Connect with us

China

ရဟတ်ယာဉ် အခေါက်ရေ ၁၀၀ ကျော် စေလွှတ်ခဲ့ပြီး၊ ဟူနန်ပြည်နယ် ကျစ်ရှင်းမြို့အတွက် လေကြောင်းဖြင့် ပို့ဆောင်ရေးများ ကြပ်ကြပ်မတ်မတ်လုပ်ဆောင်လျက်ရှိ

တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ကျစ်ရှင်းမြို့ရှိ အမှတ် ၁ အထက်တန်းကျောင်းတွင် ရေဘေးဒဏ်သင့်မြို့နယ်များသို့ ပို့ဆောင်ရန် ပြင်ဆင်ထားသော နေ့စဉ်သုံးပစ္စည်းများကို ရဟတ်ယာဉ်ပေါ်သို့ ရွှေ့ပြောင်းနေသော စေတနာ့ဝန်ထမ်းနှင့် ဝန်ထမ်းများအား ဇူလိုင် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟူနန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟူနန်ပြည်နယ်နှင့် မြို့အဆင့် အသီးသီးက အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းများ လျင်မြန်စွာ စုဆောင်းခဲ့ပြီး ကျစ်ရှင်းမြို့ ရေဘေးဒဏ်သင့်နေရာများသို့ ရဟတ်ယာဉ်များဖြင့် စဉ်ဆက်မပြတ် ပို့ဆောင်ခဲ့ကြောင်း ဇူလိုင် ၃၀ ရက်က ဟူနန်ပြည်နယ် ကျစ်ရှင်းမြို့ ရေကြီးမှု ထိန်းချုပ်ရေးနှင့် မိုးခေါင်ရေရှားမှု လျော့ပါးရေး ညွှန်ကြားရေးဌာနချုပ်၏ သတင်းများအရ သိရသည်။
ဇူလိုင် ၃၀ ရက် နံနက် ၈ နာရီအထိ ရဟတ်ယာဉ် ၁၀၁ ခေါက် စေလွှတ်ခဲ့ပြီး ပိတ်မိနေသူ ၄၅ ဦးကို ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကာ ကယ်ဆယ်ရေးသမား ၄၈ ဦး၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်း ၈ ဦးနှင့် ဓာတ်အား ပြုပြင်ရေး ဝန်ထမ်း ၂၂ ဦးတို့ကို ပို့ဆောင်ပေးခဲ့ကြောင်း၊ မြို့နယ် ၄ ခု နှင့် ကျေးရွာ ၂၈ ခုသို့ နေ့စဉ်သုံးပစ္စည်း ၂၀. ၉ တန်ကို ပို့ဆောင်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် လေကြောင်းပို့ဆောင်ရေး လုပ်ငန်းများ ကြပ်ကြပ်မတ်မတ်လုပ်ဆောင်လျက် ရှိသည်။
ယခင်က တိုင်ဖွန်းမုန်တိုင်း ဂေမီ၏ သက်ရောက်မှုကြောင့် ဟူနန်ပြည်နယ် ကျစ်ရှင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မြို့နယ်အများအပြားတွင် ဆက်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အားများ ပြတ်တောက်ခဲ့သည်။ (Xinhua)
……………………………………..
(Chinese Version)
直升机已出动超100架次 湖南资兴空中投运紧张进行中
记者7月30日从湖南省资兴市防汛抗旱指挥部获悉,湖南省市各级迅速调集应急救援物资,通过直升机源源不断投送资兴市受灾地区。截至30日上午8时,已出动直升机101架次,转移被困人员45名,投送救援人员48人次、医疗人员8人、电力抢修人员22人次,向4个乡镇28个村投放生活类物资20.9吨。目前,空中投运仍在紧张进行。
此前,受台风“格美”影响,湖南省资兴市遭遇强降雨,多个乡镇通信、交通、电力中断。
图说:7月29日,在资兴市第一中学,志愿者和工作人员将准备投放至受灾乡镇的生活物资搬运上直升机。新华社记者陈振海 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.