Connect with us

Environment, Disasters & Accidents

ဆွေမျိုးပေါက်ဖော် အတူလက်တွဲကာ အသက်ရှင်သန်ရေး ကယ်ဆယ်ခြင်း

မြန်မာနိုင်ငံ မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုတွင် မြန်မာနိုင်ငံ တရုတ်နွယ်ဖွား လူငယ် စေတနာ့ဝန်ထမ်းများကကယ်ဆယ်ရေးလုပ်ငန်းများ ကူညီလုပ်ဆောင်ရန် လာရောက်နေသည်ကို ၂၀၂၅ ခုနှစ် မတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မန္တလေး၊ မြန်မာ၊ မတ် ၃၀ ရက် (ဆင်ဟွာ)
“စေတနာ့ဝန်ထမ်းတွေ ၁၀၀ ကျော်လာတယ်။ ဆက်တိုက်လည်း လူတွေလာဦးမှာ၊ ကြိုးစားထား။”
မတ် ၃၀ ရက် နံနက်စောစောတွင် ငလျင်ဒဏ်သင့်မှုပြင်းထန်သည့် မြန်မာနိုင်ငံ မန္တလေးမြို့၌ တရုတ်နွယ်ဖွားလူငယ် စေတနာ့ဝန်ထမ်း ယန်ကျင်းကျင်းနှင့် မိတ်ဆွေများက ထိုနေ့နံနက်ပိုင်းတွင် ငလျင်ဒဏ်သင့်ဒေသသို့ ရောက်ရှိလာသော တရုတ်နိုင်ငံ Blue Sky ကယ်ဆယ်ရေးအဖွဲ့၏ ရှေ့ပြေးအဖွဲ့ဝင်များကို လမ်းညွှန်မှုဖြင့် ကယ်ဆယ်ရေးကနဦးလုပ်ငန်းများကို ကူညီလုပ်ဆောင်ခဲ့ကြသည်။
မန္တလေးမြို့တွင်းရှိ Sky Villa ဟု အမည်ရသော ၁၁ ထပ်ရှိသည့် ကွန်ဒိုတိုက်သည် ပြင်းထန်သောငလျင်၏ သက်ရောက်မှုကြောင့် တိုက် ၃ တိုက်အတွင်းမှ ၂ တိုက်မှာ လုံးလုံးလျားလျားပြိုကျသွားခဲ့သည်။ အခြားတစ်တိုက်၏ ၅ လွှာနှင့် အောက်ထပ်များသည်လည်း မြေအောက်သို့ကျွံဝင်ပြိုကျသွားခဲ့ရာ လူရာနှင့်ချီ၍ ပိမိနေပြီး ကယ်ဆယ်ရေးများ အရေးတကြီးလိုအပ်လျက်ရှိသည်။
ယခုတာဝန်သည် ကယ်ဆယ်ရေးဆိုင်ရာ နည်းပညာကျွမ်းကျင်မှု အထူးလိုအပ်သဖြင့် မြန်မာနိုင်ငံဘက်က အဆိုပါအဆောက်အဦအား အထူးရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ရန် တရုတ်ဘက်မှ ကယ်ဆယ်ရေးအဖွဲ့များကို အထူးတောင်းဆိုထားခြင်းဖြစ်သည်။
ဒေသတွင်းကိုယ်စားလှယ်လည်းဖြစ်၊ မြန်မာဘက်မှ ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းမှုလုပ်ငန်းများကို ကြီးမှူးလုပ်ဆောင်သည့် မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ အရာရှိတစ်ဦးက တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ကူညီပေးမှုများကိုကျေးဇူးတင်ရှိကြောင်း၊ တရုတ်ကယ်ဆယ်ရေးအဖွဲ့ဝင်များပါဝင်လာခြင်းကြောင့် ပိတ်မိနေသူများကို ပိုမိုထိရောက်စွာကယ်ဆယ်နိုင်မည်ဟု မျှော်လင့်ကြောင်း ဆင်ဟွာသတင်းထောက်အား ပြောကြားခဲ့သည်။
မတ် ၃၀ ရက် နံနက်ပိုင်းတွင် မန္တလေးမြို့သို့ရောက်ရှိသည့် ပထမဆုံးအသုတ် တရုတ်နိုင်ငံ Blue Sky ကယ်ဆယ်ရေးအဖွဲ့ ရှေ့ပြေးအဖွဲ့ဝင်များက ဒေသတွင်း၌ လုပ်ငန်းများစတင်လုပ်ဆောင်ခဲ့သည်။ နံနက် ၆ နာရီ ၃၀ မိနစ်တွင် မြန်မာနိုင်ငံ တရုတ်နွယ်ဖွား လူငယ်စေတနာ့ဝန်ထမ်းများကစုစည်းမှုကို တုံ့ပြန်၍ လာရောက်ပြီး ကယ်ဆယ်ရေးအဖွဲ့ဝင်များ၏ ကျွမ်းကျင်သော လမ်းညွှန်မှုဖြင့် သတင်းအချက်အလက် စုဆောင်းမှု၊ ငလျင်ဒဏ်သင့်ဒေသ အခြေအနေမြေပြင်စစ်ဆေးမှု စသည့် ကနဦးနည်းပညာ၊ အချက်အလက်နှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာအာမခံပေးမှုလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။
မြန်မာနိုင်ငံဘက်မှ ကယ်ဆယ်ရေးဌာနဆိုင်ရာ အရာရှိများလည်း လာရောက်၍ ရှေးဦးစွာရောက်ရှိသော ကယ်ဆယ်ရေးရှေ့ပြေးအဖွဲ့ဝင်များအား မြန်မာဘက်က နိုင်ငံတကာကယ်ဆယ်ရေးလုပ်ငန်းအတွက် တာဝန်ခွဲဝေထားမှုများကိုရှင်းလင်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံ Blue Sky ကယ်ဆယ်ရေးအဖွဲ့ မြေပြင်စစ်ဆေးရေးအဖွဲ့ဝင် လီဝန်ယန်က မန္တလေးမြို့ရှိ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းအား ဗဟိုချက်အဖြစ်ထားကာ အရှေ့၊ အနောက်၊ တောင်၊ မြောက်ဟူ၍ မြေပြင်စစ်ဆေးရေးနေရာ ၄ ခုခွဲထားမည်ဟု ဆိုထားသည်။
စေတနာ့ဝန်ထမ်းများက ကယ်ဆယ်ရေးအဖွဲ့များ တာဝန်ယူကယ်ဆယ်ရသည့် ပြိုကျမှုနေရာကြီး ၃ ခုအပြင် ပြိုကျသောအဆောက်အအုံအတွင်း ပျောက်ဆုံးလူဦးရေ၊ အသက်ရှင်ကျန်သူ၊ သေဆုံးသူ စသည့် အချက်အလက်များကို စုဆောင်းရမည်ဖြစ်ကြောင်း၊ နောက်ဆက်တွဲ ကယ်ဆယ်ရေးအင်အားများ စီစဉ်နေရာချထားရာတွင် ကြိုတင်စီစဉ်ရန်နှင့် မြေပြင်စစ်ဆေးရေး လုပ်ဆောင်ရာ၌ အဆင်ပြေစေရန်အတွက် အချက်အလက်များကို ရှေ့ပြေးအဖွဲ့တွင် စုစည်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ကျွန်‌တော်က ကျောင်းဆရာတစ်ဦးပါ။ အိမ်မှာကအခြေအနေကောင်းပါသေးတယ်။ ဒီဘက်မှာ ငလျင်ဒဏ်သင့်တဲ့ သတင်းကိုကြားရတော့ အရမ်းဝမ်းနည်းမိတယ်။ အင်အားရှိတော့ အင်အားနဲ့ပါဝင်တာပေါ့။ ဒါကြောင့်ကျွန်တော် လာကူညီတာပါ” ဟု မြန်မာ တရုတ်နွယ်ဖွား လူငယ်စေတနာ့ဝန်ထမ်း လျိုလိဖိန်က သတင်းထောက်အား ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ Blue Sky ကယ်ဆယ်ရေးအဖွဲ့ ရှေ့ပြေးအဖွဲ့ခေါင်းဆောင် ချွီကျန့်ချွမ်က မတ် ၃၀ ရက်တွင် တရုတ်နိုင်ငံ အရပ်ဘက်ကယ်ဆယ်ရေးအဖွဲ့ပေါင်းများစွာမှ လူပေါင်း ၈၀ သည် ရန်ကုန်မှ မန္တလေးလေဆိပ်သို့ ဆိုက်ရောက်လာမည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်များက ကျွမ်းကျင်ကယ်ဆယ်ရေးစက်ပစ္စည်းများစွာ သယ်ဆောင်လာကာ မန္တလေးသို့ရောက်ရှိပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများ ချက်ချင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)


