Connect with us

China

တရုတ်-ပြင်သစ် နှစ်နိုင်ငံ ကုန်သွယ်ရေးပမာဏ နှစ်ပေါင်း ၆၀ ကြာကာလတွင် အဆ ၈၀၀ နီးပါး တိုးလာ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်၊ ပြင်သစ်နိုင်ငံသမ္မတ မက်ခရွန်နှင့် ဇနီး Brigitteတို့အား မေ ၆ ရက် ညနေပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၀ ရက် (ဆင်ဟွာ)

တရုတ်-ပြင်သစ် သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ်ပေါင်း ၆၀ ကြာကာလတွင် နှစ်နိုင်ငံ ကုန်သွယ်ရေးပမာဏသည် အဆပေါင်း ၈၀၀ နီးပါး တိုးတက်လာရာ ၂၀၂၃ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၇၈.၉ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ဥရောပသမဂ္ဂ (EU) ပြင်ပတွင် ပြင်သစ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်သလို ပြင်သစ်နိုင်ငံသည်လည်း ဥရောပသမဂ္ဂ (EU) တွင် တရုတ်နိုင်ငံ၏ အဓိက ကုန်သွယ်ဖက် ဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟဲရာ့တုန်းက မေ ၉ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

နှစ်ပေါင်း ၆၀ ကြာကာလတွင် တရုတ်-ပြင်သစ် အပြန်အလှန် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ပမာဏသည် အမေရိကန် ဒေါ်လာ ၂၆ ဘီလီယံရှိရာ တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂ (EU) နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု၏ ထိပ်တန်းတွင် ရှိကြောင်း ၊ ပြင်သစ်ကုမ္ပဏီလုပ်ငန်းပေါင်း ၂,၀၀၀ ကျော်သည် တရုတ်နိုင်ငံတွင် လည်ပတ်လျက်ရှိကြောင်း ဟဲရာ့တုန်းက ဆိုသည်။ တရုတ်-ပြင်သစ် နှစ်နိုင်ငံ စီးပွားရေးသည် အပြန်အလှန် နှီးနှောယှက်နွယ်မှု၊ အပြန်အလှန် အင်အားကြီးရှင်သန်အောင်ပံ့ပိုးပေးသည့် ဆက်ဆံရေးမျိုးဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

နှစ်နိုင်ငံ အသေးစား၊အလတ်စားလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ပိုမိုကောင်းမွန်သော စီးပွားရေးပတ်ဝန်းကျင်ကောင်း အားသွန်ခွန်စိုက် ပံ့ပိုးရန်အတွက် မကြာမီ ရက်များက တရုတ်နိုင်ငံ ကုန်သွယ်ရေးနှင့်စီးပွားရေး ဝန်ကြီးဌာန နှင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနတို့အတူ 《အသေးစား၊အလတ်စားလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ》ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ တရုတ်-ပြင်သစ် စီးပွားရေးလုပ်ငန်းရှင်များ ကောင်စီ ဆဋ္ဌမ အကြိမ်မြောက် အစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်ပေါင်း ၂၀၀ ကျော် ပါဝင်တက်ရောက်ဆွေးနွေးခဲ့သလို ဘဏ္ဍာရေး၊ နျူကလီးယားစွမ်းအင်၊ လေကြောင်း၊ ထုတ်လုပ်မှုလုပ်ငန်း၊ စွမ်းအင်သစ် စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် ၁၅ ခု လက်မှတ်ရေးထိုးခဲ့ကြောင်း၊ နောက်ထပ်တစ်ဆင့်အနေဖြင့် တရုတ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပြင်သစ် သက်ဆိုင်ရာဌာနများနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ ရရှိခဲ့သည့် အရေးကြီးသဘောတူညီချက်များကို သေချာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပြီး နှစ်ဖက် ကုန်သွယ်စီးပွားပူးပေါင်းဆောင်ရွက်မှုများ အဆင့်သစ်သို့ တက်လှမ်းနိုင်ရန် တွန်းအားပေးသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………….
(Chinese Version)
中法两国贸易额60年来增长近800倍
新华社北京5月9日电(记者 谢希瑶)商务部新闻发言人何亚东9日在商务部例行新闻发布会上说,中法建交60年来,两国贸易额增长近800倍,2023年达到789亿美元,中国成为法国在欧盟外第一大贸易伙伴,法国也是中国在欧盟的主要贸易伙伴。
何亚东说,60年来,中法双向投资额累计超过260亿美元,位列中国与欧盟国家合作前列,2000多家法国企业在华经营。中法两国经济已经形成你中有我、我中有你的强大共生关系。
商务部与法国外交部近日签署《关于加强中小企业合作的谅解备忘录》,致力为两国中小企业合作提供更好的营商环境。中法企业家委员会第六次会议成功举行,200多位两国企业家参会研讨,双方企业签署金融、核能、航空、制造业、新能源等领域15项合作协议。下一步,商务部将与法方相关部门一道,认真落实两国元首达成的重要共识,推动双边经贸合作迈上新台阶。
1. 当地时间5月6日下午,国家主席习近平在巴黎爱丽舍宫同法国总统马克龙举行会谈。这是习近平和夫人彭丽媛同马克龙和夫人布丽吉特合影。