Connect with us

Europe

ဇယ်လန်းစကီး အထူးလေယာဉ်ဖြင့် ဆော်ဒီအာရေဗျနိုင်ငံသို့ ရောက်ရှိ

ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမြို့တွင် လမ်းနံဘေး၌ လွှင့်ထူထားသော ဆော်ဒီအာရေဗျနှင့် ယူကရိန်း နှစ်နိုင်ငံ၏ နိုင်ငံတော်အလံများကို မတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ မတ် ၁၁ ရက် (ဆင်ဟွာ)
ယူကရိန်း သမ္မတ ဇယ်လန်းစကီးက အထူးလေယာဉ်ဖြင့် ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမြို့သို့ ညနေပိုင်းတွင် ရောက်ရှိခဲ့ကြောင်း ယူကရိန်းမီဒီယာများ၏ မတ် ၁၀ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဇယ်လန်းစကီး၏ အထူးလေယာဉ်သည် ပိုလန်နိုင်ငံ Rzeszów-Jasionka Airport မှ ပျံသန်းခဲ့ပြီး ဆော်ဒီအာရေဗျနိုင်ငံ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၄၀ မိနစ်က ဂျက်ဒါမြို့ရှိ King Abdulaziz International Airport ၌ ဆင်းသက်ခဲ့ကြောင်း Interfax-Ukraine သတင်းဌာနက သတင်းတွင် ဖော်ပြခဲ့သည်။

အတူလိုက်ပါလာသူများတွင် ယူကရိန်းသမ္မတရုံး ဌာနမှူး Andrii Yermak ၊ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Andrii Sybiha‎ နှင့် ကာကွယ်ရေးဝန်ကြီး Rustem Umerov တို့ပါဝင်ကြောင်း သတင်းအရ သိရသည်။ ယူကရိန်းနှင့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် မတ် ၁၁ ရက်တွင် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပမည်ဖြစ်ကြောင်း၊ အမေရိကန်ဘက်မှ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၊ အရှေ့အလယ်ပိုင်းရေးရာ အထူးသံတမန် Steve Witkoff နှင့် အမေရိကန်သမ္မတ၏ အမျိုးသားလုံခြုံရေးအကြံပေး Michael Waltz တို့ပါဝင်ကြောင်း သတင်းတွင် ထပ်မံဖော်ပြခဲ့သည်။ (Xinhua)


………………………………..
(Chinese Version)
乌媒说泽连斯基乘专机抵达沙特
新华社基辅3月10日电(记者李东旭)据乌克兰媒体10日报道,乌克兰总统泽连斯基乘专机于当天下午抵达沙特阿拉伯的吉达市。
乌克兰国际文传电讯社报道说,泽连斯基的专机从波兰的热舒夫-亚西翁卡机场起飞,于沙特当地时间17时40分降落在吉达市的阿卜杜勒-阿齐兹国王国际机场。
报道说,随行人员包括乌总统办公室主任叶尔马克、乌外长瑟比加和国防部长乌梅罗夫。   报道还说,乌克兰与美国代表团将于11日举行会谈。美方参会人员包括国务卿鲁比奥、中东问题特使威特科夫和总统国家安全事务助理华尔兹。(完)
图说1:3月10日,在沙特阿拉伯吉达,沙特阿拉伯和乌克兰两国的国旗在道路旁飘扬。新华社记者 王东震 摄