Connect with us

China

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ “နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒ ဖော်ဆောင်မှုဖြင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုများအား ပြည်စုံကောင်းမွန်အောင် ပြုပြင်ပြောင်းလဲရေး” အဆင့်မြင့်အစည်းအဝေးတွင် ဝမ်ရိ သဘာပတိအဖြစ်ဆောင်ရွက်

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ယခုလအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်သော တရုတ်နိုင်ငံ၏ အဆိုပြုချက်အရ လုံခြုံရေးကောင်စီသည် “နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒ ဖော်ဆောင်မှုဖြင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုများအား ပြည်စုံကောင်းမွန်အောင် ပြုပြင်ပြောင်းလဲရေး” နှင့်စပ်လျဉ်း၍ အဆင့်မြင့်အစည်းအဝေးကျင်းပနေသည်ကို ဖေဖော်ဝါရီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ယခုလအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်သော တရုတ်နိုင်ငံ၏ အဆိုပြုချက်အရ လုံခြုံရေးကောင်စီသည် ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၁၈ ရက်တွင် “နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒ ဖော်ဆောင်မှုဖြင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုများအား ပြည်စုံကောင်းမွန်အောင် ပြုပြင်ပြောင်းလဲရေး” နှင့်စပ်လျဉ်း၍ အဆင့်မြင့်အစည်းအဝေးကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က အခြေအနေအား ရှင်းလင်းတင်ပြခဲ့ကာ လုံခြုံရေးကောင်စီ အဖွဲ့ဝင်များ စသည့် နိုင်ငံပေါင်း ၁၀၀ ကျော်မှ အဆင့်မြင့်ကိုယ်စားလှယ်များနှင့် နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ခဲ့သည်။

ဝမ်ရိက ၂၀၂၅ ခုနှစ်သည် ကုလသမဂ္ဂ တည်ထောင်ခြင်း ၈၀ ပြည့်နှစ်ဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ သည် ကမ္ဘာကြီး ဗဟုအသွင်ဖြစ်လာရေးနှင့် စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းတို့ အရှိန်မြှင့် ဖွံ့ဖြိုးတိုးတက်လာသည့် နှစ်ပေါင်း ၈၀၊ နိုင်ငံအသီးသီးပြည်သူများ ရှေ့သို့လျှောက်လှမ်းကာ စိန်ခေါ်မှုများကို အတူရင်ဆိုင်သည့် နှစ်ပေါင်း ၈၀၊ “ကမ္ဘာ့တောင်ဘက်ခြမ်း” က ဦးမော့ပြီး အင်အားကြီးမားလာသည့် နှစ်ပေါင်း ၈၀ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လူသားမျိုးနွယ် လူမှုအသိုက်အဝန်းသည် စစ်အေးခေတ်၏ မှောင်မိုက်သည့်မြူများကြားမှ ထိုးဖောက်၍ အင်အားကြီးနှစ်ခု ထိပ်တိုက်အားပြိုင်ရင်ဆိုင်မှုကို ကျော်ဖြတ်လာခဲ့သော်လည်း ဘက်စုံငြိမ်းချမ်းရေးနှင့် အတူတကွ စည်ပင်ဝပြောမှုကို မရရှိနိုင်ခဲ့ကြောင်း၊ ၂၁ ရာစု၏ တတိယဆယ်စုနှစ်ကို ဝင်ရောက်လာနေပြီ ဖြစ်သော်လည်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းသည် တာဝန်ကြီးလေးပြီး ခရီးဝေးလံလျက်ရှိနေသေးကြောင်း ၎င်းကဆိုသည်။

