Connect with us

China

ဆင်ဟွာသတင်းဌာနက ဂျပန်နိုင်ငံ ကျိုဒိုသတင်းဌာနနှင့် နက်ရှိုင်းစွာ ပူးပေါင်းဖလှယ်သွားမည်

ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာက ကျိုဒိုသတင်းဌာန ဥက္ကဋ္ဌ Toru Mizutani နှင့် ဖေဖော်ဝါရီ ၁၇ ရက်က ဂျပန်နိုင်ငံ တိုကျိုမြို့တွင် တွေ့ဆုံစဉ်(ဆင်ဟွာ)

တိုကျို၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာသည် ကျိုဒိုသတင်းဌာန ဥက္ကဋ္ဌ Toru Mizutani နှင့် ဖေဖော်ဝါရီ ၁၇ ရက်က ဂျပန်နိုင်ငံ တိုကျိုမြို့တွင် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ဖုဟွာက နှစ်နိုင်ငံ၏ အဓိကသတင်းမီဒီယာဌာနများအနေဖြင့် ဆင်ဟွာနှင့် ကျိုဒို သတင်းဌာနများမှာ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှု၏ မျက်မြင်သက်သေပြုသူနှင့် ပါဝင်ဆောင်ရွက်သူများ ဖြစ်ကြကြောင်း ထောက်ပြပြောကြားခဲ့သည်။ ဆင်ဟွာသတင်းဌာနက ကျိုဒိုသတင်းဌာနနှင့်အတူ ပူးပေါင်းဖလှယ်မှုများ နက်ရှိုင်းစွာ ဆောင်ရွက်သွားလိုကြောင်း၊ တည်ရှိဆဲပူးပေါင်းဆောင်ရွက်မှု ရလဒ်များကို ခိုင်မာစေရန်၊ New Media နှင့် နည်းပညာသစ် အသုံးချမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန်၊ ကမ္ဘာ့မီဒီယာထိပ်သီးဆွေးနွေးပွဲမူဘောင်အောက်တွင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ တက်ကြွစွာ ဆောင်ရွက်သွားရန် ဆန္ဒရှိပါကြောင်း၊ တရုတ်-ဂျပန် ပြည်သူများ စိတ်နှလုံးချင်းဆက်နွှယ်မှုကို မြှင့်တင်ရေး၊ အပြန်အလှန် ယုံကြည်မှုများ တိုးပွားရေး အတူတကွ ကြိုးပမ်းကာ နှစ်နိုင်ငံ ဆက်ဆံရေး တည်ငြိမ်စွာ ရေရှည်လျှောက်လှမ်းရေးကို ပံ့ပိုးသွားလိုကြောင်း ၎င်း ပြောကြားခဲ့သည်။

Toru Mizutani က ကျိုဒိုနှင့် ဆင်ဟွာသတင်းဌာနမှာ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး အစဉ်အလာရှိကြကြောင်း၊ ပူးပေါင်းဆောင်ရွက်အခြေခံအား အနာဂတ်တွင် တစ်ဆင့်တိုး ခိုင်မာအောင် ဆောင်ရွက်သွားလိုကြောင်း၊ ကူးလူးဖလှယ်ရေးများ ဆက်လက်အားဖြည့်ဆောင်ရွက်ကာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍများ တိုးချဲ့ပြီး နှစ်ဘက်ပူးပေါင်းဆောင်ရွက်မှု ပိုမိုကြွယ်ဝသော အောင်မြင်မှုရလဒ်များ ရရှိရေး တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

……………………….
(Chinese Version)
新华社将同日本共同社深化交流合作
新华社东京2月17日电(记者李子越 杨光)新华通讯社社长傅华17日在日本东京会见共同社社长水谷亨。傅华指出,作为两国重要媒体机构,新华社与共同社是两国关系发展的见证者与参与者。新华社愿与共同社深化交流合作,巩固既有合作成果,拓展新媒体、新技术应用合作,在世界媒体峰会框架下积极开展协调配合,共同致力于促进中日民心相通,增进相互信任,助力两国关系行稳致远。
水谷亨表示,共同社与新华社具有友好交往传统,希望未来进一步巩固合作基础,持续加强交流,拓展合作领域,推动双方合作取得更丰硕成果。(完)
1. 2月17日,新华通讯社社长傅华在日本东京会见共同社社长水谷亨。新华社记者 冯武勇 摄