Connect with us

Asia

ဒီရေတောများ ပြန်လည်ကောင်းမွန်လာရန် တရုတ်နှင့် အင်ဒိုနီးရှား နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများက ပူးပေါင်းဆောင်ရွက်လျက်ရှိ

အင်ဒိုနီးရှားနိုင်ငံ၊ ဘန်တန်း ပြည်နယ် စီရိမ်ခရိုင် Java 7 စီမံကိန်းအနီး ပင်လယ်ရေပြင်တွင် ဒီရေတောများကို ၂၀၂၄ ခုနှစ် ဇူလိုင် ၁၅ ရက်က တွေ့ရစဉ် (အပေါ်ပုံ)၊ အင်ဒိုနီးရှားနိုင်ငံ၊ ဘန်တန်း ပြည်နယ် စီရိမ်ခရိုင် Java 7 စီမံကိန်းအနီး ပင်လယ်ရေပြင်တွင် ဒီရေတောများကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၈ ရက်က တွေ့ရစဉ် (အောက်ပုံ) (ဓာတ်ပုံ- China Energy Investment Group အင်ဒိုနီးရှားဂျာဗားလျှပ်စစ်ကုမ္ပဏီ)

အင်ဒိုနီးရှား၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

ဇူလိုင် ၂၆ ရက်သည် ကမ္ဘာ့ဒီရေတောနေ့ဖြစ်သည်။ အင်ဒိုနီးရှား ကမ်းရိုးတန်းတွင် ဒီရေတော အများအပြားဖြင့် ဖုံးလွှမ်းထားသည်။ ဒီရေတောများသည် ပင်လယ်ရေကို သန့်စင်ပေးခြင်း၊ လေနှင့်လှိုင်းများကို တားဆီးပေးခြင်း၊ ကာဗွန်ကို သိုလှောင်သိမ်းဆည်းခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းကာကွယ်ပေးခြင်းစသည့် အရေးကြီးသော အခန်းကဏ္ဍတွင် လုပ်ဆောင်လျက်ရှိသည်။
အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားကျွန်းတွင် တရုတ်နိုင်ငံ စွမ်းအင်ကုမ္ပဏီအုပ်စုနှင့် အင်ဒိုနီးရှားစွမ်းအင်ကုမ္ပဏီတို့ ပူးပေါင်း၍ Java 7 စီမံကိန်းကို ဖော်ဆောင်ခဲ့သည်။ စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းစဉ်အတွင်း China Energy Investment Group အင်ဒိုနီးရှားဂျာဗားလျှပ်စစ်ကုမ္ပဏီသည် ဒီရေတောများ၊ တောရိုင်းတိရစ္ဆာန်များနှင့် အပင်များအတွက် သဘာဝဂေဟစနစ်ကာကွယ်စောင့်ရှောက်ရေးစီမံကိန်းများကို တက်ကြွစွာ ရေးဆွဲဆောင်ရွက်ခဲ့ပြီး ဒီရေတောများ ပြန်လည်ကောင်းမွန်လာရေးလုပ်ငန်းများကို အားကြိုးမာန်တက် မြှင့်တင်ခဲ့ပါသည်။ (Xinhua)


………………………………………………..
(Chinese Version)
中国印尼两国企业合作修复红树林
西冷(印度尼西亚),2024年7月26日
7月26日是世界红树林日。印尼海岸线遍布着大面积红树林。红树林在净化海水、防风消浪、固碳储碳、维护生物多样性等方面发挥着重要作用。
在印尼爪哇岛西部,中国国家能源集团与印尼国家电力公司共同打造爪哇7号项目。在项目建设过程中,国能印尼爪哇发电公司积极策划并实施红树林及野生动植物自然生态保护工程,大力推进红树林的补植修复工作。
拼版照片:上图为2024年7月15日在印度尼西亚万丹省西冷爪哇7号项目附近海域拍摄的红树林(无人机照片,新华社记者徐钦摄);下图为2019年1月28日在印度尼西亚万丹省西冷爪哇7号项目附近海域拍摄的红树林(无人机照片,国能印尼爪哇发电公司供图)。新华社发