Connect with us

Asia

တရုတ်-ရုရှား နိုင်ငံတကာ ဝူရှူး ချန်ပီယံရှစ်ပြိုင်ပွဲကို ရုရှားနိုင်ငံ ဗိုလော့ဂ်ဒါမြို့၌ ကျင်းပ

ရုရှားနိုင်ငံ ဗိုလော့ဂ်ဒါမြို့၌ကျင်းပသည့် တရုတ်-ရုရှား နိုင်ငံတကာ ဝူရှူး ချန်ပီယံရှစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် အားကစားသမားများ၏ ကပြတင်ဆက်မှုကို ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရုရှား ဗိုလော့ဂ်ဒါ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

တရုတ်-ရုရှား နိုင်ငံတကာ ဝူရှူး ချန်ပီယံရှစ်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၉ ရက်တွင် ရုရှားနိုင်ငံ ဗိုလော့ဂ်ဒါပြည်နယ် မြို့တော်ဗိုလော့ဂ်ဒါ၌ စတင်ဖွင့်လှစ်ကျင်းပခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် တရုတ်-ရုရှား အားကစားသမားများက ထိုက်ချိ၊ တစ်ဖက်သွားဓားပညာ၊ နှစ်ဖက်သွားဓားပညာ စသည့်ကစားနည်းများကို တင်ဆက်ကပြခဲ့ရာ ပရိသတ်များ၏ လက်ခုပ်ဩဘာသံဖြင့် ခြိမ့်ခြိမ့်သဲ အားပေးမှုကို ရရှိခဲ့သည်။ ဒေသခံ အဲလက်ခ်က ၎င်း၏သားနှင့်အတူ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာခဲ့ရာ သုံးနှစ်ကြာ လက်ဝှေ့ထိုးလေ့ကျင့်ဖူးသည့် ၎င်းက ယခုအကြိမ်ပြိုင်ပွဲအပေါ် မျှော်လင့်ချက် အပြည့်ရှိနေသည်။ “ကျွန်တော်က ပုံမှန်ဆို အားကစားပြိုင်ပွဲအမျိုးမျိုး ကြည့်ရတာ သဘောကျတယ်။ ဒါပေမဲ့ ပြိုင်ပွဲခန်းမမှာ ဒီလိုမျိုး နိုင်ငံတကာ ဝူရှူးဖျော်ဖြေတင်ဆက်မှုကို ခံစားတာက ပထမဆုံးအကြိမ်ပါပဲ” ၊ ပြိုင်ပွဲအခြေအနေကို စောင့်ကြည့်သွားမည်ဖြစ်ပြီး “အားကစားသမားများကလည်း ကောင်းမွန်တဲ့ရလဒ်တွေ ဆွတ်ခူးရရှိနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ရုရှားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံအရာရှိ ကျန်းဝေက အမှာစကားပြောကြားရာတွင် ဝူရှူးသည် တရုတ်ယဉ်ကျေးမှု၏ နာမည်ကတ်တစ်ခုအနေဖြင့် တရုတ်ရိုးရာယဉ်ကျေးမှု၏ အနှစ်သာရများ ပါဝင်နေကြောင်း၊ ဝူရှူးက အားကစားလှုပ်ရှားမှုတစ်မျိုးနှင့် ကျန်းမာသော နေထိုင်မှုဘဝပုံစံ တစ်မျိုးအနေဖြင့် တရုတ်-ရုရှား နှစ်နိုင်ငံအကြားတွင် ယဉ်ကျေးမှုကူးလူးဖလှယ်မှုနှင့် အရပ်ဘက်ချစ်ကြည်ရေးအတွက် ပေါင်းကူးတံတားသဖွယ် တည်ဆောက်ထားကြောင်း ပြောကြားခဲ့သည်။
ဗိုလော့ဂ်ဒါပြည်နယ် အုပ်ချုပ်ရေးမှူး ဂျော်ဂျီ ဖီလစ်မီနော့ဗ်က ဝူရှူးသည် အမြန်နှုန်း၊ အင်အား၊ ခံနိုင်ရည်စွမ်း၏ သင်္ကေတဖြစ်ရုံသာမက ရုရှား-တရုတ်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို တိုးမြှင့်ပေးသည့် အဖိုးတန်အရင်းအမြစ်လည်းဖြစ်ကြောင်း၊ နှစ်နိုင်ငံအားကစားသမားများက ယခုအကြိမ်ပြိုင်ပွဲမှတစ်ဆင့် အဆိုပါအရင်းအမြစ်၏ အလားအလာကို အပြည့်အဝအသုံးပြုသွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ယခုအကြိမ် ဝူရှူးချန်ပီယံရှစ်ပြိုင်ပွဲကို ၂ ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး တရုတ်၊ ရုရှား အားကစားသမားများက ဝူရှူး (ထောက်လု)၊ Sanda စသည့် ကစားနည်းကြီးနှစ်မျိုးတွင် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————
(Chinese Version)
中俄国际武术锦标赛在俄罗斯沃洛格达市开幕
新华社俄罗斯沃洛格达2月19日电(记者江宥林)中俄国际武术锦标赛19日在俄罗斯沃洛格达州首府沃洛格达市开幕。
开幕式上,中俄运动员献上太极拳、刀术、剑术等项目展示,现场掌声、欢呼声不断。当地市民阿列克谢带着儿子来参加开幕式,练习拳击三年的他对此次比赛充满期待。“我平时喜欢看各类体育比赛,但现场感受这种国际武术表演还是第一次。”他说自己将全程关注比赛,“祝愿运动员们收获好成绩”。
中国驻俄罗斯大使馆公使张伟在致辞中说,武术作为中华文明的名片,蕴含着中国传统文化的精髓。他表示,武术作为一项体育运动和一种健康生活方式,在中俄之间搭建起文化交流和民间友谊的桥梁。
沃洛格达州州长格奥尔吉·菲利蒙诺夫说,武术不只是速度、力量、耐力的象征,还是促进俄中关系发展的宝贵资源。他希望两国运动员通过此次比赛,让这一资源的潜力得到更加充分的发挥。
据介绍,此次武术锦标赛为期两天。中俄运动员将在武术套路、散打两个大项中展开角逐。(完)
图说:2月19日,演员在开幕式上表演。 新华社记者 孟菁 摄