Connect with us

China

ဂါဇာပဋိပက္ခအပေါ် တရုတ်နိုင်ငံ၏ ရပ်တည်ချက်အား ဝမ်ရိပြောကြား

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၁၈ ရက်၌ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ “နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒ ဖော်ဆောင်မှုဖြင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုများအား ပြည်စုံကောင်းမွန်အောင် ပြုပြင်ပြောင်းလဲရေး” အဆင့်မြင့်အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်ပြီးနောက် မီဒီယာများအား ပြန်လည်ဖြေကြားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၁၈ ရက်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ “နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒ ဖော်ဆောင်မှုဖြင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုများအား ပြည်စုံကောင်းမွန်အောင် ပြုပြင်ပြောင်းလဲရေး” အဆင့်မြင့်အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်ပြီးနောက် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

ဂါဇာအရေး ဒုတိယအဆင့် ဆွေးနွေးပွဲ နောက်သို့ ရွှေ့ဆိုင်းမှုနှင့်စပ်လျဉ်း၍ သတင်းထောက်များက မေးမြန်းခဲ့ရာတွင် ဝမ်ရိက လက်ရှိ ဘက်ပေါင်းစုံက ယူကရိန်းအရေးကို အာရုံစိုက်နေကြကြောင်း၊ သို့သော် ကမ္ဘာတွင် ယူကရိန်းအရေးတစ်ခုတည်းသာ ရှိခြင်း မဟုတ်ဘဲ ဂါဇပဋိပက္ခအပါအဝင် များပြားလှစွာသော ဂရုပြုရမည့်ကိစ္စရပ်များရှိကြောင်း၊ ၎င်းတို့သည် နိုင်ငံတကာအသိုက်အဝန်းက အလားတူ အလေးထားရမည့်ကိစ္စဖြစ်ရာ ဘေးဖယ်မထားသင့်ကြောင်း ပြောကြားခဲ့သည်။
ဂါဇာပဋိပက္ခနောက်ကွယ်တွင် ပါလက်စတိုင်းအရေးသည် နှောင့်နှေးသည်ထက် နှောင့်နှေးကာ မဖြေရှင်းနိုင်သေးကြောင်း၊ ပါလက်စတိုင်းနှင့် အစ္စရေး နှစ်နိုင်ငံတည်ထောင်သည့် ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ အတည်ပြုခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ကြာရှိပြီ ဖြစ်သော်လည်း “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” ကို ထက်ဝက်သာ ဖော်ဆောင်ခဲ့ကြောင်း၊ အစ္စရေးနိုင်ငံကို ဆောလျင်စွာ တည်ထောင်ပြီးခဲ့သော်လည်း ပါလက်စတိုင်းပြည်သူများမှာမူ ယနေ့တိုင် မိမိ၏နိုင်ငံ မရှိသေးဘဲ လူအများအပြား အိုးမဲ့အိမ်မဲ့ဖြစ်ကာ ဒုက္ခသည်ဖြစ်နေရကြောင်း၊ ပါလက်စတိုင်းအရေးမှာ အစဉ်အမြဲအားဖြင့် အရှေ့အလယ်ပိုင်းပြဿနာ၏ ဗဟိုချက်ဖြစ်ရာ “နှစ်နိုင်ငံ ဖြေရှင်းမှုနည်းလမ်း” ဖော်ဆောင်မှု မရှိပါက အမုန်းကို အမုန်းဖြင့် လက်စားချေသည့် လော့ဂျစ် (Logic)က ရပ်တန့်မည်မဟုတ်သလို အကြမ်းဖက်ခြင်းကို အကြမ်းဖက်ခြင်းဖြင့် တုံ့ပြန်သည့် သံသရာမှာလည်း အဆုံးသတ်မည် မဟုတ်ကြောင်း၊ အရှေ့အလယ်ပိုင်း၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသည် အာမခံချက် မရှိသလို နိုင်ငံအသီးသီး၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အားလုံးသည် ခြိမ်းခြောက်ခံရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ထို့ကြောင့် တရုတ်နိုင်ငံသည် ဤကုလသမဂ္ဂအဆောက်အဦတွင် ဘက်ပေါင်းစုံအနေဖြင့် “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” ကို အရှိန်ဟုန်မြှင့် တွန်းအားပေးရန်၊ ၁၉၆၇ ခုနှစ်တွင် သတ်မှတ်ထားသောနယ်စပ်ကို အခြေခံပြီး လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ တည်ထောင်ရေးကို ထောက်ခံအားပေးရန် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပါလက်စတိုင်း ဂိုဏ်းဂဏအသီးသီးက 《ပေကျင်းကြေညာချက်》ကို အမှန်တကယ် အကောင်အထည်ဖော်ရမည် ဖြစ်ပြီး စည်းလုံးညီညွတ်စွာဖြင့် ကိုယ်ပိုင်အင်အားတောင့်တင်းရေးကို ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ ဆိုလိုသည်မှာ အရှေ့အလယ်ပိုင်း ဘက်ပေါင်းစုံအနေဖြင့် ကွဲလွဲမှုများကို ကျော်လွှားကာ ပါလက်စတိုင်းတို့၏ နိုင်ငံတည်ထောင်ရေးကို အားပေးရမည် ဖြစ်သလို ကုလသမဂ္ဂက လှုပ်ရှားမှုများကို ဆောင်ရွက်ကာ ပါလက်စတိုင်းအား တရားဝင်အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ဂါဇာက ပါလက်စတိုင်းပြည်သူများ၏ မိသားစုဥယျာဉ် ဖြစ်သလို ပါလက်စတိုင်းနယ်မြေ၏ တစ်စိတ်တစ်ပိုင်းဖြစ်ရာ နိုင်ငံတကာ နိုင်ငံရေးတွင် စတေးခံရမည့်အရာ မဖြစ်သင့်ကြောင်း၊ သက်ဆိုင်သူများက အပစ်ရပ်ရေးသဘောတူညီချက်ကို ဆက်လက်ဖော်ဆောင်ပြီး အပြုသဘောဆောင်သော သဘောထားဖြင့် နောက်ဆက်တွဲ ဆွေးနွေးပွဲများကို တွန်းအားပေးသင့်ကြောင်း၊ ဂါဇာ၏ စစ်ပွဲအလွန် စီမံခန့်ခွဲရေးတွင် “ပါလက်စတိုင်းအား ပါလက်စတိုင်းသားများ စီမံခြင်း” အခြေခံမူကို အခိုင်အမာလက်ကိုင်ထားကာ “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” နှင့် အပြန်အလှန် ချိတ်ဆက်ပြီး နောက်ဆုံးတွင် ပါလက်စတိုင်း-အစ္စရေး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ အရှေ့အလယ်ပိုင်း ရေရှည် တည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင်ရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)

