Connect with us

China

အရှေ့အလယ်ပိုင်းဒေသအခြေအနေ ပို၍ ဆိုးရွားလာရာတွင် အခြေအနေဖြေလျှော့ရေး နိုင်ငံတကာ အသိုက်အဝန်းက ပို၍ ကြိုးပမ်းသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်အား ၂၀၂၄ ခုနှစ် ဩဂုတ် ၁ ရက် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ - တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း၊ ဩဂုတ် ၂ ရက် (ဆင်ဟွာ)
အရှေ့အလယ်ပိုင်းဒေသ အခြေအနေ ပို၍ ဆိုးရွားလာရာတွင် အခြေအနေဖြေလျှော့ရေး နိုင်ငံတကာ အသိုက်အဝန်းက ပို၍ ကြိုးပမ်းသင့်ရာ ပဋိပက္ခအရှိန်လျှော့ချရေး တွန်းအားပေးရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာဘက်ပေါင်းစုံနှင့်အတူ ဒေသတွင်း ရေရှည်တည်ငြိမ်အေးချမ်းရေးအတွက် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က ဩဂုတ် ၁ ရက်တွင် ပြောကြားခဲ့သည်။

ယင်းနေ့ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ဟားမက်စ်ခေါင်းဆောင် Ismail Haniyeh လုပ်ကြံခံရမှုက တရုတ်နိုင်ငံ၏ အရှေ့အလယ်ပိုင်းဒေသငြိမ်းချမ်းရေးကြိုးပမ်းချက်အပေါ် မည်သို့သက်ရောက်မှု ရှိနိုင်ပါသနည်း။ မကြာသေးမီ တရုတ်ကြားဝင်ညှိနှိုင်းပေးပြီး လက်မှတ်ရေးထိုးထားသည့်《ပေကျင်းကြေညာချက်》အပေါ် သက်ရောက်မှု ရှိနိုင်ပါသလား၊ ဒါ့အပြင် အရှေ့အလယ်ပိုင်းအခြေအနေက နေ့စဉ်နှင့်အမျှ ရှုပ်ထွေးနေကြောင်း၊ ယင်းက ထိုဒေသတွေမှာ တရုတ်နိုင်ငံ၏ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေး ကြိုးပမ်းချက်များကို ကွဲပြားပြီး အားနည်းသွားစေနိုင်မလားဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာဖြစ်ရပ်၏ ရပ်တည်ချက်ကို ဖော်ပြပြီး ဖြစ်ကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။ မိမိတို့အနေဖြင့် လုပ်ကြံသတ်ဖြတ်မှုကို ဆန့်ကျင်ပြီး ပြစ်တင်ရှုတ်ချကြောင်း၊ ဤကိစ္စကြောင့် ဒေသတွင်းအခြေအနေ လှုပ်ခတ်လာမှုအပေါ် လွန်စွာ စိုးရိမ်ပူပန်ကြောင်း၊ ဂါဇာ ဘက်စုံထာဝရ အပစ်ရပ်ရေးကို အမြန်ဆုံး အကောင်အထည်ဖော်သင့်ကြောင်း၊ ပဋိပက္ခထိပ်တိုက်ရင်ဆိုင်၍ အရှိန်အဟုန် မြင့်မားလာမှုကို ရှောင်ကြဉ်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ပါလက်စတိုင်း ပြည်တွင်းရင်ကြားစေ့ရေးကို အစဉ်အမြဲထောက်ခံသလို ပါလက်စတိုင်းပြည်တွင်းရင်ကြားစေ့ရေးသည် ပါလက်စတိုင်းပြဿနာဖြေရှင်းရေး၊ အရှေ့အလယ်ပိုင်း တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်ရေး၏ အရေးကြီးခြေလှမ်းတစ်ရပ် ဖြစ်သည်ဟု ယူဆကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။ ပါလက်စတိုင်း ဂိုဏ်းဂနအဖွဲ့အသီးသီး၏ 《ပေကျင်းကြေညာချက်》သဘောတူညီချက်ရရှိအောင် ကြိုးပမ်းမှုအပေါ် တရုတ်နိုင်ငံက တန်ဖိုးထားချီးကျူးကြောင်း၊ ပါလက်စတိုင်းအဖွဲ့အသီးသီး၏ ပြည်တွင်းရင်ကြားစေ့မှုအခြေခံပေါ်တွင်မူတည်၍ လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးကို ဆောလျဉ်စွာ အကောင်အထည်ဖော်နိုင်ရန် စေတနာအရင်းခံမျှော်လင့်ကြောင်း၊ ထို့အတွက် သက်ဆိုင်ရာဘက်ပေါင်းစုံနှင့်အတူ ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

……………………….
(Chinese Version)

外交部:中东地区局势越是严峻,国际社会越应努力缓和局势
新华社北京8月1日电(记者董雪)外交部发言人林剑1日表示,中东地区局势越是严峻,国际社会越应努力缓和局势,推动冲突降级,中方愿同有关各方一道,为促进地区长治久安作出不懈努力。
当日例行记者会上,有记者问:哈马斯领导人哈尼亚遭到暗杀将对中国在中东的和平努力产生怎样的影响,是否会影响不久前中国斡旋签署的《北京宣言》?此外,中东局势日趋复杂,这是否会分散或削弱中国在该地区实现安全、稳定与和平的努力?
林剑表示,中方已表明对有关事件的立场。我们坚决反对并谴责暗杀行为,对这一事件可能导致地区局势进一步动荡深感忧虑。加沙应尽快实现全面永久停火,避免冲突对抗进一步升级。
林剑说,中方一贯支持巴勒斯坦内部和解,认为实现巴内部和解是推动解决巴勒斯坦问题、实现中东和平稳定的重要一步。中方对巴各派为达成《北京宣言》付出的努力表示赞赏,真诚期待巴各派在内部和解基础上早日实现巴独立建国,将同有关各方一道,继续为此付出不懈努力。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.