Connect with us

Europe

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဟန်ဂေရီနိုင်ငံသို့ ရောက်ရှိ၊ ဝန်ကြီးချုပ် Orban နှင့် ဇနီးတို့က လှိုက်လှိုက်လှဲလှဲ ကြိုဆို

ဟန်ဂေရီ၊ မေ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အထူးလေယာဉ်ဖြင့် မြို့တော် ဘူဒါပတ်စ်မြို့သို့ ဒေသစံတော်ချိန် မေ ၈ ရက် ညပိုင်းက ရောက်ရှိခဲ့ရာ ဟန်ဂေရီနိုင်ငံ သမ္မတ Tamás Sulyok နှင့် ဝန်ကြီးချုပ် Orban တို့၏ ဖိတ်ကြားချက်အရ ဟန်ဂေရီနိုင်ငံသို့ နိုင်ငံတော် အလည်အပတ်ခရီးစဉ် လာရောက်ခြင်းဖြစ်သည်။သမ္မတ ရှီကျင့်ဖိန်၏ အထူးလေယာဉ် ဘူဒါပတ်စ် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာချိန်တွင် ဟန်ဂေရီဝန်ကြီးချုပ် Orban နှင့် ဇနီး၊ နိုင်ငံခြားရေးဝန်ကြီး Sijaldo စသည့် အစိုးရအဆင့်မြင့်အရာရှိကြီးများက နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။

နှစ်နိုင်ငံခေါင်းဆောင်များနှင့် ဇနီးများသည် ရင်းရင်းနှီးနှီး လက်ဆွဲနှုတ်ဆက်ကြပြီး ဝန်ကြီးချုပ် Orban မှ ပါမောက္ခ ဖုန်လိယွမ်အား ပန်းစည်းများ ပေးအပ်ခဲ့သည်။ ဂုဏ်ပြုတပ်ဖွဲ့ဝင်များက ကော်ဇောနီ တစ်ဖက်တစ်ချက်စီတွင် တန်းစီပြီး ဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။

ဟန်ဂေရီတိုင်းရင်းသားဝတ်စုံဝတ်ဆင်ထားသည့် ဟန်ဂေရီကလေးနှစ်ဦးသည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီးတို့အား ပေါင်မုန့်နှင့်ဆားများ ပေးအပ်ခဲ့ပြီး ရိုးရာဓလေ့ထုံးတမ်းဖြင့် ဂုဏ်သရေအရှိဆုံးဧည့်သည်များကို ကြိုဆိုခဲ့ကြောင်း၊ ဟန်ဂေရီ-တရုတ် နှစ်ဘာသာစကားသင်ကျောင်းမှ ကျောင်းသား၊ကျောင်းသူများက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီးအား ပန်းများ ပေးအပ်ကြပြီး “ဟန်ဂေရီမှ ကြိုဆိုပါတယ်”ဟု တရုတ်ဘာသာဖြင့် ပြောကြားခဲ့ကြောင်း၊ ကလေးများနှင့် လူငယ်များသည် ပျော်ရွှင်ဖွယ်ကောင်းသော တိုင်းရင်းသားရိုးရာ Czardas အကဖြင့် ရှီကျင့်ဖိန် ရောက်ရှိလာမှုကို အနွေးထွေးဆုံး ကြိုဆိုခဲ့ကြကြောင်း သိရသည်။

သမ္မတရှီကျင့်ဖိန်လိုက်ပါသော ယာဉ် လေဆိပ်မှ ဟိုတယ်သို့ သွားရာလမ်း၌လည်း ရာနှင့်ချီသော ပြည်ပရောက်တရုတ်နွယ်ဖွားများ၊ တရုတ်ပညာတော်သင် ကျောင်းသားကျောင်းသူများက လမ်းတစ်ဖက်စီတွင် စုရုံးပြီး တရုတ်နှင့် ဟန်ဂေရီ နိုင်ငံတော်အလံများကို ဝှေ့ယမ်းခြင်း၊ စာတန်းများကိုင်ဆောင်ခြင်းဖြင့် သမ္မတ ရှီကျင့်ဖိန်၏ ခရီးစဉ်ကို လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြကြောင်း သိရသည်။ (Xinhua)
#Hungary #Orbán #XiJInPing #ဟန်ဂေရီ-တရုတ် #China #ရှီကျင့်ဖိန် #နိုင်ငံတော်အလည်အပတ်ခရီးစဉ်

—————————-
习近平主席抵达匈牙利 欧尔班总理夫妇热情迎接
当地时间5月8日晚,国家主席习近平乘专机抵达布达佩斯,应匈牙利总统舒尤克和总理欧尔班邀请,对匈牙利进行国事访问。习近平乘坐的专机抵达布达佩斯国际机场时,匈牙利总理欧尔班夫妇、外长西雅尔多等政府高级官员热情迎接。两国领导人夫妇亲切握手致意,欧尔班总理向彭丽媛教授献花。礼兵在红毯两侧列队致敬。
两名身着民族服装的匈牙利儿童向习近平主席夫妇献上面包和盐,用传统礼节欢迎最尊贵的客人。匈中双语学校的学生向习近平夫妇献花,并用中文说:“欢迎您来到匈牙利”。少年儿童跳起欢快的民族传统舞蹈查尔达什舞曲,向习近平表达最热烈的欢迎。
习近平乘车从机场赴下榻饭店途中,数百名当地华人华侨和中国留学生聚集在道路两旁,挥舞中匈两国国旗,举着横幅,热烈欢迎习近平主席到访。