်တွင် ကြေညာခဲ့သည်။ အီရန်သည် ရေနံအဓိက ထုတ်လုပ်သည့် နိုင်ငံ ဖြစ်ပြီး ရေနံသယ်ယူပို့ဆောင်သော အဓိက လမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားကို တားဆီးကာကွယ်ထားခြင်းကြောင့် အစ္စရေးအပေါ် အီရန်တိုက်ခိုက်မှု၏ နိုင်ငံတကာ စွမ်းအင်ဈေးကွက်အပေါ် ဖြစ်ပွားသည့် သက်ရောက်မှုကို နိုင်ငံတကာ အသိုက်အဝန်းက ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်လျက်ရှိသည်။

အစ္စရေးကို အီရန်တိုက်ခိုက်မှု၏ရလဒ် ကနဦး ခန့်မှန်းချက်များအရ နိုင်ငံတကာ ရေနံစိမ်းဈေးနှုန်းသည် ယာယီအနေဖြင့် ကြီးမားသည့်ပြောင်းလဲမှုမရှိသေးကြောင်း၊ သို့သော် အဖြစ်အပျက်၏အခြေအနေလားရာသည် ရေနံဈေးနှုန်းကို ကိုင်လှုပ်နိုင်သည့် အဓိကအကြောင်းအရင်းများ ဖြစ်လာနိုင်ကြောင်း သုံးသပ်သူများက ထောက်ပြပြောဆိုကြသည်။

အခင်းဖြစ်ပွားပြီးနောက် နိုင်ငံတကာ ရေနံဈေးသည် မမြင့်တက်ဘဲ အနည်းငယ် ပြန်လည် ကျဆင်းခဲ့သည်။ ဧပြီ ၁၅ ရက် အထိ New York Mercantile Exchange ၏ မေလ အရောင်းအဝယ် ဖြစ်သော အပေါ့စား ရေနံစိမ်း ကြိုရောင်းဈေးနှုန်းမှာ ရေနံစည်တစ်စည်လျှင် ၈၅.၄၁ အမေရိကန်ဒေါ်လာ ဖြစ်ပြီး ၀.၂၉ ရာခိုင်နှုန်း ကျဆင်းသွားသလို ဇွန်လ အရောင်းအဝယ်ဖြစ်သည့် လန်ဒန် Brent Crude ရေနံစိမ်း ကြိုရောင်းဈေးနှုန်းမှာ ရေနံတစ်စည်လျှင် ၉၀.၁ အမေရိကန် ဒေါ်လာဖြစ်ပြီး ၀.၃၉ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

ယခုအကြိမ် အစ္စရေးကို အီရန်တိုက်ခိုက်မှုသည် လက်တွေ့ထိရောက်မှု အကန့်အသတ်ရှိပြီး နိုင်ငံရေး အနက်အဓိပ္ပါယ်သာ ပိုများကြောင်း၊ အစ္စရေးအနေဖြင့် အီရန်ကို လက်တုံ့ပြန်ရန် “ထိန်းထိန်းသိမ်းသိမ်း” ရှိနိုင်ကြောင်း ၊ ဒေသတွင်းအခြေအနေသည် ဤဦးတည်ချက်အတိုင်းသွားမည်ဆိုလျှင် ယေဘုယျအားဖြင့် ထိန်းချုပ်၍ ရကြောင်း သုံးသပ်သူများက ယူဆသည်။ လွန်ခဲ့သည့် ရက်သတ္တပတ် နှစ်ပတ်က နိုင်ငံတကာ ရေနံဈေးနှုန်များ မြင့်တက်လာခြင်းမှာ အရှေ့အလယ်ပိုင်းဒေသ အခြေအနေ အန္တရာယ်များ ပြင်ပသို့ ယိုလျှံလာမှုကြောင့် ပါဝင်ရာ မရေရာမှုများ အနယ်ထိုင်လာခြင်းနှင့်အတူ ရေနံဈေးနှုန်းများသည် အမြင့်ဆုံးမှ ပြန်လည် ကျဆင်းလာခဲ့သည်။

