Connect with us

Africa & Middle East

လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များ အားကောင်းလာစေရန် အရန်တပ်သားများခေါ်ဆိုမည်ဟု အစ္စရေးက ဆုံးဖြတ်

ဂျေရုဆလမ်၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

အစ္စရေးစစ်တပ်က လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များ အားကောင်းစေရန် အရန်တပ်သားများခေါ်ဆိုမည်ဟု ဆုံးဖြတ်ခဲ့ကြောင်း ဧပြီ ၃ ရက်တွင် ကြေညာခဲ့သည်။ အစ္စရေးစစ်တပ်၏ ယင်းလုပ်ဆောင်ချက်မှာ အီရန်၏ ခြိမ်းခြောက်မှုကို တုံ့ပြန်ရန်ဖြစ်ကြောင်း အစ္စရေးမီဒီယာများက ဖော်ပြခဲ့သည်။ မကြာသေးမီက ဆီးရီးယားရှိ အီရန်သံရုံး တိုက်ခိုက်ခံခဲ့ရပြီးနောက် အစ္စရေးက အီရန်၏ ဖြစ်ပေါ်လာနိုင်သော တုံ့ပြန်မှုများအပေါ် သတိကြီးကြီးထားလျက်ရှိကြောင်း သိရသည်။ (Xinhua)

……………………………….
(Chinese Version)
以色列决定征召预备役士兵加强防空力量
新华社耶路撒冷4月3日电 以色列军方3日宣布,决定征召预备役士兵加强防空力量。以色列媒体报道说,以军此举是为了应对来自伊朗的威胁。伊朗驻叙利亚使馆日前遭袭后,以色列对伊朗可能做出的反应保持高度警惕。