ပြောင်းလဲရှုပ်ထွေးနေသော နိုင်ငံတကာအခြေအနေကို ရင်ဆိုင်ရာတွင် ကုလသမဂ္ဂကို ဗဟိုပြုသည့် နိုင်ငံတကာစနစ်သည် လူသားမျိုးနွယ်တိုးတက်မှုလုပ်ငန်း၏ အရေးပါသည့်အာမခံချက်ဖြစ်ကာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို အခြေခံသည့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒ အယူအဆသည် ကမ္ဘာလုံးဆိုင်ရာပြဿနာများကို ဖြေရှင်းသည့် အကောင်းမွန်ဆုံးနည်းလမ်းဖြစ်သည်ဟု သမိုင်းက မိမိတို့ကို ပြသပြီးကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

အေးအတူပူအမျှဟူသည့် သမိုင်းအလားအလာကြီးအား ရင်ဆိုင်ရာတွင် မည်သည့်နိုင်ငံကမျှ တစ်နိုင်ငံတည်း ကောင်းမွန်အောင် နေ၍မရကြောင်း၊ ပူးပေါင်းဆောင်ရွက်၍ အပြန်အလှန်အကျိုးဖြစ်ထွန်းစေရေးသည်သာ မှန်ကန်သော ရွေးချယ်မှုဖြစ်ကြောင်း၊ နက်ရှိုင်းစွာပြောင်းလဲနေသည့် ကမ္ဘာ့အခင်းအကျင်းကို ရင်ဆိုင်ရာတွင် “ကမ္ဘာ့တောင်ဘက်ခြမ်း” က ခေတ်မီအသွင်ပြောင်းမှုဆီသို့ အတူလျှောက်လှမ်းသည့် သမိုင်းဝင်လုပ်ဆောင်မှုကို ဖန်တီးရမည့်အပြင် ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုစနစ် တိုးတက်ကောင်းမွန်လာစေရေး လုပ်ငန်းစဉ်အတွင်း ရှေ့တန်း၌ လျှောက်လှမ်းရမည်ဖြစ်ကြောင်း၊ မိမိတို့သည် မည်သည့်အချိန်ကထက်မဆို ကုလသမဂ္ဂ တည်ထောင်သည့် မူလရည်ရွယ်ချက်ကို ပြန်လည်အောက်မေ့ရန်လိုအပ်၍ စစ်မှန်သော နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုဝါဒကို ပြန်လည်တိုးတက်လာအောင် ဖော်ဆောင်ကာ တရားမျှတ၍ တရားနည်းလမ်းကျသော ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုစနစ် တည်ဆောက်မှုအား အရှိန်မြှင့်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဝမ်ရိက တရုတ်နိုင်ငံ၏ အဆိုပြုချက်လေးရပ်ကို အောက်ပါအတိုင်း ရှင်းလင်းတင်ပြခဲ့သည်။

ပထမအချက်မှာ အချုပ်အခြာအာဏာ တန်းတူညီမျှမှုကို အခိုင်အမာဆောင်ရွက်ရမည်။ ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုကို တွန်းအားပေးဖော်ဆောင်ရာတွင် နိုင်ငံများက တန်းတူညီမျှပါဝင်၍ တန်းတူညီမျှဆုံးဖြတ်ကာ တန်းတူညီမျှ အကျိုးခံစားရမည်။ နိုင်ငံအသီးသီး ပြည်သူများ ကိုယ်တိုင်ရွေးချယ်ထားသော ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို လေးစားကာ ပြည်တွင်းရေး မစွက်ဖက်သည့် အခြေခံမူကို ခိုင်မာစွာ ကိုင်စွဲ၍ မိမိ၏သဘောဆန္ဒကို သူတစ်ပါးထံ အတင်းအဓမ္မပေး၍မရပေ။ နိုင်ငံတကာဥပဒေအား ထိရောက်စွာ ဖော်ဆောင်ခြင်းအား အာမခံရန် နိုင်ငံတကာ တရားဥပဒေစိုးမိုးမှုကို တင်းကျပ်စွာ ဖော်ဆောင်၍ စံနှုန်းနှစ်မျိုးနှင့် ကိုက်ညီရာအား ရွေးချယ်ဆောင်ရွက်ခြင်းကို ကန့်ကွက်သည်။ လုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်သည် ထိန်းချုပ်နိုင်သောစွမ်းရည်ရှိပြီး နိုင်ငံများက လိုက်နာသင့်သည်။ လုံခြုံရေးကောင်စီသည် ဩဇာတိက္ကမ ရှိပြီး နိုင်ငံအားလုံးက ၎င်းကိုကာကွယ်ထိန်းသိမ်းသင့်သည်။ ကြီးနိုင်ငယ်ညှဉ်း၊ အတင်းအဓမ္မလှည့်ဖျားလုယူမှု မှန်သမျှသည် နိုင်ငံတကာဆက်ဆံရေး အခြေခံမူအား ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းပင်ဖြစ်သည်။ လုံခြုံရေးကောင်စီအား ကျော်လွန်၍ ပြုလုပ်သော တစ်ဖက်သတ် ပိတ်ဆို့ဒဏ်ခတ်မှုမှန်သမျှသည် ဥပဒေအရ အခြေအမြစ်မရှိ၊ ကျိုးကြောင်းဆီလျော်မှုမရှိ၊ စာနာထောက်ထားမှုနှင့် ကိုက်ညီမှုမရှိပေ။