စင်စစ်အားဖြင့် အစ္စရေး စစ်ပွဲကာလ အစိုးရအဖွဲ့သည် ဧပြီ ၁၄ ရက်က နာရီပေါင်းများစွာ ဆွေးနွေးခဲ့ကြရာ အီရန် တိုက်ခိုက်မှုနှင့်စပ်လျဉ်းသည့် ဆုံးဖြတ်ချက်ကို မချနိုင်ခဲ့ပေ။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ အစ္စရေး စစ်ပွဲကာလ အစိုးရအဖွဲ့သည် ဧပြီ ၁၅ ရက်တွင် နောက်ထပ်တစ်ကြိမ် အစည်းအဝေးထိုင်ခဲ့ကြသည်။ အစည်းအဝေးသည် ယင်းနေ့ ညနေပိုင်းတွင် ပြီးဆုံးခဲ့သော်လည်း ဆုံးဖြတ်ချက်ချနိုင် မချနိုင်ကိုမူ ထုတ်ပြန်ကြေညာခြင်း မရှိခဲ့ချေ။

တစ်ချိန်တည်းတွင်ပင် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nasser Kanaani က အီရန်အနေဖြင့် ဒေသတွင်း အခြေအနေ တင်းမာအောင် ကြိုးပမ်းမည်မဟုတ်ဟု ဧပြီ ၁၅ ရက်က တီဟီရန်တွင် ပြောကြားခဲ့သည်။

အကယ်၍ နှစ်နိုင်ငံအနေဖြင့် ယခုကာလများတွင် စစ်ရေး ထိပ်တိုက်ရင်ဆိုင်မှုအရှိန်အဟုန် မမြှင့်တင်ဘဲ ပြေလျော့လာမည်ဆိုလျှင် နိုင်ငံတကာ ရေနံဈေးနှုန်းသည် သိသိသာသာ မြင့်တက်လာမည် မဟုတ်ကြောင်း ရှန်ဟိုင်း နိုင်ငံခြားဘာသာတက္ကသိုလ် အရှေ့အလယ်ပိုင်း သုတေသနဌာန ဒုတိယ ပါမောက္ခ ကျောက်ကျွင်းက ဆင်ဟွာသတင်းထောက်ကို ပြောသည်။ အကယ်၍ နှစ်ဖက်အနေဖြင့် အီရန် “ကြားခံကိုယ်စားလှယ်” နှင့် အစ္စရေး ထိပ်တိုက်ရင်ဆိုင်ကြသော မူလအခြေအနေကို ပြန်ရောက်သွားမည်ဆိုလျှင် နိုင်ငံတကာ ရေနံဈေး အပေါ် အရှေ့အလယ်ပိုင်းဒေသ အခြေအနေတင်းမာခြင်း၏ သက်ရောက်မှုက လျော့လာနိုင်ကြောင်း ၊ အဘယ်ကြောင့်ဆိုသော် ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှ စ၍ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခနှင့် ၎င်း၏သက်ရောက်မှုကို ဈေးကွက်က လက်ခံအသားကျနေပြီ ဖြစ်ကြောင်း ၎င်း ဆိုသည်။

အီရန်သည် ရေနံထုတ်လုပ်သည့် နိုင်ငံကြီး ဖြစ်ရာ အစ္စရေးက အီရန်ကို တန်ပြန်တိုက်ခိုက်မည်ဆိုလျှင် အခြေအနေများ ပို၍ ဆိုးဝါးလာပြီး ရေနံဈေးနှုန်းများ ခုန်တက်သွားနိုင်သည်ဟု သုံးသပ်သူများက ယူဆကြသည်။

အီရန်သည် နေ့စဉ် ရေနံစိမ်း စည်ပေါင်း ၃.၂၅ သန်း ထုတ်လုပ်နိုင်ရာ ရေနံတင်ပို့သော နိုင်ငံများအသင်း (OPEC)တွင် ဆော်ဒီအာရေဗျနှင့် အီရတ်ပြီးလျှင် တတိယအများဆုံး ထုတ်လုပ်သည့် နိုင်ငံ ဖြစ်ကြောင်း နိုင်ငံတကာ စွမ်းအင် အေဂျင်စီ (IEA) ထုတ်ပြန်သည့်နောက်ဆုံးရ ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။

