Connect with us

China

ဝမ်ရိနှင့် အမေရိကန်နိုင်ငံ နယ်ပယ်အသီးသီး လူပုဂ္ဂိုလ်များ ဆွေးနွေးဖလှယ်

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၁၈ ရက်က နယူးယောက်မြို့၌ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဆင့်မြင့်အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်စဉ်ကာလအတွင်း အမေရိကန်နိုင်ငံ နယ်ပယ်အသီးသီး လူပုဂ္ဂိုလ်များနှင့် ဆွေးနွေးဖလှယ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၁၈ ရက်က နယူးယောက်မြို့၌ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဆင့်မြင့်အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်စဉ်ကာလအတွင်း အမေရိကန်နိုင်ငံ နယ်ပယ်အသီးသီး လူပုဂ္ဂိုလ်များနှင့် ဆွေးနွေးဖလှယ်ခဲ့သည်။

ဝမ်ရိက လုံခြုံရေးကောင်စီ အဆင့်မြင့် အစည်းအဝေး ရလဒ်များနှင့် ဘက်ပေါင်းစုံ၏ ဘုံသဘောတူညီချက်ကို မိတ်ဆက်ပြောကြားရာ၌ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် နိုင်ငံတကာအသိုက်အဝန်း၏ စုပေါင်းအင်အားကို လိုအပ်သလို နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒအား လက်တွေ့ဖော်ဆောင်ရာတွင် နိုင်ငံကြီးများ၏ ညှိနှိုင်းဆွေးနွေးမှုကို အားဖြည့်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံနှင့် ကမ္ဘာ့ထိပ်တန်း စီးပွားရေးအစုအဖွဲ့ကြီး နှစ်ရပ်အနေဖြင့် တရုတ်-အမေရိကန်သည် အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွား ဖော်ဆောင်မှု အခြေခံမူကို အုတ်မြစ်ထားလိုက်နာသင့်ကြောင်း၊ နိုင်ငံကြီး နှစ်နိုင်ငံအနေဖြင့် မှန်ကန်သည့် ဆက်ဆံရေးနည်းလမ်းကို ရှာဖွေ၍ နှစ်နိုင်ငံနှင့် ကမ္ဘာ့ ကိစ္စကြီး၊ လက်တွေ့ကျသည့် ကိစ္စနှင့် ကောင်းမွန်သည့် ကိစ္စများဖြစ်မြောက်ရေးအတွက် ပိုမိုအကျိုးရှိအောင် လေ့လာစူးစမ်းရမည် ဖြစ်ပါကြောင်း၊ တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံကြားတွင် ကျယ်ပြန့်သည့် ဘုံအကျိုးစီးပွားနှင့် ကျယ်ပြောသည့် ပူးပေါင်းဆောင်ရွက်မှု အလားအလာ ရှိရာ နှစ်ဖက်အနေဖြင့် ဗဟိုအကျိုးစီးပွားကို လက်တွေ့ကျစွာ အပြန်အလှန် လေးစားသင့်ကြောင်း၊ ညှိနှိုင်းဆွေးနွေးမှု အားဖြည့်ခြင်း၊ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ခြင်း၊ အနှောင့်အယှက်များအား ဖယ်ရှားခြင်း၊ အခက်အခဲများအား ကျော်လွှားခြင်းဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေး ကောင်းမွန်၊ တည်ငြိမ်လာအောင် တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံ စက်မှုကုန်သည်နယ်ပယ်နှင့် မဟာဗျူဟာ နယ်ပယ်ရှိ ကိုယ်စားလှယ်များက တရုတ်-အမေရိကန် ဆက်ဆံမှုနှင့် အပြန်အလှန် နားလည်မှုကို မြှင့်တင်ရေးအတွက် အားထုတ်ကြိုးပမ်းကြသည့်အပေါ် တရုတ်နိုင်ငံက တန်ဖိုးထားချီးကျူးပါကြောင်း၊ နှစ်ဖက်ဆက်ဆံရေး ကောင်းမွန်၊ တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးအနေဖြင့် အပြုသဘော အခန်းကဏ္ဍမှ ပါဝင်သွားရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဝမ်ရိက လက်ရှိ တရုတ်စီးပွားရေး အလားအလာကောင်းဘက်ဦးတည်နေသော အခြေအနေနှင့် ပြုပြင်ပြောင်းလဲရေး အစီအမံများကို တစ်ဆင့်တိုး ဘက်စုံနက်ရှိုင်းအောင် ဆောင်ရွက်မှုများအား မိတ်ဆက်ပြောကြားခဲ့ပြီး တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေးမှ ဆောင်ကြဉ်းလာသော အခွင့်အလမ်းများကို အမိအရ ဆုပ်ကိုင်ကာ အပြန်အလှန်အကျိုးဖြစ်ထွန်းသည့် ဘုံအကျိုးစီးပွားကို ဖော်ဆောင်ကြရန် အမေရိကန် ကုမ္ပဏီလုပ်ငန်းများကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

