Connect with us

China

ရှီကျင့်ဖိန်က မိုက်ခရိုနီးရှားဖက်ဒရယ်ပြည်ထောင်စု သမ္မတ Wesley W. Simina နှင့် တွေ့ဆုံဆွေးနွေး

ပေကျင်း၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မိုက်ခရိုနီးရှားဖက်ဒရယ်ပြည်ထောင်စု သမ္မတ Wesley W. Simina နှင့် ဧပြီ ၉ ရက် မွန်းလွဲပိုင်းက ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ မိုက်ခရိုနီးရှား သမ္မတ Simina သည် ဧပြီ ၅ ရက်မှ ၁၂ ရက်အထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် လာရောက်ခဲ့ကြောင်း၊ ယခု ခရီးစဉ်သည် Simina သမ္မတရာထူးတာဝန် စတင်ထမ်းဆောင်ချိန်မှစ၍ ပထမဆုံး တရုတ်နိုင်ငံသို့ လာရောက်သည့် ခရီးစဉ်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ခေါင်းဆောင်များက နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဘုံဂရုစိုက်မှု ကိစ္စရပ်များကို နက်နက်ရှိုင်းရှိုင်း အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

………………………………………………..
(Chinese Version)
新华社权威快报 | 习近平同密克罗尼西亚联邦总统西米纳会谈
4月9日下午,国家主席习近平在北京人民大会堂同密克罗尼西亚联邦总统西米纳举行会谈。
应习近平主席邀请,西米纳总统于4月5日至12日对中国进行国事访问。此访是西米纳总统就任以来首次访华,两国领导人将就双边关系发展及共同关心的问题深入交换意见。