Connect with us

Africa & Middle East

အီရန်နိုင်ငံ Isfahan ပြည်နယ်တွင် ပေါက်ကွဲမှုများဖြစ်ပွား၊ နေရာအနှံ့အပြား၌ လေကြောင်းရန် ကာကွယ်ရေးစနစ်များ စတင်

ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်စ်တွင် တိုက်ခိုက်မှုဖြစ်ပွားသည့် အချင်းဖြစ်နေရာ၌ လူအများ စုဝေးနေကြသည်ကို ဧပြီ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ အလယ်ပိုင်း Isfahan ပြည်နယ် အရှေ့မြောက်ပိုင်းတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း Fars news agency ၏ ဧပြီ ၁၉ ရက် သတင်းများအရ သိရသည်။ အီရန် နေရာအနှံ့အပြားတွင် လေကြောင်းရန် ကာကွယ်ရေးစနစ်များ စတင်ပြီဖြစ်ကြောင်း အီရန်သတင်းအေဂျင်စီ၏ သတင်းများအရ သိရသည်။ပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာမှာ Isfahan အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် အီရန်လေတပ်အခြေစိုက်စခန်းအနီးတွင် ဖြစ်သည်ဟု သတင်း၌ ဖော်ပြထားသည်။ (Xinhua)
——————————
伊朗伊斯法罕省发生爆炸 多地启动防空系统
新华社德黑兰4月19日电(记者沙达提 李军)据伊朗法尔斯通讯社19日报道,伊朗中部伊斯法罕省东北部发生爆炸。另据伊通社报道,伊朗多地启动了防空系统。
报道说,爆炸发生的地点靠近伊斯法罕国际机场和伊朗空军的基地。
1. 4月1日,在叙利亚首都大马士革,人们聚集在袭击现场。新华社发(阿玛尔摄)