Connect with us

China

ဘတ်စကက်ဘော (NBA) အကျော်အမော်များ ဘတ်စကက်ဘောယဉ်ကျေးမှုဖလှယ်ရေး မြှင့်တင်ရန် တရုတ်နိုင်ငံ ချိန်တူးမြို့သို့ လာရောက်

တရုတ်နိုင်ငံ ချိန်တူးမြို့တွင် ဘတ်စကက်ဘော (NBA) အကျော်အမော် Julius Randle (ယာ) ၊ Terance Mann (ဝဲ) နှင့် စီချွမ်းအော်ပရာ ဇာတ်မင်းသားတို့ ဩဂုတ် ၁ ရက်က စုပေါင်းဓာတ်ပုံရိုက်နေစဉ် (ဆင်ဟွာ)

ချိန်တူး၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)

ဘတ်စကက်ဘော (NBA) အကျော်အမော် Julius Randle နှင့် Terance Mann တို့သည် ဇူလိုင် ၃၁ ရက်မှ သြဂုတ် ၁ ရက်အထိ တရုတ်နိုင်ငံ ချိန်တူးမြို့သို့ လာရောက်ပြီး ဒေသခံ လူငယ်ဘတ်စကက်ဘောကစားသမားများ၊ ပရိသတ်များနှင့် အပြန်အလှန်ဖလှယ်မှုများပြုလုပ်ခြင်း၊ စီချွမ်းအော်ပရာဇာတ်အနုပညာကို ကြည့်ရှုခြင်း၊ လက်ဖက်ရည်ကြမ်းအနုပညာဖျော်ဖြေပွဲများကို ကိုယ်တွေ့ခံစားခြင်း၊ ဒေသယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို ခံစားခြင်းဖြင့် ဘတ်စကက်ဘော ယဉ်ကျေးမှုဖလှယ်ရေးကို မြှင့်တင်ခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)
NBA球星来蓉助力篮球文化交流
成都,2024年8月2日
7月31日至8月1日,NBA球星朱利叶斯·兰德尔和特伦斯·曼恩来到四川成都,与当地小球员和球迷交流互动,观看体验川剧艺术,体验茶艺表演,感受当地文化与风俗,促进篮球文化交流。
图说:8月1日,NBA球星朱利叶斯·兰德尔(右)、特伦斯·曼恩(左)和川剧演员合影。新华社发(张可凡摄)