Connect with us

International Organizations

ရာဖာတွင် အစ္စရေးစစ်တပ် စစ်ရေးလှုပ်ရှားမှုများ အရှိန်မြှင့်တင်နေသည့်အပေါ် “အံ့ဩတုန်လှုပ်မိ”သည်ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ပြောကြား

အီဂျစ်နိုင်ငံဘက်အခြမ်း ရာဖာနယ်စပ်ဂိတ်သို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် မတ် ၂၃ ရက်က ရောက်ရှိစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ မေ ၁၅ ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ရာဖာမြို့တွင် အစ္စရေးစစ်တပ် စစ်ရေးလှုပ်ရှားမှု အရှိန်အဟုန်မြှင့်တင်နေသည့်အပေါ် “အံ့ဩတုန်လှုပ်မိ” သည်ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric မှတစ်ဆင့် မေ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

စစ်ရေးအရှိန်မြင့်တက်လာခြင်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်မှုများဝင်ရောက်ရေးအတွက် တစ်ဆင့်တိုး အတားအဆီးများ ဖြစ်စေသလို ဆိုးဝါးနေသည့်အခြေအနေကို ပို၍ ဆိုးရွားစေကြောင်း ပြောကြားခဲ့သည်။

အရပ်သားများကို မဖြစ်မနေ အကာအကွယ်ပေးရမည် ဖြစ်ကြောင်း၊ ဂါဇာကမ်းမြောင်ဒေသရှိ အရပ်သားများအနေဖြင့် လက်ရှိတွင် လုံခြုံသည့်ခိုလှုံရာနေရာမရှိကြောင်း ပြောကြားခဲ့သည်။

လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဂါဇာသို့ အဆင်ပြေစွာ ဝင်ရောက်နိုင်ရန်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ချက်ချင်းအကောင်အထည်ဖော်ရန်၊ ထိန်းသိမ်းထားသူအားလုံးကို ချက်ချင်း လွှတ်ပေးရန်၊ ရာဖာနယ်စပ်ကို ချက်ချင်းပြန်လည်ဖွင့်လှစ်ပေးရန် ဂူတာရက်စ်က ထပ်မံတိုက်တွန်းပြောကြားခဲ့သည်။

ရာဖာ၌ဖြစ်ပွားသည့် စစ်ရေးကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသော ပါလက်စတိုင်း ၄၅,၀၀၀ ခန့် ရှိကြောင်း ကုလသမဂ္ဂက ဆိုသည်။ (Xinhua)

…………………………
(Chinese Version)
联合国秘书长对以军升级拉法军事行动表示“震惊”
新华社联合国5月14日电(记者尚绪谦)联合国秘书长古特雷斯14日通过发言人迪雅里克发表声明,对以色列军队升级针对加沙地带南部城市拉法的军事行动表示“震惊”。
声明说,军事行动的升级进一步阻碍人道救援进入,进一步恶化业已严峻的形势。
声明说,平民必须受到保护。对于加沙地带的平民来说,目前没有安全容身之地。古特雷斯再次呼吁立即实行人道主义停火、立即释放所有被扣押人员,立即重新开放拉法边境口岸,以便人道援助能够顺利进入加沙地带。
联合国方面说,拉法战事已导致约45万巴勒斯坦人逃离拉法。
1. 3月23日,联合国秘书长古特雷斯(中)到访拉法口岸埃及一侧。