ဒုတိယအချက်မှာ တရားမျှတမှုနှင့် သမာသမတ်ကျမှုကို အခိုင်အမာဆောင်ရွက်ရမည်။ နိုင်ငံတကာ အရေးကိစ္စကို နိုင်ငံအနည်းငယ်မှ ဆက်လက်လက်ဝါးကြီးအုပ်ထားမှု မဖြစ်သင့်ဘဲ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများကလည်း မိမိ၏ တရားဝင်လုပ်ပိုင်ခွင့်နှင့် အကျိုးစီးပွားကို အဆိုပြုကာ ကာကွယ်ထိန်းသိမ်းခွင့်ရှိသည်။ ဖွံ့ဖြိုးတိုးတက်မှုရလဒ်များကိုလည်း နိုင်ငံအနည်းငယ်က ဆက်လက်အပိုင်စီးထားမှု မဖြစ်သင့်ဘဲ နိုင်ငံအားလုံးမှ ပြည်သူများက သာယာချမ်းမြေ့သောဘဝ ပိုင်ဆိုင်ခွင့်ရှိသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ပြုပြင်ပြောင်းလဲမှုသည် ဒီမိုကရေစီဆန်စွာ ဆွေးနွေးညှိနှိုင်းမှုကို အခိုင်အမာဖော်ဆောင်ရမည်ဖြစ်ပြီး ယင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများ အထူးသဖြင့် အာဖရိကနိုင်ငံများ၏ ကိုယ်စားပြုခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်ကို မြှင့်တင်ကာ သမိုင်းကြောင်းအရ တရားမမျှတမှုကို လက်တွေ့ကျကျပြုပြင်ခြင်းဖြစ်ရန် ရည်ရွယ်သည်။

တတိယအချက်အနေဖြင့် စည်းလုံးညီညွတ်စွာ ညှိနှိုင်းပူးပေါင်းမှုကို အခိုင်အမာဆောင်ရွက်ရမည်။ အတူဆွေးနွေး၊ အတူမျှဝေ၊ အတူတည်ဆောက် ဟူသည့် အခြေခံမူကို အရင်းခံကာ အတိုက်အခံပြုမည့်အစား ညှိနှိုင်းရမည် ဖြစ်သလို ဘုံအကျိုးစီးပွားဖော်ဆောင်မှုဖြင့် အများအကျိုးကို ကာကွယ်ရမည် ဖြစ်ပြီး “စည်းလုံးညီညွတ်မှုကြီး” ဖြင့် “အုပ်စုငယ်များ” ကို တိုက်ဖျက်ရမည် ဖြစ်သည်။ နိုင်ငံစုံအဖွဲ့အစည်းများက အဖွဲ့ဝင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်၍ မရခြင်းကြောင့် စွမ်းဆောင်ရည်ကျဆင်း၍ အကျိုးသက်ရောက်မှုမရှိသည်ကို လက်ပိုက်ကြည့်နေ၍မရပေ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ကျဉ်းမြောင်းသော ပထဝီနိုင်ငံရေးအရ ထည့်သွင်းစဉ်းစားမှုများကို ကျော်လွန်၍ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုစိတ်ဓာတ်ကို အရင်းခံကာ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းက ပေးအပ်သော တာဝန်ဝတ္တရားကို ကောင်းမွန်စွာ ထမ်းဆောင်ပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံမှုအား ထိန်းသိမ်းကာကွယ်သည့် အခန်းကဏ္ဍမှ ကောင်းမွန်စွာပါဝင်သင့်သည်။

