Connect with us

International Organizations

အစ္စရေး-ဟားမက်စ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် တိုက်တွန်း

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်အား နယူးယောက် ကုလသမဂ္ဂရုံးချုပ်၌ ဧပြီ ၃၀ ရက် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ မေ ၂ ရက် (ဆင်ဟွာ)
အစ္စရေးနှင့် ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေး လှုပ်ရှားမှု (ဟားမက်စ်) လူသားချင်းစာနာထောက်ထားရေး အပစ်အခတ် ရပ်စဲမှု စသည့် သဘောတူညီချက်များရရှိအောင် ဆောင်ရွက်ရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဧပြီ ၃၀ ရက် သတင်းစာရှင်းလင်းပွဲတွင် တိုက်တွန်းပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်တွင် လူသားချင်းစာနာထောက်ထားရေးအပစ်အခတ်ရပ်စဲရန် ၊ ဖမ်းဆီးထိန်းသိမ်းထားသူများအား အကြောင်းပြချက်မရှိ ချက်ချင်းပြန်လွှတ်ရန်၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပိုမိုများပြားစွာ ပံ့ပိုးနိုင်ရန်အတွက် အကောင်အထည်ဖော်ကြရန် ဂူတာရက်စ်က အစဉ် တိုက်တွန်းပြောကြားခဲ့သည်။ သို့သော် ယင်းကိစ္စရပ်များမှာ ယနေ့တိုင် အကောင်အထည်မဖော်နိုင်သေးပေ။ ယခုဆွေးနွေးမှု ထပ်မံစတင်တော့မည် ဖြစ်ရာ ၎င်းက အစ္စရေးအစိုးရနှင့် ဟားမက်စ် ခေါင်းဆောင်များ သက်ဆိုင်ရာ သဘောတူညီချက်ရရှိနိုင်ရန် တွန်းတွန်းတိုက်တိုက် အားပေးလျက်ရှိသည်။
အကယ်၍ သဘောတူညီချက် မရှိခဲ့ပါက ဂါဇာပဋိပက္ခ အရှိန်အဟုန် ဆိုးရွားလာမည် ဖြစ်သည်ဟု ဂူတာရက်စ်က သတိပေးပြောကြားခဲ့သည်။ (Xinhua)

……………………….

联合国秘书长敦促以色列和哈马斯达成停火协议
新华社联合国4月30日电(记者尚绪谦)联合国秘书长古特雷斯4月30日举行记者见面会,敦促以色列和巴勒斯坦伊斯兰抵抗运动(哈马斯)就人道主义停火等达成协议。
古特雷斯说,他一直呼吁在加沙地带实现人道主义停火、立即无条件释放被扣押人员、大规模增加人道援助。但遗憾的是,这些至今没有实现。现在谈判再次开始,他强烈鼓励以色列政府和哈马斯领导层达成相关协议。古特雷斯警告说,如果达不成协议,加沙冲突将加速恶化。
1. 4月30日,在位于纽约的联合国总部,联合国秘书长古特雷斯举行记者见面会,敦促以色列和巴勒斯坦伊斯兰抵抗运动(哈马斯)就人道主义停火等达成协议。 新华社记者 谢锷 摄