အမေရိကန်-တရုတ် ဆက်ဆံရေး အမျိုးသားကော်မတီ (NCUSCR)၊ အမေရိကန်-တရုတ် စီးပွားရေးကောင်စီ (USCBC)၊ အမေရိကန် ကုန်သည်ကြီးများအသင်း (USCC) စသည့် ဆွေးနွေးပွဲတက်ရောက်သူများက အမေရိကန်-တရုတ် ပူးပေါင်ဆောင်ရွက်မှု အားဖြည့်ရေး၊ အစောပိုင်းရလဒ်များ ဖော်ဆောင်ရေးအတွက် အကြံပြုခဲ့ကြသည်။ အမေရိကန်-တရုတ် ဆက်ဆံရေး တည်ငြိမ်မှုကို ထိန်းထားခြင်းမှာ နှစ်နိုင်ငံနှင့် ကမ္ဘာအတွက် အကျိုးရှိကြောင်း၊ တရုတ်နိုင်ငံ၏ အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်ရေးကို အနီးကပ် ဂရုပြုသွားမည် ဖြစ်သလို အပြုသဘောရှုမြင်ကြောင်း၊ တရုတ်နိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံမှုများ ဆက်တိုက် တိုးချဲ့သွားမည် ဖြစ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။ (Xinhua)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၁၈ ရက်က နယူးယောက်မြို့၌ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဆင့်မြင့်အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်စဉ်ကာလအတွင်း အမေရိကန်နိုင်ငံ နယ်ပယ်အသီးသီး လူပုဂ္ဂိုလ်များနှင့် ဆွေးနွေးဖလှယ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

……………………
(Chinese Version)
王毅同美国各界人士座谈
新华社联合国2月18日电 当地时间2月18日,中共中央政治局委员、外交部长王毅在纽约主持联合国安理会高级别会议期间同美国各界人士举行座谈。
王毅介绍了安理会高级别会议成果和各方共识,表示应对全球性挑战需要国际社会形成合力,践行多边主义需要大国加强协调。作为联合国安理会常任理事国和全球前两大经济体,中美应当以相互尊重、和平共处、合作共赢原则为根本遵循,找到两个大国正确相处之道,探讨办成更多有利于两国和世界的大事、实事和好事。中美之间有着广泛共同利益和广阔合作空间,双方应切实尊重彼此核心利益,加强沟通、建立互信,排除干扰、克服障碍,推动中美关系好起来、稳下来。中方赞赏与会美国工商界和战略界代表致力于促进中美关系和相互理解,希望大家为双边关系健康稳定发展发挥建设性作用。
王毅介绍了当前中国经济向好形势和进一步全面深化改革举措,欢迎美国企业抓住中国式现代化带来的新机遇,实现互利共赢。
美中关系全国委员会、美中贸委会、美国商会代表等与会人员对加强美中合作、实现早期收获提出建议,表示美中关系保持稳定有利于两国和世界,密切关注并乐见中国高质量发展,将持续加大对华投资。(完)
1. 当地时间2月18日,中共中央政治局委员、外交部长王毅在纽约主持联合国安理会高级别会议期间同美国各界人士举行座谈。 新华社记者 李睿 摄