“အီရန်ရဲ့ ရေနံထုတ်လုပ်မှု ဒါမှမဟုတ် တင်ပို့မှုအပေါ် တိုက်ခိုက်မှုမှန်သမျှဟာ Brent ရေနံစိမ်း ဈေးနှုန်း တစ်စည်ကို အမေရိကန် ဒေါ်လာ ၁၀၀ ထိ မြင့်တက်စေလိမ့်မယ်”ဟု Lipow Oil Associates ကုမ္ပဏီ ဥက္ကဋ္ဌ Andy Lipowက CNBC တွင် ပြောကြားခဲ့သည်။

Bison Interests၏ CIO ဖြစ်သူ Josh Young က ယခုကာလများတွင် ဖြစ်ပွားသည့် ပထဝီနိုင်ငံရေးအခြေအနေသည် ကမ္ဘာလုံးဆိုင်ရာ ရေနံစိမ်း ထောက်ပို့မှုအပေါ် ထိလွယ်ရှလွယ် ဖြစ်စေကြောင်း ပြောကြားခဲ့သည်။ “အကယ်၍ ထောက်ပို့တွေ ပြတ်တောက်သွားမယ်ဆိုရင် နိုင်ငံတကာ ရေနံဈေးဟာ ရေနံစည် တစ်စည်ကို ဒေါ်လာ ၁၀၀ ထက်မက အများကြီး ခုန်တက်သွားလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

အကယ်၍ အခြေအနေများ ဆိုးဝါးလာမည်ဆိုလျှင် ဟော်မုဇ်ရေလက်ကြားကို အီရန် ပိတ်ဆို့လာနိုင်ဖွယ်ရှိမရှိကို ဂရုပြုရမည် ဖြစ်ပေသည်။ ဟော်မုဇ်ရေလက်ကြားသည် အိုမန်နှင့် အီရန်ကြားတွင် တည်ရှိပြီး ပင်လယ်ကွေ့ ရေနံ ကုန်သွယ်ရေး၏ အဓိကအသက်သွေးကြော ဖြစ်သည်။ ရေနံတင်ပို့သော နိုင်ငံများအသင်း (OPEC)၏ အဖွဲ့ဝင်နိုင်ငံများဖြစ်သော ဆော်ဒီ၊ အီရန်၊ ယူအေအီး၊ ကူဝိတ်နှင့် အီရတ်တို့၏ ရေနံအများစုမှာ ဟော်မုဇ်ရေလက်ကြားမှ တင်ပို့ခြင်း ဖြစ်ပြီး ယင်းရေလက်ကြားကို ဖြတ်သန်းသွားသည့် ရေနံပမာဏသည် ကမ္ဘာ့ရေနံထောက်ပို့ရေးပမာဏ၏ ၂၀ ရာခိုင်နှုန်း ဖြစ်သည်။

အကယ်၍ နှစ်ဖက်အနေဖြင့် စစ်ရေးတိုက်ရိုက်ထိပ်တိုက်ရင်ဆိုင်မှုများ ဆက်ရှိနေမည် သို့မဟုတ် ပြင်းထန်လာမည်ဆိုပါက ၊ အထူးသဖြင့် ဟော်မုဇ်ရေလက်ကြားကို အီရန် ပိတ်ဆို့မည် သို့မဟုတ် တစ်ဝက်ပိတ်ဆို့မည်ဆိုလျှင့် ကမ္ဘာ့ရေနံဈေးနှုန်း ဆက်လက်မြင့်တက်လာမည် ဖြစ်သည်ဟု ကျောက်ကျွင်းက ဆိုသည်။

