Connect with us

China

နယူးဇီလန်၊ သြစတြေးလျနှင့် ပိုလန်နိုင်ငံတို့အတွက် ဗီဇာကင်းလွတ်ခွင့်မူဝါဒကို တရုတ်က စမ်းသပ်ဆောင်ရွက်

ပေကျင်း၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် ပြည်ပနိုင်ငံ ပြည်သူများအကြား သွားလာဆက်ဆံရေး ပိုမိုတိုးတက်စေရန်အတွက် တရုတ်နိုင်ငံက ဗီဇာကင်းလွတ်ခွင့်ပေးသောနိုင်ငံများ တိုးချဲ့ရန်နှင့် နယူးဇီလန်၊ သြစတြေးလျနှင့် ပိုလန်နိုင်ငံတို့မှ သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအတွက် ဗီဇာကင်းလွတ်ရေးမူဝါဒကို စမ်းသပ်အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဇွန် ၂၅ ရက်တွင် သိရှိရသည်။
အဆိုပါနေ့၌ ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင် က သက်ဆိုင်ရာ အခြေအနေများအား မေးမြန်းမှုကို ဖြေကြားရာတွင် ၂၀၂၄ ခုနှစ် ဇူလိုင် ၁ ရက်မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အတွင်း အထက်ဖော်ပြပါ နိုင်ငံများမှ သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများသည် စီးပွားရေး၊ အလည်အပတ် ခရီးသွား၊ ဆွေမျိုး သူငယ်ချင်းတို့ထံ အလည်အပတ်လာရန် နှင့် ကြာချိန် ၁၅ ရက်ထက်မပိုသော ပြည်ဝင်မှုအတွက် တရုတ်နိုင်ငံသို့ လာရောက်ပါက ဗီဇာမပါဘဲ ဝင်ရောက်နိုင်ကြောင်း၊ အထက်ဖော်ပြပါနိုင်ငံများ၏ ဗီဇာကင်းလွတ်ခွင့် သတ်မှတ်ချက်များနှင့် မကိုက်ညီသောသူများသည် တရုတ်နိုင်ငံသို့ မဝင်ရောက်မီ ဗီဇာလျှောက်ထားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံသားများအား ပိုမိုလွယ်ကူချောမွေ့သော ဗီဇာ အထောက်အပံ့များ ပေးအပ်ရန် သက်ဆိုင်ရာနိုင်ငံများအား မိမိတို့ တိုက်တွန်းပါကြောင်း မော်နင်က ထပ်မံပြောကြားခဲ့သည်။ (Xinhua)
……………………………………
(Chinese Version)
中国对新西兰、澳大利亚、波兰试行免签政策
新华社北京6月25日电(记者温馨、曹嘉玥)记者25日从外交部获悉,为进一步促进中外人员往来,中方决定扩大免签国家范围,对新西兰、澳大利亚、波兰3个国家持普通护照人员试行免签政策。
外交部发言人毛宁在当日例行记者会上应询介绍有关情况时说,2024年7月1日至2025年12月31日期间,上述国家持普通护照人员来华经商、旅游观光、探亲访友和过境不超过15天,可免签入境。上述国家不符合免签条件人员仍需在入境前办妥来华签证。
“同时,我们促请有关国家给予中方人员更多签证便利。”毛宁说。(完)