Connect with us

Africa & Middle East

အစ္စရေးနှင့် သံတမန် အဆက်အသွယ် ဖြတ်တောက်မည်ဟု ကိုလံဘီယာ သမ္မတ ကြေညာ

ဘိုဂိုတာ၊ မေ ၂ ရက် (ဆင်ဟွာ)

ကိုလံဘီယာနိုင်ငံအနေဖြင့် မေ ၂ ရက်မှစ၍ အစ္စရေးနှင့် သံတမန် အဆက်အသွယ် ဖြတ်တောက်သွားမည် ဖြစ်သည်ဟု ကိုလံဘီယာ သမ္မတ Gustavo Petro က မြို့တော် ဘိုဂိုတာ၌ မေ ၁ ရက်တွင် ကြေညာခဲ့သည်။

ယခုလို အစ္စရေးနှင့် သံတမန် အဆက်အသွယ် ဖြတ်တောက်ရခြင်းမှာ အစ္စရေးခေါင်းဆောင်၏ “လူမျိုးသုဉ်းသတ်ဖြတ်မှု” ကြောင့် ဖြစ်သည် ဟု Gustavo Petro က မေ ၁ ရက် ဘိုဂိုတာ၌ ကျင်းပသည့် စုဝေးပွဲတစ်ခု၌ ပြောကြားခဲ့သည်။ “ကျွန်တော်တို့ဟာ လူမျိုးသုဉ်းသတ်ဖြတ်မှု၊ လူမျိုးစုတစ်ခုလုံး ပျက်သုဉ်းအောင် လုပ်တဲ့ခေတ်ကို ပြန်သွားလို့မရဘူး” ဟု ၎င်းက အလေးထားပြောကြားခဲ့သည်။ (Xinhua)
……………………….
(Chinese Version)
哥伦比亚总统宣布将与以色列断交
新华社波哥大5月1日电(记者周盛平)哥伦比亚总统佩特罗1日在首都波哥大宣布,哥伦比亚2日起将与以色列断绝一切外交关系。
佩特罗1日在波哥大举行的一个集会上说,之所以要与以色列断交,是因为以色列领导人“搞种族灭绝”。他强调说:“我们不能回到种族灭绝、灭绝一整个民族的时代。”