စတုတ္ထအချက်အနေဖြင့် လှုပ်ရှားမှုဖြင့် ဦးတည်ချက်ကို အခိုင်အမာဆောင်ရွက်ရမည်။ အဆက်မပြတ် ဖြစ်ပွားနေသည့် စစ်မီးများ၊ အပြစ်မဲ့အသက်ဆုံးရှုံးမှုများ၊ ထွန်းသစ်စ နည်းပညာများ၏ စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် ကုလသမဂ္ဂ အဖွဲ့အစည်းက ဆောင်ပုဒ်ကိုသာ ဟစ်ကြွေးနေ၍မရဘဲ ပြဿနာကို ဖြေရှင်းရမည်ဖြစ်သည်။ ကုလသမဂ္ဂ “အနာဂတ် သဘောတူညီချက်” ကို ညှိနှိုင်းဖော်ဆောင်၍ “လမ်းပြမြေပုံ” အား “လုပ်ငန်းတည်ဆောက်သည့်ပုံ” အဖြစ်ပြောင်းလဲကာ သာယာကောင်းမွန်သော မျှော်မှန်းချက်ကို ပြည့်ဝသော လက်တွေ့ကျဖော်ဆောင်မှုအဖြစ် ပြောင်းလဲရမည် ဖြစ်သည်။ “နှစ်နိုင်ငံ ဖြေရှင်းမှုနည်းလမ်း” ကို အခိုင်အမာဖော်ဆောင်ပြီး ပါလက်စတိုင်းပြဿနာအား ဘက်စုံ တရားမျှတစွာ ရေရှည်ဖြေရှင်းရေးကို တွန်းအားပေးကာ အရှေ့အလယ်ပိုင်းဒေသ ရေရှည်တည်ငြိမ်အေးချမ်းမှုကို အကောင်အထည်ဖော်ဆောင်ရမည် ဖြစ်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ကုလသမဂ္ဂတွင် တရားဝင်နေရာပြန်လည်ရရှိပြီးနောက် မိမိတို့သည် အမြဲတစေ ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုအတွက် တရုတ်နိုင်ငံ၏ အကျိုးဆောင်မှု၊ တရုတ်နည်းလမ်းများ ထောက်ပံ့ပေးလျက်ရှိကြောင်း ဝမ်ရိက အလေးထားပြောကြားခဲ့သည်။ မိမိတို့သည် ငြိမ်းချမ်း၍ ဘေးကင်းလုံခြုံသော ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုကို ဖော်ဆောင်လိုပြီး ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်သောလမ်းကြောင်း လျှောက်လှမ်းမှုအား အခိုင်အမာ ဖော်ဆောင်လျက်ရှိကြောင်း၊ ငြိမ်းချမ်းရေးနည်းလမ်းဖြင့် အငြင်းပွားမှုနှင့် ကွဲလွဲမှုများကို ဖြေရှင်းခြင်းအား အခိုင်အမာဖော်ဆောင်ကာ အားလုံးဂရုပြုကြသည့် ပြဿနာများဖြေရှင်းရေးအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှပါဝင်ရန် အခိုင်အမာ ဖော်ဆောင်လျက်ရှိသည်ဟု ၎င်းကဆိုသည်။

