China
ယူကရိန်းအရေးကိစ္စနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ဖြေကြား

ပေကျင်း၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)
အမေရိကန်နှင့် ရုရှားတို့က ဖေဖော်ဝါရီ ၁၈ ရက်တွင် ဆော်ဒီအာရေဗျ၌ ယူကရိန်း အရေးကိစ္စအတွက် ဆွေးနွေးမည့်အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက ယူကရိန်း အကျပ်အတည်းတွင် တွေ့ဆုံဆွေးနွေးမှုကသာ အကျပ်အတည်းကိုဖြေရှင်းရန် တစ်ခုတည်းသော ဖြစ်နိုင်ခြေရှိသည့် ထွက်ပေါက်ဖြစ်သည်ဟု တရုတ်နိုင်ငံက အမြဲတစေယူဆပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုအား ဖော်ဆောင်ရန် အစဉ်တစိုက်တွန်းအားပေးခဲ့ကြောင်း ဖေဖော်ဝါရီ ၁၈ ရက်တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ အမေရိကန်နှင့် ရုရှားတို့ရရှိသည့် ငြိမ်းချမ်းရေးဆွေးနွေးမှု သဘောတူညီချက်အပါအဝင် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှုမှန်သမျှကို တရုတ်နိုင်ငံက တွေ့မြင်လိုကြောင်း၊ တစ်ချိန်တည်းတွင် သက်ဆိုင်သူနှင့် အကျိုးစီးပွားပတ်သက်သူများအားလုံးက ငြိမ်းချမ်းရေးဆွေးနွေးမှုအတွင်း သင့်တင့်သည့်အချိန်အခါ၌ ပါဝင်လာရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း ၎င်းကပြောကြားခဲ့သည်။ (Xinhua)
…………………………
(Chinese Version)
中国外交部发言人就乌克兰问题答记者问
新华社北京2月18日电(记者马卓言、冯歆然)针对美俄将于18日在沙特就乌克兰问题进行会谈,中国外交部发言人郭嘉昆18日在例行记者会上表示,关于乌克兰危机,中方始终认为对话谈判是解决危机的唯一可行出路,始终坚持劝和促谈。中方乐见一切致力于和平的努力,包括美俄达成的和谈共识。同时,中方期待所有当事方和利益攸关方都能适时参与到和谈进程中。(完)