North America
အမေရိကန် လော့စ်အိန်ဂျလိစ် အာရှခေတ်မီစားသောက်ကုန်ပြပွဲတွင် တရုတ်စားသောက်ကုန် အမှတ်တံဆိပ်များ စုစည်းပြသ

လော့စ်အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)
၂ ရက်ကြာကျင်းပသည့် ၂၀၂၅ ခုနှစ် အာရှခေတ်မီစားသောက်ကုန်ပြပွဲသည် ဖေဖော်ဝါရီ ၁၆ ရက်က အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်၌ ကျင်းပပြီးစီးခဲ့ပြီး အဆိုပါပြပွဲတွင် တရုတ်စားသောက်ကုန် အမှတ်တံဆိပ်ပေါင်း ၂၀၀ နီးပါးမှ ကုန်ပစ္စည်း အမျိုးအစားပေါင်း ၂,၀၀၀ ခန့် ပြသခဲ့ကြောင်း သိရသည်။
ယခုအကြိမ် စားသောက်ကုန်ပြပွဲကို လော့စ်အိန်ဂျလိစ်ခရိုင် ပိုနိုမာ အပြည်ပြည်ဆိုင်ရာ ပြခန်းစင်တာ အမှတ် ၅ ခန်းမ၌ကျင်းပခဲ့ပြီး ပြခန်းဧရိယာပေါင်း စတုရန်းမီတာ ၁၀,၀၀၀ ဝန်းကျင်ရှိသည်။ ပြပွဲ၌ တရုတ်နိုင်ငံနှင့် အာရှတိုက် အခြားနိုင်ငံများမှ စားသောက်ကုန် အမှတ်တံဆိပ်ပေါင်းရာချီ စုစည်းပြသခဲ့ကာ Hsu Fu Chi ၊ Mengniu ၊ Walovi ၊ Under the Hawthorn Tree ၊ Haday ၊ Chi Forest စသည့် နာမည်ကျော် တရုတ်အမှတ်တံဆိပ်များလည်း ပါဝင်ပြသခဲ့ကြောင်း သိရသည်။
Under the Hawthorn Tree ပြည်ပလုပ်ငန်းလည်ပတ်မှုအား တာဝန်ယူရသည့် ဟုန်ကော်နိုင်ငံတကာကုန်သွယ်ရေးဂရု ဥက္ကဋ္ဌ ကျောက်ကွမ်ချိုင်က ဆင်ဟွာသတင်းထောက် မေးမြန်းမှုအား ဖြေကြားရာ၌ ယခုအကြိမ်ပြပွဲတွင် ပါဝင်ပြသခြင်းဖြင့် တရုတ်နိုင်ငံ၏ ကောင်းမွန်သောအမှတ်တံဆိပ်များ နိုင်ငံတကာတွင် နာမည်ကျော်ကြားမှုကို တစ်ဆင့် တိုးချဲ့ကာ တရုတ်စားသောက်ကုန် ကုမ္ပဏီများ ပြည်ပဈေးကွက်သို့ လျှောက်လှမ်းမှုအင်အားကို တိုးမြှင့်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
စားသုံးမှို စိုက်ပျိုးမှုလုပ်ဆောင်သည့် Shanghai Finc Bio-Tech Inc အမှုဆောင်အရာရှိချုပ် ကျန်းဝန်ဟုန်က မြောက်အမေရိကဈေးကွက်အား တစ်ဆင့်တိုးချဲ့ထွင်ရန်အတွက် အဆိုပါကုမ္ပဏီသည် အမေရိကန် ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်များနှင့် တက္ကဆက်ပြည်နယ်၌ စားသုံးမှိုစက်ရုံ တည်ဆောက်လျက်ရှိသည်ဟု ဆိုသည်။