ဝမ်ရိက မိမိတို့သည် အတူတကွဖွံ့ဖြိုးတိုးတက်သည့် ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုကို တွန်းအားပေးဖော်ဆောင်၍ ကျယ်ကျယ်ပြန့်ပြန့် အကျိုးဖြစ်ထွန်းကာ အားလုံးပါဝင်သည့် စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းကို ဦးဆောင်အဆိုပြု၍ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အား အရည်အသွေးမြင့် အတူတကွတည်ဆောက်ရန် တွန်းအားပေးလျက်ရှိကြောင်း၊ မိမိတို့သည် တံခါးဖွင့်၍ အားလုံးပါဝင်လက်ခံသည့် ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုကို ဦးဆောင်အဆိုပြုကာ ယဉ်ကျေးမှုအမျိုးအစားစုံလင်မှုအား လေးစား၍ လူသားမျိုးနွယ်တို့၏ ဘုံစံတန်ဖိုးကို မြှင့်တင်ပြီး မတူညီသော ယဉ်ကျေးမှုများ ဖလှယ်ဆွေးနွေးမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ သဟဇာတဖြစ်စွာ အတူတည်ရှိမှုကို တွန်းအားပေး ဖော်ဆောင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

မိမိတို့သည် နိုင်ငံပေါင်းစုံပူးပေါင်းဆောင်ရွက်သည့် ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုကို လက်တွေ့ဖော်ဆောင်ပြီး ယနေ့အထိ အပြည်ပြည်ဆိုင်ရာ အစိုးရကြားခံ နိုင်ငံတကာအဖွဲ့အစည်း အားလုံးနီးပါးတွင် ပါဝင်ခဲ့ပြီးဖြစ်ကာ ကုလသမဂ္ဂ၏ နိုင်ငံတကာအရေးကိစ္စများတွင် အဓိကအခန်းကဏ္ဍမှပါဝင်မှုကို ထောက်ခံအားပေးကြောင်း၊ ကုလသမဂ္ဂ၏ နောက်ထပ် နှစ် ၈၀ ကျရောက်မည့် အခါသမယတွင် တရုတ်နိုင်ငံသည် ဘက်ပေါင်းစုံနှင့်အတူ သမိုင်းသင်ခန်းစာအသိဉာဏ်ပညာကိုရယူကာ နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု ရာစုနှစ်သစ်ကို စတင်ဖွင့်လှစ်ပြီး ပိုမိုတရားမျှတ၍ လျော်ကန်သော ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုစနစ်ကို တည်ဆောက်သွားလိုကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