Rapidan Energy Group ကုမ္ပဏီ ဥက္ကဋ္ဌ Robert McNallက အကယ်၍ အခြေအနေများ ဆိုးဝါးလာပြီး ဟော်မုဇ်ရေလက်ကြား သယ်ယူပို့ဆောင်မှု ပြတ်တောက်ခဲ့မည်ဆိုလျှင် ကမ္ဘာ့ရေနံဈေးသည် တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၁၂၀ သို့မဟုတ် ၁၃၀ ထိ ခုန်တက်သွားနိုင်သည်ဟု ပြောကြားခဲ့သည်။ (Xinhua)

………………………….
(Chinese Version)
国际观察|中东局势变化是否会推高国际油价

2024-04-16 12:35:26 分类: 行业经济
新华社开罗4月15日电 题:中东局势变化是否会推高国际油价
新华社记者李芮 张健
伊朗伊斯兰革命卫队14日凌晨宣布向以色列目标发射了数十枚导弹和无人机。由于伊朗是重要产油国,并扼守石油运输重要海上通道之一霍尔木兹海峡,伊朗打击以色列对国际能源市场的影响受到国际社会普遍关注。
分析人士指出,基于对伊朗打击以色列结果的初步预测,国际原油价格暂未发生剧烈变化,但局势进一步发展的方向或成为左右油价的重要因素。
事件发生后,国际油价并未上涨反而小幅回调。截至4月15日收盘时,纽约商品交易所5月交货的轻质原油期货价格收于每桶85.41美元,跌幅为0.29%;6月交货的伦敦布伦特原油期货价格收于每桶90.10美元,跌幅为0.39%。
分析人士认为,伊朗此次打击以色列的实际效果有限,更偏向于政治意义,以色列可能对反击伊朗保持“克制”,地区局势若按此方向发展总体可控。国际油价前两周上涨已经包含了对中东局势的风险溢价,随着“靴子”落地,油价利多出尽。
事实上,以色列战时内阁14日经过几小时讨论,未就回应伊朗袭击相关事项作出决定。以战时内阁15日再次召开会议,讨论对伊朗的反报复措施。会议于当天傍晚结束,但未公布是否作出决定。
与此同时,伊朗外交部发言人纳赛尔·卡纳尼15日在德黑兰表示,伊朗不寻求制造地区紧张局势。
上海外国语大学中东研究所副教授赵军告诉新华社记者,如果两国近期内军事对抗不再升级且逐渐缓和,国际油价应该不会明显上涨。他认为,如果双方回归到原来伊朗“代理人”与以色列对抗的状态,中东地缘紧张局势对国际油价的影响会趋弱,因为自去年10月开始的新一轮巴以冲突及其外溢影响,已逐渐被市场消化。
分析人士普遍认为,伊朗是产油大国,如以色列反击伊朗造成局势进一步升级,油价或大幅飙升。国际能源署公布的最新数据显示,2024年3月,伊朗每天生产原油325万桶,在石油输出国组织(欧佩克)成员国中位列第三,仅次于沙特阿拉伯和伊拉克。
“对伊朗石油生产或出口设施的任何攻击都将推动布伦特原油价格升至每桶100美元。”美国利波石油咨询公司总裁安迪·利波对美国消费者新闻与商业频道说。
美国野牛权益公司投资组合经理乔希·扬表示,最近的地缘政治局势发展使全球原油供应更加脆弱。“如果供应中断,国际油价将大幅飙升至远高于每桶100美元。”
若局势恶化,未来伊朗是否会封锁霍尔木兹海峡值得关注。霍尔木兹海峡位于阿曼和伊朗之间,是海湾石油贸易的咽喉要道。欧佩克成员国沙特、伊朗、阿联酋、科威特和伊拉克的大部分石油都通过该海峡出口,通过该海峡的石油约占全球供应量的20%。
赵军表示,如果双方直接军事对抗持续或升级,尤其伊朗封锁或半封锁霍尔木兹海峡,国际油价将会持续高涨。
美国拉皮丹能源咨询公司总裁鲍勃·麦克纳利认为,如果局势升级导致霍尔木兹海峡运输中断,国际油价可能会飙升至每桶120美元或130美元。(完)
1. 4月1日,在加沙地带加沙城,人们走在希法医院附近的街道上。