Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အပူလှိုင်းကျရောက်မှုကြောင့် လူ ၁၅ ဦးထက်မနည်း သေဆုံး

-ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ အပူလှိုင်းကျရောက်မှုအတွင်း ထရပ်ကားပေါ်မှ ရေခဲတုံးကို အောက်သို့ချနေသူအား ၂၀၂၄ ခုနှစ် ဧပြီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ မေ ၇ ရက် (ဆင်ဟွာ)

လွန်ခဲ့သည့် သီတင်းနှစ်ပတ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒေသအများအပြား၌ အပူလှိုင်းကျရောက်မှုကြောင့် လး ၁၅ ဦးထက်မနည်း သေဆုံးမှုဖြစ်ပွားကြောင်း အစိုးရက မေ ၆ ရက်တွင် အတည်ပြုပြောသည်။
၎င်းတို့ထဲမှ သုံးဦးမှာ မေ ၆ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီအထိ ၂၄ နာရီအတွင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ဆောင်မှုများ ညွှန်ကြားမှုဌာန (ဒီဂျီအိတ်ချ်အက်စ်) အောက်ရှိ ကျန်းမာရေးဆိုင်ရာ အရေးပေါ်ခွဲစိတ်ခန်းစင်တာက ပြောသည်။
သေဆုံးသူအများစုမှာ နိုင်ငံအနောက်တောင်ပိုင်းဒေသ မာဂူရာခရိုင်မှဖြစ်ကြောင်း၊ အဆိုပါ ဒေသမှာ လွန်ခဲ့သည့် သီတင်းပတ်တွင် အပူချိန် ၄၃ ဒသမ ၈ ဒီဂရီ ဆဲလ်စီးယပ်အထိ မြင့်တက်ခဲ့ကြောင်း တာဝန်ရှိသူများကပြောသည်။
ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရသည် လွန်ခဲ့သည့် သီတင်းပတ်တွင် နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းများ၊ ကောလိပ်များနှင့် နည်းပညာဆိုင်ရာ ပညာရေး အဖွဲ့အစည်းများကို ပိတ်ထားခဲ့သည်။
ပုံမှန်မဟုတ်သော မိုးရွာသွန်းမှုများနှင့် အပူချိန်မြင့်မားမှုများကြောင့် လာမည့်နှစ်များအတွင်း အပူလှိုင်းကျရောက်မှု ပိုမိုပြင်းထန်လာဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ပြောသည်။ (Xinhua)

…………………………
(English Version)
15 people dead due to heat-aggravated conditions in Bangladesh
DHAKA, May 6 (Xinhua) — At least 15 people have died from heat-aggravated conditions during a blistering heatwave in parts of Bangladesh over the past two weeks, the government confirmed Monday.
Three of them died in the 24 hours till 11:00 a.m. local time Monday, said the Health Emergency Operation Center and Control Room under the Directorate General of Health Services (DGHS).
Officials said most of the deaths were reported in Magura district in the country’s southwestern region, where the mercury rose to a record 43.8 degrees Celsius last week.
Most parts of Bangladesh are currently grappling with one of the most severe heatwaves in recent years.
To cope with the unbearable heat, the government kept schools, colleges, madrasas and technical education institutions across the South Asian country closed last week.
Experts said heatwaves would likely escalate in the coming years due to erratic rainfall and high temperatures, posing a threat to Bangladesh, one of the world’s biggest victims of global warming. ■

Workers unload an ice block from a truck amid the ongoing heat wave in Dhaka, Bangladesh, April 23, 2024. (Xinhua)