Connect with us

Asia

ဂျပန်ပြည်သူ ၉၀ ရာခိုင်နှုန်းနီးပါးက ခီရှိဒါ ကို ၀န်ကြီးချုပ်အဖြစ် ပြန်လည်အရွေးခံရန် မလိုလားကြကြောင်း စစ်တမ်းများက ဖော်ပြ

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဝန်ကြီးချုပ်အိမ်တော်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည့် ဂျပန်ဝန်ကြီးချုပ် ဖူမီအို ခီရှီဒါကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၇ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံရှိ ပြည်သူ့သဘောထား နောက်ဆုံးစစ်တမ်းတစ်ခုအရ ဂျပန်ပြည်သူ ၉၀ ရာခိုင်နှုန်းနီးပါးသည် ၀န်ကြီးချုပ် ဖူမီအို ခီရှီဒါအား ပြန်လည်အရွေးခံရန် မလိုလားကြကြောင်းနှင့် ၃၀ ရာခိုင်နှုန်းနီးပါးသည် ရာထူးမှ ချက်ချင်းနုတ်ထွက်ပေးရန် မျှော်လင့်ကြကြောင်း သိရသည်။

Japan News Network က မေ ၄ မှ ၅ ရက်အထိ နိုင်ငံတစ်ဝန်းရှိ လူပေါင်း ၂,၁၄၃ ဦးကို တယ်လီဖုန်းဖြင့် စစ်တမ်းကောက်ယူခဲ့ကာ အဖြေ ၁,၀၁၃ ခုကို လက်ခံရရှိခဲ့ကြောင်း၊ စစ်တမ်းရလဒ်ကို မေ ၆ ရက်က ထုတ်ပြန်ခဲ့ကြောင်း၊ ဖူမီအို ခီရှီဒါကို ဂျပန်နိုင်ငံ၏ ၀န်ကြီးချုပ်အဖြစ် မည်မျှကြာကြာ ထမ်းဆောင်နိုင်ရန် မျှော်လင့်သနည်းဟု မေးမြန်းရာတွင် ဖြေဆိုသူ ၈၇ ရာခိုင်နှုန်းက ၎င်းအား ပြန်လည်ရွေးချယ်မခံရစေလိုကြောင်း ပြောကြားခဲ့ကြပြီး ၆၀ ရာခိုင်နှုန်းကမူ ၎င်း၏ ယခုအကြိမ် လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌသက်တမ်း ပြီးဆုံးပါက ရာထူးမှ ဆင်းပေးရန် မျှော်လင့်သည်ဟု ပြောကြားခဲ့ကြောင်း၊ တခြား ၂၇ ရာခိုင်နှုန်းက ၎င်းကို ရာထူးမှ ချက်ချင်းနုတ်ထွက်ရန် မျှော်လင့်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

………………………..
(Chinese Version)
民调显示近九成日本民众不希望岸田连任首相
新华社北京5月7日电 日本一项最新民意调查结果显示,近九成日本民众不希望首相岸田文雄连任,近三成表示希望他“立即下台”。
日本新闻网4日至5日在全国范围对2143人实施电话调查,收到1013份有效回答,调查结果6日公布。当被问及希望岸田文雄担任日本首相到什么时候时,87%的受访者说不希望他连任,其中60%的受访者说希望他干满这届自民党总裁任期后下台,另外27%希望他立即下台。
图说:2023年12月13日,日本首相岸田文雄在日本东京首相官邸召开记者会。新华社发(Pool图片,弗兰克·罗比雄摄)