Asia
ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထား သယ်ယူပို့ဆောင်ပေးသည့် ခရီးသွားအကြိမ်ရေ ၈ သန်းကျော်ရှိလာ

ပေကျင်း၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)
ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းသည် စတင်ပြေးဆွဲသည့်အချိန်မှစ၍ ဖေဖော်ဝါရီ ၁၇ ရက်အထိ စုစုပေါင်း ခရီးသွားအကြိမ်ရေ ၈.၀၁၁ သန်း ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကာ ပျမ်းမျှအားဖြင့် လက်မှတ် ဝယ်ယူမှုနှုန်းသည် ၆၀.၇၃ ရာခိုင်နှုန်းရှိပြီး နေ့အလိုက် အများဆုံး ခရီးသွားအကြိမ်ရေ ၂၄,၄၀၀ ကို ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သတင်းထောက်က ဖေဖော်ဝါရီ ၁၈ ရက်တွင် အင်ဒိုနီးရှား-တရုတ် မြန်နှုန်းမြင့်ရထား ကုမ္ပဏီလီမိတက် (KCIC) ထံမှ သိရှိရသည်။
ခရီးသွားများ၏ တစ်နေ့တခြား များပြားလာသော သွားလာရန်လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းသည် ဖေဖော်ဝါရီ ၁ ရက်မှစ၍ တစ်နေ့ပျမ်းမျှပြေးဆွဲမှု အကြိမ်ရေကို ၄၈ စင်းမှ ၆၂ စင်းအထိ ထပ်တိုးလိုက်ပြီး ရထားထွက်ခွာမှု ကွာဟချိန်ကို မိနစ် ၃၀ လျှင် တစ်ကြိမ် ပြေးဆွဲသည်အထိ လျှော့ချလိုက်ကြောင်း KCIC ကဆိုသည်။
KCIC ပြောခွင့်ရပုဂ္ဂိုလ် Eva Chairunisa က “ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းဟာ မကြာခဏခရီးသွားလာရသူများ ဦးစားပေးရွေးချယ်တဲ့ သယ်ယူပို့ဆောင်ရေးနည်းလမ်းဖြစ်လာပါတယ်။ ပြေးဆွဲမှုအကြိမ်ရေစီစဉ်မှုကို ကောင်းမွန်အောင်လုပ်ဆောင်ခြင်းနဲ့ ရထားထွက်ခွာမှု ကွာဟချိန်ကိုလျှော့ချခြင်းဖြင့် ခရီးသည်တွေအတွက် ပိုမိုအဆင်ပြေမြန်ဆန်တဲ့ ရထားစီးရတဲ့ခံစားချက်ကို ပေးနိုင်ပြီး အများပြည်သူရဲ့ ထိရောက်စွာ ခရီးသွားလာမှု လိုအပ်ချက်ကို အဆက်မပြတ် ဖြည့်ဆည်းပေးဖို့ မျှော်လင့်ပါတယ်” ဟုပြောကြားခဲ့သည်။
လည်ပတ်ထိရောက်မှုနှုန်းကို မြှင့်တင်သည့် တစ်ချိန်တည်းတွင် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်းသည်လည်း ဝန်ဆောင်မှုပုံစံကို အဆက်မပြတ် ဆန်းသစ်တီထွင်လျက်ရှိသည်။ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းသည် ဖေဖော်ဝါရီ ၁၂ ရက်တွင် Halim ဘူတာမှ PIK2 ခရီးသွားဇုန်သို့ သွားရောက်သည့် အကြိုအပို့လမ်းကြောင်းကို စတင်ပြေးဆွဲခဲ့ရာ မြန်နှုန်းမြင့်ရထားနှင့် ရေပန်းစားသော ခရီးသွားလည်ပတ်ရာနေရာအကြား လစ်ဟာမှုမရှိ ချိတ်ဆက်ပေးလိုက်သဖြင့် ခရီးသွားများက “မြန်နှုန်းမြင့်ရထား + ခရီးသွားမှု” ပေါင်းစပ်ထားသော ခရီးသွားလာမှုပုံစံကို အပြည့်အဝခံစားနိုင်သည်။
