Connect with us

China

တရုတ်နိုင်ငံ ချင်းသောင်မြို့ ကျိမော့ခရိုင်တွင် မော်တော်ကားလုပ်ငန်းစုများကို ထူထောင်ပြီး ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး အားသာချက်အသစ်များကို တည်ဆောက်

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ ကျိမော့ခရိုင်ရှိ FAW-Volkswagen ဆန်းတုန်းအခြေစိုက် နောက်ဆုံးအဆင့်တပ်ဆင်ရေးအလုပ်ရုံတွင် အလုပ်လုပ်နေသော လုပ်သားတစ်ဦးအား ဧပြီ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းတုန်း၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

မကြာသေးမီနှစ်များတွင် တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ ကျိမော့ခရိုင်တွင် ဒေသတွင်းစက်မှုပုံစံကို စဉ်ဆက်မပြတ် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နေပြီး မော်တော်ယာဥ်လုပ်ငန်းကွင်းဆက်တစ်ခုလုံးတွင် စက်မှုအစုအဖွဲ့များကို ထူထောင်ခြင်းအပေါ် အလေးထားကြောင်း၊ ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး အားသာချက်အသစ်များကို တည်ဆောက်လျက် ရှိကြောင်း သိရသည်။ လက်ရှိ အဆိုပါခရိုင်တွင် မော်တော်ကားနှင့် ဆက်စပ်ပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီပေါင်း ၄၀၀ ကျော်ရှိပြီး နှစ်စဉ်အမျိုးအစားစုံမော်တော်ကားအစီးရေ ၇၀၀,၀၀၀ ကျော် ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။ (Xinhua)

………………………………………………
(Chinese Version)
青岛即墨:发展汽车产业集群 构筑制造业发展新优势
近年来,山东省青岛市即墨区持续优化区域产业布局,着力围绕汽车全产业链培育产业集群,构筑起制造业发展的新优势。目前,该区拥有汽车及配套生产企业400余家,年产各类商品车逾70万辆。
图说:4月9日,工人在位于青岛市即墨区的一汽-大众青岛基地总装车间工作。新华社记者 李紫恒 摄