Connect with us

Politics, Law & Military

ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက် (GSI) တွန်းအားပေးဖော်ဆောင်ရာတွင် သမ္မတ ရှီကျင့်ဖိန်၏ ပြောကြားချက်များ

ပေကျင်း၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

သမ္မတရှီကျင့်ဖိန်သည် “ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက် (GSI)” ကို ပထမဦးဆုံးအကြိမ်အဖြစ် အာရှဒေသဆိုင်ရာ ဘိုးအောက် ဖိုရမ် (BFA) ၂၀၂၂ ခုနှစ် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားစဉ် ပြောကြားခဲ့သည်။လုံခြုံရေးသည် ဖွံ့ဖြိုးရေး၏ ရှေ့ပြေးလိုအပ်ချက် ဖြစ်သည်။ သမ္မတ ရှီကျင့်ဖိန် “ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက် (GSI)” ကို အဆိုပြုရသည့် ရည်ရွယ်ချက်မှာ နိုင်ငံတကာပဋိပက္ခများ အရင်းအမြစ်မှ ပပျောက်စေရန်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှု ကောင်းမွန်ပြည့်စုံစေရန်၊ မတည်ငြိမ်မှုများနှင့် ဂယက်ထနေသည့် ခေတ်ကာလတွင် နိုင်ငံတကာ အသိုက်အဝန်းအတူ လက်တွဲ၍ ပိုမိုတည်ငြိမ်မှု၊ သေချာရေရာမှုများကို ဖြည့်တင်းပေးရန်၊ ကမ္ဘာ့ ရေရှည် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးကို အကောင်အထည်ဖော်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။

“ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက် (GSI)” ၏ အဆိုပြုမှုသည် ငြိမ်းချမ်းရေးလိုအပ်ချက်ကို ဖြည့်စွက်ရန် တရုတ်နိုင်ငံ၏ ဉာဏ်ပညာ ပံ့ပိုးခြင်း ဖြစ်သလို ကမ္ဘာတစ်ဝှမ်း လုံခြုံရေးအကျပ်အတည်းများအတွက် တရုတ်နိုင်ငံ၏ နည်းလမ်းကို ပံ့ပိုးခြင်း ဖြစ်ပါသည်။ ၎င်းမှာ လုံခြုံရေးကဏ္ဍ၌ လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်းအတွေးအခေါ်၏ ထင်ဟပ်မှုဖြစ်ပေသည်။ နှစ်နှစ်တာကာလတွင် “ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက် (GSI)” အကောင်အထည်ဖော်ရေး တွန်းအားပေးရာတွင် သမ္မတ ရှီကျင့်ဖိန်က မည်သည့်အဓိကအချက်များအား ပြောကြားခဲ့ပါသနည်း။ လေ့လာကြည့်ရအောင် –

(၁) ၂၀၂၂ ခုနှစ် ဧပြီ ၂၁ ရက်တွင် အာရှဒေသဆိုင်ရာ ဘိုးအောက် ဖိုရမ် (BFA) ၂၀၂၂ ခုနှစ် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနား၌ သမ္မတရှီကျင့်ဖိန် ပြောကြားချက်များ