ထို့ပြင် ခရီးသွားများအတွက် ပိုမိုဈေးနှုန်းသက်သာစွာ လက်မှတ်ဝယ်ယူနိုင်သော ရွေးချယ်မှုပေးနိုင်ရန် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းသည် ဖေဖော်ဝါရီ ၁၄ ရက်တွင် လစဉ်ကတ်အသစ်ကို မိတ်ဆက်ပေးခဲ့သည်။ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းသည် ထိုနေ့တွင်ပင် Halim ဘူတာ၌ ပထမဆုံး အမှတ်တရပစ္စည်းအရောင်းဆိုင်ကိုလည်း ဖွင့်လှစ်ခဲ့ပြီး ဆက်စပ်ပစ္စည်းလက်ဆောင်များ မိတ်ဆက်ရောင်းချပေးသောကြောင့် ခရီးသွားများ၏ ခရီးသွားအတွေ့အကြုံ စုံလင်လာစေသည်။
တရုတ်-အင်ဒိုနီးရှား နှစ်နိုင်ငံက ပူးပေါင်းတည်ဆောက်သည့် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းသည် စုစုပေါင်းအရှည် ၁၄၂.၃ ကီလိုမီတာရှိသည်။ အမြင့်ဆုံး ပြေးဆွဲမှုအမြန်နှုန်းမှာ ၃၅၀ ကီလိုမီတာဖြစ်သဖြင့် ဂျကာတာမှ ဘန်ဒေါင်းအထိ ခရီးသွားသည့်ကြာချိန်ကို မူလက ၃ နာရီကျော်မှ ၄၆ မိနစ်အထိ လျှော့ချပေးကာ ဒေသခံပြည်သူများအတွက် လုံခြုံသော၊ အစိမ်းရောင်ဖြစ်သော၊ ထိရောက်မှုမြင့်မားသော၊ သက်သောင့်သက်သာရှိသော ခရီးသွားလာမှုနည်းလမ်းကို ပံ့ပိုးပေးခဲ့သည်။ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် တရားဝင် စတင်ပြေးဆွဲခဲ့ခြင်းဖြစ်သည်။ (Xinhua)

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထား Halim ဘူတာ၌ ခရီးသွားများက ဘူတာခန်းမအတွင်း မြန်နှုန်းမြင့်ရထားနမူနာပုံနှင့် ဓာတ်ပုံရိုက်ကူးနေသည်ကို ဖေဖော်ဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
————————
(Chinese Version)
雅万高铁累计发送旅客突破800万人次
新华社雅加达2月18日电(记者陶方伟 叶平凡)记者18日从印尼中国高速铁路有限公司获悉,自开通运营至17日,雅万高铁已累计发送旅客801.1万人次,平均上座率达60.73%,单日最高旅客发送量达2.44万人次。
该公司表示,为进一步满足旅客日益增长的出行需求,雅万高铁自2月1日起将日均运营车次由48列增至62列,发车间隔缩短至每30分钟一班。
印尼中国高速铁路有限公司发言人伊娃·海鲁尼萨说:“雅万高铁已成为高频出行人群的首选交通方式。我们希望通过优化车次安排及缩短发车间隔,为旅客提供更便捷的乘车体验,不断满足公众对高效出行的需求。”
在提升运营效率的同时,雅万高铁也不断创新服务模式。雅万高铁12日正式开通哈利姆站至PIK2旅游区的摆渡巴士线路,实现高铁与热门旅游目的地无缝衔接,旅客可畅享“高铁+旅游”一体化出行方案。
此外,雅万高铁于14日推出新版月卡,为旅客提供更加经济实惠的购票选择。雅万高铁还于14日在哈利姆站开设首家官方纪念品商店,推出多种周边产品,丰富旅客体验。
由中印尼两国合作建设的雅万高铁全长142.3公里,最高运行时速350公里,将雅加达和万隆之间的旅行时间由原来的3个多小时缩短至46分钟,为当地民众提供了安全、绿色、高效、舒适的出行方式。2023年10月,雅万高铁正式开通运营。(完)
图说1:2月17日,在印度尼西亚雅加达,乘客在雅万高铁哈利姆站排队前往站台。新华社记者 徐钦 摄
图说2:2月17日,在印度尼西亚雅加达,乘客在雅万高铁哈利姆站候车大厅与高速动车组模型合影。新华社记者 徐钦 摄