ယခုအကြိမ် စားသောက်ကုန်ပြပွဲအား ကြီးမှူးကျင်းပသူ OCM Globe Inc ဥက္ကဋ္ဌ ဝမ်ကန်းက တရုတ်စားသောက်ကုန် အမှတ်တံဆိပ်များမှာ လတ်တလောနှစ်ပိုင်းတွင် မြောက်အမေရိကဈေးကွက်၌ လွှမ်းမိုးမှု တဖြည်းဖြည်းကြီးမားလာကြောင်း၊ နိုင်ငံတကာအသွင် တိုးတက်လာသည်နှင့်အမျှ ရှေ့ရေးအလားအလာ ကျယ်ပြန့်ကောင်းမွန်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
Costco စူပါမားကတ်က ပူးပေါင်းဆောင်ရွက်သည့်ကုမ္ပဏီများအနက် တစ်ခုဖြစ်သည့် ကယ်လီဘို စီးပွားကုန်သွယ်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဂရေဘယ်လ်က ၎င်းသည် ယခုအကြိမ် စားသောက်ကုန်ပြပွဲ၌ အာရှတိုက်စားသောက်ကုန်များအပေါ် တစ်ဆင့်တိုးနားလည်သိရှိလာကြောင်း၊ ပိုများသည့် တရုတ်စားသောက်ကုန် အမှတ်တံဆိပ်များ မြောက်အမေရိကဈေးကွက်သို့ လာရောက်ကာ စားသုံးသူများအတွက် ပိုမိုများပြားသော ရွေးချယ်မှုများ သယ်ဆောင်လာရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်မှ စားသုံးသူ ဒါဗီလာက ၎င်းနှင့် မိသားစုဝင်များသည် တရုတ် စသည့် အာရှနိုင်ငံများမှ ရသာမွန် စားသောက်ကုန်များအပေါ် များစွာစိတ်ဝင်စားကြောင်း၊ တရုတ်စားသောက်ကုန်များ၏ ဈေးနှုန်းနှင့် အရည်အသွေးတို့က ၎င်းတို့ကို နှစ်လိုဖွယ်ဖြစ်စေကြောင်း ပြောကြားခဲ့သည်။ (Xinhua)
……………………….
(Chinese Version)
中国食品品牌汇聚美国洛杉矶亚洲新潮食品展
新华社洛杉矶2月16日电(记者高山 谭晶晶)为期两天的2025年亚洲新潮食品展16日在美国加利福利亚州洛杉矶县落幕,近200个中国食品品牌的约2000种商品亮相展会。
本次食品展在洛杉矶县波莫纳国际展览中心五号馆举办,展区面积近1万平方米,汇聚了来自中国及亚洲其他国家的数百个食品品牌,徐福记、蒙牛、王老吉、山楂树下、海天、元气森林等知名中国品牌纷纷亮相。
负责山楂树下海外运营的红果国际贸易集团董事长赵广才在接受新华社记者采访时表示,希望借此次参展进一步扩大中国优秀民族品牌的国际知名度,加大中国食品企业走向海外市场的力度。
从事食用蘑菇栽培的上海丰科生物科技股份有限公司首席执行官张文宏说,为了进一步扩展北美市场,该公司正与美国合作伙伴在得克萨斯州建设食用菌菇工厂。
作为本次食品展主办方的美国华源食品集团董事长王刚表示,中国食品品牌近年来在北美市场影响力逐渐扩大,随着国际化发展,前景广阔、大有可为。
作为好市多超市合作商之一的凯利博商贸公司总裁格鲁贝尔说,他在此次食品展现场对亚洲食品有了进一步了解。欢迎更多中国食品品牌来到北美市场,为消费者带来越来越多的选择。
美国消费者达维拉表示,他和家人都对中国等亚洲国家的美食感兴趣,中国食品的价格和品质都令他们心动。(完)
图说1:2月15日,在美国加利福尼亚州洛杉矶县波莫纳国际展览中心举办的亚洲新潮食品展上,人们品尝中国食品品牌饮料。新华社发(曾慧摄)
图说2:2月15日,人们在美国加利福尼亚州洛杉矶县波莫纳国际展览中心参观亚洲新潮食品展。新华社发(曾慧摄)