……………………..
(Chinese Version)
王毅谈中方对加沙冲突的立场
新华社联合国2月18日电 当地时间2月18日,中共中央政治局委员、外交部长王毅在主持联合国安理会“践行多边主义,改革完善全球治理”高级别会议后现场回答了媒体提问。
记者问及中方对加沙问题第二阶段谈判推迟的看法,王毅表示,虽然当前各方关注乌克兰问题,但这个世界上不只有乌克兰问题,还有像包括加沙冲突在内的诸多热点,同样需要国际社会予以重视,不应该被边缘化。
加沙冲突的背后,是巴勒斯坦问题迟迟未能解决。联合国通过建立巴勒斯坦和以色列两个国家的决议已经过去70多年了,但“两国方案”只落实了一半。以色列国早已成立,但巴勒斯坦人民至今仍然没有自己的国家,很多人流离失所,沦为难民。巴勒斯坦问题始终是中东问题的核心,“两国方案”得不到落实,以怨报怨的逻辑就不会停止,以暴易暴的循环就不会结束。中东的和平稳定就没有保障,各国的和平与安全都会受到威胁。
因此,中方要在这座联合国大厦里,呼吁各方加快推进“两国方案”,支持建立以1967年边界为基础的、独立的巴勒斯坦国。巴勒斯坦各派要真正落实《北京宣言》,实现团结自强;中东各方要跨越分歧,支持巴方建国;联合国要采取行动,接纳巴勒斯坦成为正式的会员国。加沙是巴勒斯坦人民的家园,是巴勒斯坦领土的一部分,不应成为国际政治的牺牲品。当事方应持续落实停火协议,并以建设性态度推进后续谈判。加沙的战后治理应当坚持“巴人治巴”原则,与“两国方案”相互衔接,最终实现巴以和平共存、中东长治久安。(完)
1. 当地时间2月18日,中共中央政治局委员、外交部长王毅在主持联合国安理会“践行多边主义,改革完善全球治理”高级别会议后,向媒体发表谈话。 新华社记者 吴晓凌 摄