– ကမ္ဘာ့လုံခြုံရေး အတူတကွတည်ရှိမှုအား မြှင့်တင်ရန်အတွက် တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး အဆိုပြုချက် (GSI) အား ပြောကြားခြင်းဖြစ်သည်။
– မိမိတို့သည် တူညီ၊ ဘက်စုံ၊ ပူးပေါင်းဆောင်ရွက်မှု ရှိ၍ စဉ်ဆက်မပြတ်ဖြစ်သော လုံခြုံရေးအမြင်ကို လက်ကိုင်ထားပြီ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို အတူတကွ ထိန်းသိမ်းရမည်ဖြစ်သည်။
– နိုင်ငံအသီးသီး၏အချုပ်အခြာအာဏာ၊ နယ်မြေပိုင်နက်ပြည့်စုံမှုကို လေးစားရမည်ဖြစ်ပြီး တစ်ခြားနိုင်ငံ၏ပြည်တွင်းရေးကို မစွက်ဖက်ဘဲ နိုင်ငံအသီးသီးပြည်သူများ၏ မိမိသဘောဆန္ဒအလျောက်ရွေးချယ်သော ဖွံ့ဖြိုးရေးလမ်းစဉ်နှင့်လူမှုစနစ်ကို လေးစားရမည်ဖြစ်သည်။
– ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်နှင့်အခြေခံမူများအား လေးစားလိုက်နာရမည် ဖြစ်ပြီး စစ်အေးခေတ်အတွေးအခေါ် ကို စွန့်ပယ်ရမည် ဖြစ်သလို တစ်ဖက်သတ်ဝါဒကို ဆန့်ကျင်ကာ အစုဖွဲ့နိုင်ငံရေးနှင့်အုပ်စုလိုက် ထိပ်တိုက်ရင်ဆိုင်မှုများကို ဆန့်ကျင်ရမည် ဖြစ်သည်။
– နိုင်ငံအသီးသီး၏ သင့်လျော်မှုရှိသော လုံခြုံရေးဂရုပြုချက်ကို အလေးထားရမည် ဖြစ်ရာ လုံခြုံရေးကဏ္ဍ ခွဲခြားမရ ဟူသောမူကို လက်ကိုင်ထားကာ မျှတ၊ ထိရောက်၍ စဉ်ဆက်မပြတ်ရှိသည့် လုံခြုံရေးမူဘောင်ကို တည်ဆောက်ရမည်ဖြစ်သည်။ မိမိနိုင်ငံ၏လုံခြုံရေးသည် အခြားနိုင်ငံ၏မလုံခြုံမှုပေါ်တွင် အခြေခံ၍တည်ဆောက်ခြင်းအား ဆန့်ကျင်ရမည်ဖြစ်သည်။

– ဆွေးနွေးညှိနှိုင်းသည့် ငြိမ်းချမ်းရေးနည်းလမ်းဖြင့် နိုင်ငံများအကြား ကွဲလွဲမှုနှင့်အငြင်းပွားမှုကို ဖြေရှင်းရမည်ဖြစ်ရာ ငြိမ်းချမ်းရေးဖြင့် အကျပ်အတည်းဖြေရှင်းရန် ကြိုးပမ်းမှုအား အကျိုးဖြစ်စေမည့် အားထုတ်မှုအားလုံးကို ထောက်ခံအားပေးရမည်ဖြစ်သည်။ စံနှုန်းနှစ်မျိုးထားရှိခြင်း၊ တစ်ဖက်သတ် ပိတ်ဆို့အရေးယူခြင်း နှင့် ”လက်တံရှည်လှမ်းစီမံခြင်း” အား ဆန့်ကျင်ရမည် ဖြစ်သည်။

– သမာရိုးကျကဏ္ဍနှင့် သမာရိုးကျမဟုတ်သောကဏ္ဍ လုံခြုံရေးအား စုစည်းစီမံထိန်းသိမ်းရမည်ဖြစ်ပြီး ဒေသတွင်း အငြင်းပွားမှုနှင့်အကြမ်းဖက်ဝါဒ၊ ဥတုရာသီပြောင်းလဲမှု၊ ဆိုက်ဘာလုံခြုံရေး၊ ဇီဝလုံခြုံရေးစသည့် ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များအား အတူရင်ဆိုင်သွားကြရမည်ဖြစ်သည်။

(၂) ၂၀၂၂ ခုနှစ် ဇွန် ၂၃ ရက်တွင် ၁၄ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး၌ သမ္မတရှီကျင့်ဖိန် ပြောကြားချက်များ

– မိမိအဆိုပြုသည့် “ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြချက် (GSI)“ သည် တူညီ၊ ဘက်စုံ၊ ပူးပေါင်းဆောင်ရွက်မှု ရှိ၍ စဉ်ဆက်မပြတ်ဖြစ်သော လုံခြုံရေးအမြင်ကို လက်ကိုင်ထားရန်၊ လူသားမျိုးနွယ်သည် ခွဲခြား၍မရသော လုံခြုံရေးအသိုက်အဝန်းတစ်ခုဖြစ်သည်ကို အခြေခံ၍ ထိပ်တိုက်ရင်ဆိုင်ခြင်းမဟုတ်သည့် တွေ့ဆုံဆွေးနွးမှု၊ မဟာမိတ်ဖွဲ့မှုမဟုတ်သည့် မိတ်ဖက်ဆက်ဆံမှု၊ သူသေကိုယ်သေတိုက်ခိုက်ခြင်းမဟုတ်သည့် ဘုံအကျိုးစီးပွားဖော်ဆောင်မှု ဟူသော လုံခြုံရေး လမ်းစဉ်သစ်ကို လျှောက်လှမ်းရန် တိုက်တွန်းခြင်း ဖြစ်သည်။ တရုတ်နိုင်ငံသည် BRICSမိတ်ဖက်များနှင့်အတူ အဆိုပြုချက်ကို တွန်းအားပေးဖော်ဆောင်ကာ ကမ္ဘ့ာအတွက် တည်ငြိမ်မှုနှင့်အပေါင်းလက္ခဏာ စွမ်းအင်များကို ဖြည့်တင်းသွားလိုပေသည်။

