Connect with us

China

ဟယ်လိဖုန်းနှင့် အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Scott Bessent ဗီဒီယိုဖြင့်ဆက်သွယ်ဆွေးနွေး

ပေကျင်း၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

တရုတ်-အမေရိကန် ကုန်သွယ်ရေးတွင် တရုတ်ဘက်ဦးဆောင်သူ၊ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းသည် ဖိတ်ကြားချက်အရ အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Scott Bessent နှင့် ဗီဒီယိုဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။ နှစ်ဖက်အနေဖြင့် တရုတ်-အမေရိကန် ခေါင်းဆောင်များ ဆက်သွယ်ဆွေးနွေးမှု၏ သဘောတူညီချက်များ အကောင်အထည်ဖော်ဆောင်ရန်အတွက် တရုတ်-အမေရိကန် စီးပွားရေးကဏ္ဍ အရေးကြီးအကြောင်းအရာများနှင့်စပ်လျဉ်း၍ နက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။ တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေးဆက်ဆံမှု၏ အရေးပါပုံကို နှစ်ဖက်လုံးက အသိအမှတ်ပြု၍ အပြန်အလှန်ဂရုပြုကြသည့် ကိစ္စရပ်များတွင် ချိတ်ဆက်မှုကို ဆက်လက်ထိန်းသိမ်းထားရန် နှစ်ဖက်က သဘောတူခဲ့ကြသည်။ တရုတ်နိုင်ငံက လတ်တလောကာလအတွင်း တရုတ်နိုင်ငံအပေါ် အမေရိကန်၏ စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမှု စသည့် ကန့်သတ်ချက် အစီအမံများအပေါ် အထူးဂရုပြုစိုးရိမ်ကြောင်းလည်း ပြောကြားခဲ့သည်။ (Xinhua)

……………………..

(Chinese Version)

何立峰与美财长贝森特举行视频通话

新华社北京2月21日电(记者刘杨)2月21日,中美经贸中方牵头人、国务院副总理何立峰应约与美国财政部部长贝森特举行视频通话,双方围绕落实中美元首通话共识,就中美经济领域重要问题深入交换意见。双方均认同中美经贸关系的重要性,双方同意就彼此关心的问题继续保持沟通。中方就近期美对华加征关税等限制措施表达严正关切。(完)