Connect with us

Asia

လာအိုနိုင်ငံက တရုတ်ခရီးသွားအဖွဲ့ ခရီးသွားဧည့်သည်များအား ယာယီဗီဇာ ကင်းလွတ်ခွင့်ပေး

လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းရှိ သောင်လွမ် စေတီပုထိုးသို့ လာရောက်လည်ပတ်သော တရုတ်ခရီးသွားများအား မေ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ ဇွန် ၂ ရက် (ဆင်ဟွာ)
၂၀၂၄ ခုနှစ် ဇူလိုင် ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ လာအိုနိုင်ငံသို့ ဖြတ်သန်းသွားလာမည့် ခရီးသွားကုမ္ပဏီအဖွဲ့အစည်းများ၊ သာမန် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သည့် တရုတ်ပြည်မကြီးနှင့် တရုတ်နိုင်ငံ ဟောင်ကောင်၊ မကာအို ၊ ထိုင်ဝမ် ခရီးသွားအဖွဲ့များအတွက် ၁၅ ရက်ကြာ ဗီဇာကင်းလွတ်ခွင့်ပေးမည့်မူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လာအိုနိုင်ငံ ပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ပြီးခဲ့သည့်ရက်အနည်းငယ်က ထုတ်ပြန်သည့် မူဝါဒများအရ သိရသည်။

ခရီးသွားအဖွဲ့၏ ခရီးစဉ်များကို လာအိုနိုင်ငံ ပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်ပြီး လိုင်စင်ရရှိထားသည့် လာအိုခရီးသွားကုမ္ပဏီများမှ စီစဉ်ရန် လိုအပ်ကြောင်း လာအိုနိုင်ငံဘက်က တောင်းဆိုထားသည်။

လာအိုနိုင်ငံအစိုးရသည် ၂၀၂၄ ခုနှစ်ကို “လာအို ခရီးသွားနှစ်” အဖြစ် သတ်မှတ်ထားရာ ပြည်တွင်းပြည်ပ ခရီးသွား ၆.၂ သန်းကျော် ဆွဲဆောင်ရန် စီစဉ်ထားပြီး ဗီဇာမူဝါဒများ ပိုမိုကောင်းမွန်အောင်၊ ခရီးသွား အဆောက်အဦနှင့် ဝန်ဆောင်မှုများကို ကောင်းမွန်အောင် ပြုပြင်ခြင်း စသည်တို့ကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်။ (Xinhua)


…………………………
(Chinese Version)
老挝对中国旅游团游客临时免签
新华社万象7月1日电(记者马淮钊 赵旭)据老挝新闻文化旅游部日前发布的政策,从2024年7月1日起至2024年12月31日,老挝对通过该国旅游公司组织、持普通护照的中国内地及港澳台旅游团游客实施15天免签政策。
老挝方面要求,旅游团行程需由在老挝新闻文化旅游部注册并获得许可的老挝旅游公司组织。
老挝政府将2024年定为“老挝旅游年”,计划吸引超620万国内外游客,正积极实施优化签证政策、改善旅游设施和服务等措施。
1. 5月1日,中国游客游览老挝首都万象景点塔銮。