(၃) ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၁ ရက်တွင် ၂၀၂၂ ခုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်လှုပ်ရှားမှုသို့ ပေးပို့သော သမ္မတ ရှီကျင့်ဖိန်၏ သဝဏ်လွှာ၌ ဖော်ပြချက်များ

– မျက်မှောက်ကာလတွင် နိုင်ငံတကာ လုံခြုံရေးအခြေအနေသည် နက်ရှိုင်းစွာ ရှုပ်ထွေးပြောင်းလဲနေရာ ကမ္ဘာသည် လှိုင်းကြမ်းလေထန် ပြောင်းလဲသည့်ကာလသစ်သို့ ရောက်ရှိလျက်ရှိသည်။ ဤကဲ့သို့ အရေးကြီးသော သမိုင်းကာလတွင် မိမိအနေဖြင့် “ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြချက် (GSI)“ ကို အဆိုပြုခြင်းသည် နိုင်ငံအသီးသီး တူညီ၊ ဘက်စုံ၊ ပူးပေါင်းဆောင်ရွက်မှု ရှိ၍ စဉ်ဆက်မပြတ်ဖြစ်သော လုံခြုံရေးအမြင်ကို လက်ကိုင်ထားရန်၊ နိုင်ငံအသီးသီး၏အချုပ်အခြာအာဏာ၊ နယ်မြေပိုင်နက်ပြည့်စုံမှုကို လေးစားရန်၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်နှင့်အခြေခံမူများအား လေးစားလိုက်နာရန်၊ နိုင်ငံအသီးသီး၏ သင့်လျော်မှုရှိသော လုံခြုံရေးဂရုပြုချက်ကို အလေးထားရန်၊ ဆွေးနွေးညှိနှိုင်းသည့် ငြိမ်းချမ်းရေးနည်းလမ်းဖြင့် နိုင်ငံများအကြား ကွဲလွဲမှုနှင့်အငြင်းပွားမှုကို ဖြေရှင်းရန်၊ ငြိမ်းချမ်းရေး ကာကွယ်ထိန်းသိမ်းမှု တာဝန်ကို အတူထမ်းဆောင်ရန်၊ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကို အတူလျှောက်လှမ်းရန်၊ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးကို လက်တွဲအတူ တွန်းအားပေးရန် တိုက်တွန်းခြင်း ဖြစ်သည်။

(၄) ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၉ ရက်တွင် တရုတ် – ပင်လယ်ကွေ့ အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ ထိပ်သီးအစည်းအဝေး၌ သမ္မတ ရှီကျင့်ဖိန် ပြောကြားချက်များ

– တရုတ်နိုင်ငံသည် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ(GCC)အဖွဲ့ဝင်နိုင်ငံများ၏ မိမိကိုယ်ကို လုံခြုံရေးအား ကာကွယ်ခြင်းကို ခိုင်မာစွာထောက်ခံသွားမည် ဖြစ်သလို ဒေသတွင်းနိုင်ငံများ တွေ့ဆုံညှိနှိုင်းခြင်းဖြင့် ကွဲလွဲမှုများအား ဖြေရှင်းခြင်း၊ ပင်လယ်ကွေ့အဖွဲ့လုံခြုံရေးမူဘောင်တည်ဆောက်ခြင်းကို ထောက်ခံသွားမည် ဖြစ်သည်။ “ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြချက် (GSI)“ တွင် GCC အဖွဲ့ဝင်နိုင်ငံများပါဝင်ပြီး ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးကို အတူကာကွယ်ထိန်းသိမ်းကြရန် ဖိတ်ခေါ်ပါသည်။

(၅) ၂၀၂၃ ခုနှစ် မတ် ၁၃ ရက်တွင် (၁၄)ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ ပထမအကြိမ်အစည်းအဝေး၌ သမ္မတ ရှီကျင့်ဖိန် ပြောကြားချက်များ

