China
ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ပြည့်စုံကောင်းမွန်ရေးအပေါ် တရုတ်နိုင်ငံ၏ အမြင်သဘောထားအား ဝမ်ရိ ရှင်းလင်းပြောကြား

ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဖေဖော်ဝါရီ ၁၈ ရက်က နယူးယောက်၌ ကျင်းပသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဆင့်မြင့်အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်စဉ် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ပြည့်စုံကောင်းမွန်အောင် ပြုပြင်ပြောင်းလဲရေးအပေါ် တရုတ်နိုင်ငံ၏ အမြင်သဘောထားအား ရှင်းလင်းပြောကြားခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်း ၈၀ က တရုတ်ကိုယ်စားလှယ်သည် ပထမဦးဆုံး ကုသလမဂ္ဂပဋိညာဉ်စာတမ်းပေါ်တွင် အလေးအနက်ထား လက်မှတ်ရေးထိုးခဲ့ရာ တရုတ်စုတ်တံဖြင့် ကမ္ဘာ့သမိုင်း၏လေးနက်သည့် စာမျက်နှာကို ရေးသားခဲ့ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကုလသမဂ္ဂ၏တရားဝင်နေရာ ပြန်လည်ရရှိပြီးသည့်အချိန်မှစ၍ မိမိတို့သည် မပြောင်းမလဲ တစ်သမတ်တည်းရှိခဲ့ရာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအတွက် တရုတ်နိုင်ငံက စဉ်ဆက်မပြတ် အကျိုးဆောင်ခဲ့ပါကြောင်း၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး အတွေးအခေါ်နှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက် (GDI)၊ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအဆိုပြုချက် (GSI)၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု အဆိုပြုချက် (GCI) တို့သည် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ပြည့်စုံကောင်းမွန်အောင် ပြုပြင်ပြောင်းလဲရေးအတွက် တရုတ်နိုင်ငံ၏ နည်းလမ်းကို ပံ့ပိုးပေးခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ငြိမ်းချမ်း၍ လုံခြုံသော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုကို မိမိတို့လိုလားကြောင်း ဝမ်ရိက ထောက်ပြ ပြောကြားခဲ့သည်။ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ကိစ္စရပ်တွင် မှတ်တမ်းအကောင်းဆုံးဖြစ်သော နိုင်ငံကြီးအနေဖြင့် တရုတ်နိုင်ငံက ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ်ကို အခိုင်အမာ လျှောက်လှမ်းသလို အငြင်းပွားမှု၊ ကွဲလွဲမှုများကို ငြိမ်းချမ်းရေးနည်းလမ်းဖြင့် ဖြေရှင်းရေးအား အခိုင်အမာ လက်ကိုင်ထားပြီး အများဂရုပြုကြသည့်ပြဿနာရပ်များကို ဖြေရှင်းရာတွင် အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ပါဝင်မှုအား တွန်းအားပေးရေးကို အခိုင်အမာ လက်ကိုင်ထားကြောင်း၊ တရုတ်နိုင်ငံ၏ “အပြာရောင်ခမောက်” က ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းသော လှုပ်ရှားမှု၏ အချက်အချာ အင်အားဖြစ်နေပြီ ဖြစ်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက် လင်းရောင်ခြည်ကို ထွန်းလင်းပေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မိမိတို့သည် အတူတကွ ဖွံ့ဖြိုးတိုးတက်သော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုကို တွန်းအားပေးခဲ့ကြောင်း၊ အကြီးဆုံး ဖွံ့ဖြိုးဆဲနိုင်ငံအနေဖြင့် တရုတ်နိုင်ငံက အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက် တွန်းအားပေးသလို အဆင့်မြင့် တံခါးဖွင့်မှု တိုးချဲ့ရေးကို မမှိတ်မသုန် ခိုင်မာစွာဆောင်ရွက်လျက်ရှိရာ နိုင်ငံနှင့် ဒေသပေါင်း ၁၅၀ ကျော်၏ အဓိက ကုန်သွယ်ဖက်နိုင်ငံဖြစ်နေပြီ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အများအကျိုးဖြစ်ထွန်း၍ အများပါဝင်မှုရှိသော စီးပွားရေး ကမ္ဘာလုံးဆိုင်ရာအသွင်သို့ ပြောင်းလဲမှုကို ဦးဆောင်အဆိုပြုပြီး “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူတည်ဆောက်ရေးကို တွန်းအားပေးကာ နိုင်ငံအသီးသီး စည်ပင်ဝပြောရေးနှင့် တိုးတက်ရေးကို မြှင့်တင်ရန်အတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
မိမိတို့သည် တံခါးဖွင့်လှစ်၍ အများပါဝင်သည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုကို ဦးဆောင်အဆိုပြုကြောင်း၊ သမိုင်းကာလ ကြာညောင်းလှသော ရှေးဟောင်းယဉ်ကျေးမှုနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် မတူညီမှုများကို လက်ခံကာ သဟဇာတဖြစ်စွာ နေထိုင်ခြင်း၊ ယဉ်ကျေးမှု အမျိုးအစားစုံလင်မှုကို လေးစားခြင်း၊ လူသားမျိုးနွယ်တို့၏ ဘုံတန်ဖိုး မြှင့်တင်ခြင်းအား အစဉ်တစိုက် လက်ခံယုံကြည်ရာ သဘောထားကြီးစွာဖြင့် မတူကွဲပြားသော ယဉ်ကျေးမှုများ ဆွေးနွေးဖလှယ်ရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ သဟဇာတဖြစ်စွာ အတူရှင်သန်ရပ်တည်ရေးကို တွန်းအားပေးပြီး လူသားမျိုးနွယ် ယဉ်ကျေးမှုတိုးတက်ရေးအတွက် အားသစ်လောင်းပေးလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
မိမိတို့သည် နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်သည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုကို ဖော်ဆောင်ကြောင်း၊ ကုလသမဂ္ဂတည်ထောင်သူ ကနဦးအဖွဲ့ဝင်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံက စစ်မှန်သော နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို ဦးဆောင် အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ယခုအခါ အပြည်ပြည်ဆိုင်ရာ အစိုးရကြားခံ နိုင်ငံတကာအဖွဲ့အစည်း အားလုံးနီးပါးနှင့် နိုင်ငံတကာ သဘောတူညီချက်နှင့် ပြင်ဆင်ချက်ပေါင်း ၆၀၀ ကျော်တွင် ပါဝင်ထားပြီးဖြစ်ကြောင်း၊ နိုင်ငံတကာရေးရာတွင် ကုလသမဂ္ဂ၏ အဓိကအခန်းကဏ္ဍကို ထောက်ခံအားပေးကာ ကုလသမဂ္ဂလုပ်ငန်းစဉ်များအတွက် အုတ်တစ်ချပ်သဲတစ်ပွင့် အစဉ်အမြဲ အကျိုးဆောင်ခဲ့ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)
—————————-
(Chinese Version)
王毅阐述中方对完善全球治理的看法
新华社联合国2月18日电 当地时间2月18日,中共中央政治局委员、外交部长王毅在纽约主持联合国安理会高级别会议时阐述了中方对改革完善全球治理的看法。
王毅表示,80年前,中国代表第一个在联合国宪章上郑重签字,用中国毛笔书写了世界历史浓墨重彩的一页。自中华人民共和国恢复在联合国合法席位以来,我们一以贯之,不断为全球治理作出中国贡献。中国国家主席习近平提出的构建人类命运共同体理念和全球发展倡议、全球安全倡议、全球文明倡议,就是为改革完善全球治理提供的中国方案。
王毅指出,我们追求和平安全的全球治理。作为在和平和安全问题上记录最好的大国,中国坚持走和平发展道路,坚持以和平手段解决争端分歧,坚持为推动热点问题解决发挥建设性作用。中国“蓝盔”已经成为联合国维和行动的关键力量,为世界和平点亮希望。
我们推进共同发展的全球治理。作为最大的发展中国家,中国聚精会神推进高质量发展,坚定不移扩大高水平开放,已经成为150多个国家和地区的主要贸易伙伴。中国倡导普惠包容的经济全球化,推动高质量共建“一带一路”,为促进各国繁荣发展作出重要贡献。
我们倡导开放包容的全球治理。作为历史悠久的文明古国,中国素来信奉和而不同、兼收并蓄,尊重文明多样性,弘扬全人类共同价值,以宽广胸怀推动不同文明交流对话、和平共处、和谐共生,为人类文明进步注入新活力。
我们践行多边合作的全球治理。作为联合国创始会员国,中国带头践行真正的多边主义,迄已加入几乎所有普遍性政府间国际组织和600多项国际公约及修正案,支持联合国在国际事务中发挥核心作用,不断为联合国事业添砖加瓦。(完)
1. 2月18日,在联合国安理会本月轮值主席国中国倡议下,安理会围绕“践行多边主义,改革完善全球治理”举行高级别会议。新华社记者 李睿 摄