အစည်းအဝေးတက်ရောက်သည့်ကာလအတွင်း ဝမ်ရိက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်နှင့် ပါကစ္စတန်၊ ဟန်ဂေရီ၊ ယူဂန္ဓာ၊ ဆိုမာလီ၊ ဘိုလီးဗီးယားနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် သီးခြားစီ တွေ့ဆုံခဲ့ပြီး အမေရိကန် နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ယခုလအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်သော တရုတ်နိုင်ငံ၏ အဆိုပြုချက်အရ လုံခြုံရေးကောင်စီသည် “နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒ ဖော်ဆောင်မှုဖြင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုများအား ပြည်စုံကောင်းမွန်အောင် ပြုပြင်ပြောင်းလဲရေး” နှင့်စပ်လျဉ်း၍ အဆင့်မြင့်အစည်းအဝေးကျင်းပနေသည်ကို ဖေဖော်ဝါရီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————-
(Chinese Version)
王毅主持联合国安理会“践行多边主义,改革完善全球治理”高级别会议
新华社联合国2月18日电(记者潘云召 杨士龙)当地时间2月18日,在联合国安理会本月轮值主席国中国倡议下,安理会围绕“践行多边主义,改革完善全球治理”举行高级别会议。会议由中共中央政治局委员、外交部长王毅主持,联合国秘书长古特雷斯作形势通报,安理会成员等100多国高级别代表包括多国外长出席。
王毅表示,2025年是联合国成立80周年。过去80年,是世界多极化和经济全球化加速发展的80年,是各国人民砥砺前行、共迎挑战的80年,也是“全球南方”崛起壮大的80年。人类社会穿越冷战阴霾、走出两极对峙,但却未能迎来全面和平与共同繁荣。进入21世纪第三个十年,和平与发展事业依然任重道远。历史启示我们,面对变乱交织的国际形势,以联合国为核心的国际体系是人类进步事业的重要保障,以协调合作为基石的多边主义理念是解决全球问题的最佳方案。面对命运与共的历史大势,任何国家都无法独善其身,合作共赢才是正确选择。面对深刻变化的世界格局,“全球南方”不仅要开创共同迈向现代化的历史壮举,更要在完善全球治理体系的进程中走在前列。我们比以往任何时候都更需要重温联合国成立的初心,重振真正的多边主义,加快构建更加公正合理的全球治理体系。王毅阐述了中方四点主张。
一是坚持主权平等。在推进全球治理中,各国平等参与、平等决策、平等受益。要尊重各国人民自主选择的发展道路,坚持不干涉内政原则,不把自己的意志强加于人。要厉行国际法治,确保国际法有效实施,反对双重标准和选择性适用。安理会决议是有约束力的,各国均应遵守。安理会是有权威性的,各国均应维护。任何恃强凌弱、巧取豪夺,都是对国际关系基本准则的粗暴侵犯。任何绕过安理会授权的单边制裁,都于法无据、于理不合、于情不通。
二是坚持公平正义。国际事务不应再由少数国家垄断,南方国家有权提出并维护自身正当权益。发展成果也不应再由少数国家独占,各国人民都有过上幸福生活的权利。联合国安理会的改革要坚持民主协商,旨在提高发展中国家特别是非洲国家的代表性和发言权,切实纠正历史不公。
三是坚持团结协作。要秉持共商共建共享原则,以协作取代对抗,以共赢防止多输,以“大团结”破击“小圈子”,不能坐视多边机构因会员国无法合作而失能失效。联合国安理会更应超越狭隘的地缘政治考量,秉持团结合作的精神,履行好联合国宪章赋予的职责,发挥好维护国际和平与安全的作用。
四是坚持行动导向。面对绵延不断的战火、无辜生命的逝去、新兴技术的挑战,联合国机构不能空喊口号,而要解决问题。要协同落实联合国《未来契约》,把“路线图”转化为“施工图”,把美好愿景转化为丰富实践。要坚持“两国方案”,推动巴勒斯坦问题的全面公正持久解决,实现中东地区长治久安。
王毅强调,自中华人民共和国恢复在联合国合法席位以来,我们一以贯之为全球治理做出中国贡献、提供中国方案。我们追求和平安全的全球治理,坚持走和平发展道路,坚持以和平手段解决争端分歧,坚持为推动热点问题解决发挥建设性作用。我们推进共同发展的全球治理,倡导普惠包容的经济全球化,推动高质量共建“一带一路”。我们倡导开放包容的全球治理,尊重文明多样性,弘扬全人类共同价值,推动不同文明交流对话、和平共处、和谐共生。我们践行多边合作的全球治理,迄已加入几乎所有普遍性政府间国际组织,支持联合国在国际事务中发挥核心作用。在联合国迎来下一个80年之际,中方愿同各方一道,从历史中汲取智慧,开启多边主义新纪元,构建更加公正合理的全球治理体系。
与会期间,王毅分别会见联合国秘书长古特雷斯以及巴基斯坦、匈牙利、乌干达、索马里、玻利维亚外长,并同美国各界人士座谈。(完)
图说:2月18日,在联合国安理会本月轮值主席国中国倡议下,安理会围绕“践行多边主义,改革完善全球治理”举行高级别会议。新华社记者 吴晓凌 摄