– မိမိတို့သည် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ ဘုံအကျိုးဖော်ဆောင်ရေးကို ဦးထိပ်ထားပြီး သမိုင်း၏ မှန်ကန်သောဘက်တွင် အစဉ်အမြဲရပ်တည်ကာ စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒ၊ လူသားတစ်ရပ်လုံး၏ဘုံစံတန်ဖိုးကို ဖော်ဆောင်ရမည် ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရေးနှင့်တည်ဆောက်ရေး တွင် တက်ကြွစွာ ပါဝင်ကာ တံခါးဖွင့်လှစ်သော ကမ္ဘာ့စီးပွားရေး တည်ဆောက်မှုကို တွန်းအားပေးရမည် ဖြစ်သလို ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး(GDI) ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက် (GSI) ကို အကောင်အထည်ဖော်ဆောင်ရမည် ဖြစ်သည်။ ကမ္ဘာ့ငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုတည်ငြိမ်မှုနှင့် အပြုသဘောစွမ်းအားများကို ပို၍ တိုးပွားအောင် ဆောင်ရွက်ရမည် ဖြစ်သလို မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာပတ်ဝန်းကျင်ကောင်း တည်ဆောက်ရမည် ဖြစ်သည်။

(၆) ၂၀၂၃ ခုနှစ် မေ ၁၉ ရက်တွင် တရုတ်-အလယ်အာရှ ထိပ်သီးအစည်းအဝေး၌ သမ္မတ ရှီကျင့်ဖိန် ပြောကြားချက်များ

– မိမိတို့အနေဖြင့် “ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက် (GSI)” ကို အတူ ဖော်ဆောင်ကာ ပြင်ပအင်အားစုများ ဒေသတွင်းနိုင်ငံများ၏ ပြည်တွင်းရေး စွက်ဖက်မှု၊ “ဆေးရောင်ဆိုး တော်လှန်ရေး”ဖြစ်ပွားအောင် လှုံ့ဆော်မှုများကို ဆန့်ကျင်ရမည် ဖြစ်သည်။ အကြမ်းဖက်တိုက်ခိုက်မှုအင်အား၊ လူမျိုးရေးခွါပြဲမှုအင်အား၊ ဘာသာရေးအစွန်းရောက်အင်အား ဟူသော “အင်အားစု ၃ ရပ်” လုံးဝဥဿုံ လက်မခံမှုကို ဆက်လက်လက်ကိုင်ထားဆောင်ရွက်ကာ ဒေသတွင်းလုံခြုံရေးအကျပ်အတည်း ဖြေရှင်းနိုင်အောင် အားထားဆောင်ရွက်ရမည် ဖြစ်ပြီး ပဋိပက္ခနှင့်ကင်းဝေးသော ၊ အစဉ်ငြိမ်းချမ်းသော ဘုံအသိုက်အဝန်းကို လက်တွဲအတူ တည်ဆောက်ရမည် ဖြစ်သည်။

(၇) ၂၀၂၃ ခုနှစ် ဇူလိုင် ၄ ရက်တွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ နိုင်ငံအကြီးအကဲများကောင်စီ (၂၃)ကြိမ်မြောက်အစည်းအဝေး၌ သမ္မတ ရှီကျင့်ဖိန် ပြောကြားချက်များ

– ဒေသတွင်း ရေရှည်တည်ငြိမ်အေးချမ်းရေးသည် မိမိတို့၏ဘုံတာဝန်ဖြစ်သည်။ တရုတ်နိုင်ငံသည် နိုင်ငံအသီးသီးနှင့်အတူ “ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက် (GSI)” ကို အကောင်အထည်ဖော်ဆောင်သွားလိုပြီး တွေ့ဆုံညှိနှိုင်းဆွေးနွးမှုဖြင့် နိုင်ငံများအကြား ကွဲလွဲမှုပဋိပက္ခများကို ဖြေရှင်း ဆောင်ရွက်သွားမည် ဖြစ်သလို နိုင်ငံတကာနှင့်ဒေသဆိုင်ရာ အရေးကြီးကိစ္စရပ်များကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းမှုကို တွန်းအားပေးကာ ဒေသတွင်းလုံခြုံရေး အကာအကွယ်ကို တည်ဆောက်သွားမည် ဖြစ်သည်။

