Connect with us

Africa & Middle East

ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး စေ့စပ်ညှိနှိုင်းမှုမှာ “တိုးတက်မှုမရှိ” ဟု ဟားမက်စ်တာဝန်ရှိသူက ပြော

ဂါဇာ၊ ဧပြီ ၅ ရက် (ဆင်ဟွာ)
ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) ၏ အကြီးတန်းခေါင်းဆောင် အိုစမာ ဟမ်ဒါက ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး စေ့စပ်ညှိနှိုင်းမှုမှာ “တိုးတက်မှုမရှိ”ဟု ဧပြီ ၄ ရက်နေ့တွင် ပြောခဲ့သည်။
အပစ်အခတ်ရပ်စဲရေးရရှိရန် ဟားမက်စ်က အပြုသဘောဆောင်သော လိုက်လျောမှုများ အတတ်နိုင်ဆုံး ပြုလုပ်ခဲ့သော်လည်း အစ္စရေးသည် ခေါင်းမာနေဆဲဖြစ်ပြီး စေ့စပ်ညှိနှိုင်းမှုများမှာ ရပ်တန့်နေရကြောင်း၊ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက သဘောတူညီချက်ရရှိရေးကို ဟန့်တားနေပြီး စေ့စပ်ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်ရာတွင် “ဟန်ဆောင်စိတ်ဝင်စား”ပုံ ပြသနေသည်ဟု ဟားမက်စ်တာဝန်ရှိသူက ပြစ်တင်ပြောဆိုခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………………………………………
(Chinese Version)
哈马斯官员说加沙停火谈判“无进展”
新华社加沙4月5日电 巴勒斯坦伊斯兰抵抗运动(哈马斯)高级官员乌萨马·哈姆丹4日发表声明说,加沙地带停火谈判目前“无进展”。
哈姆丹说,尽管哈马斯方面为实现停火作出了积极让步,但以色列方面立场仍然顽固,谈判正在陷入停滞。哈姆丹同时指责以色列总理内塔尼亚胡为达成协议设置障碍,对继续谈判表现出“虚假的兴趣”。