(၈) ၂၀၂၃ ခုနှစ် ဩဂုတ် ၂၂ ရက်တွင် ၂၀၂၃ ခုနှစ် BRICS နိုင်ငံများ စီးပွားရေးဖိုရမ် ပိတ်ပွဲအခမ်းအနား၌ သမ္မတ ရှီကျင့်ဖိန် ပြောကြားချက်များ

– တရုတ်နိုင်ငံသည် နိုင်ငံအသီးသီးနှင့်အတူ “ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက် (GSI)” ကို ဖော်ဆောင်သွားလိုပါသည်။ ထိပ်တိုက်ရင်ဆိုင်မှု မဟုတ်သည့် တွေ့ဆုံဆွေးနွေးမှု၊ မဟာမိတ်ဖွဲမှုမဟုတ်သည့် မိတ်ဖက်ဆက်ဆံမှု၊ သူသေကိုယ်သေ တိုက်ခိုက်မှု မဟုတ်သည့် ဘုံအကျိုးဖော်ဆောင်မှုကို ခိုင်မာစွာ ဆောင်ရွက်သွားကာ လုံခြုံရေး ဘုံအသိုက်အဝန်း လက်တွဲတည်ဆောက်သွားလိုပါသည်။

(၉) ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် ပါလက်စတိုင်းပြည်သူများ နိုင်ငံတကာနေ့ အထိမ်းအမှတ်ပွဲသို့ ပေးပို့သော သမ္မတ ရှီကျင့်ဖိန်၏ သဝဏ်လွှာ ဖော်ပြချက်များ

– တရုတ်နိုင်ငံ အဆိုပြုသည့် “ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက် (GSI)” သည် နိုင်ငံများအကြား ကွဲလွဲမှုနှင့် အငြင်းပွားမှုများကို တွေ့ဆုံညှိနှိုင်းမှုဖြင့် ဖြေရှင်းရန်၊ အန္တရာယ်အကျပ်အတည်းများကို ငြိမ်းချမ်းစွာ ဖြေရှင်းရေး ကြိုးပမ်းမှုများကို အကျိုးရှိစေမည့် လုပ်ဆောင်ချက်မှန်သမျှကို ထောက်ခံခြင်း ဖြစ်သည်။ တရုတ်နိုင်ငံသည် ပါလက်စတိုင်းအရေးတွင် တရားမျှတမှုကို ဆက်လက် လက်ကိုင်ထားမည် ဖြစ်သလို သင့်မြတ်ရေးဆွေးနွေးရန် တိုက်တွန်းသွားမည်ဖြစ်ပြီး ပါလက်စတိုင်းသို့ လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး စသည့်အကူအညီများ ဆက်လက်ပေးအပ်သွားမည် ဖြစ်သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် နိုင်ငံတကာအသိုက်အဝန်းနှင့်အတူ ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ရာ သင့်မြတ်ရေး နိုင်ငံတကာ သဘောတူညီချက်များကို စုစည်းကာ ပါလက်စတိုင်းအရေး “နှစ်နိုင်ငံနည်းလမ်း”ဖြင့် ဖြေရှင်းရန် လမ်းကြောင်းမှန်သို့ ရောက်ရှိအောင်၊ ဘက်စုံ တရားမျှတစွာ ရေရှည်ပြေလည်မှု ဆောလျင်စွာ ရရှိအောင် တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်သည်။

(၁၀) ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် တရုတ်-ဗီယက်နမ် လူငယ်လူရွယ်များနှင့် ချစ်ကြည်ရေးကိုယ်စားလှယ်များအား တွေ့ဆုံစဉ် သမ္မတ ရှီကျင့်ဖိန် ပြောကြားချက်များ

အနာဂတ်ကို မျှော်မှန်းကြည့်လျှင် မိမိတို့၏ ရှေ့ရေးသည် ဆက်နွယ်နေသလို ကံကြမ္မာချင်းချိတ်ဆက်လျက်ရှိသည်။ ရှုပ်ထွေးပြောင်းလဲနေသည့်ကမ္ဘာကြီးကို ရင်ဆိုင်ရာတွင် မိမိအနေဖြင့် လူသားမျိုးနွယ် အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေး အတွေးအခေါ်နှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက် (GDI)၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက် (GSI)၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက် (GCI)များကို အဆိုပြုခဲ့ရာ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် ကမ္ဘာ့နိုင်ငံအသီးသီး လက်တွဲရေးကို တွန်းအားပေးရန် ရည်ရွယ်ခြင်း ဖြစ်သည်။ (Xinhua)