……………………
(Chinese Version)
现场直击|胞波携手 搜救生命
新华社缅甸曼德勒3月30日电 现场直击|胞波携手 搜救生命   新华社记者蒋超
“来了100多名志愿者,陆陆续续还会再来人。加油!”30日一早,在地震受灾严重的缅甸曼德勒市,华人青年志愿者杨菁菁正和伙伴们一起,在当天凌晨抵达灾区的中国蓝天救援队先遣队员指导下,协助救援前期工作。
曼德勒市区内一个名为天空别墅的11层公寓建筑群受强震影响,三座楼体中的两座完全坍塌。据了解,另一座楼体5层以下发生坐沉垮塌,数百人遭掩埋,亟待救援。此项任务对救援专业技术水平要求很高,缅方特请中方救援队伍针对这座建筑展开搜救。
在当地代表缅方主持搜救协调工作的缅甸消防培训学校校长吴索温对新华社记者说,感谢中方为缅甸救灾提供帮助,希望有了中方救援人员的加入,能更有效地营救被困人员。
30日凌晨,首批抵达曼德勒市的中国蓝天救援队先遣队员立即在当地开展工作。凌晨6时30分,上百名缅甸华侨华人青年志愿者响应号召赶来,在救援队员的专业指导下展开信息搜集、震区情况勘探等前期技术、信息和后勤保障工作。缅方救援部门官员也赶来,向先期抵达的救援队先遣队员介绍缅方对国际救援工作的分工安排。
中国蓝天救援队勘测组队员李文阳说,准备以曼德勒市云南会馆为中心点,分成东南西北4个勘测区域。志愿者们搜集救援队负责搜救的三个大的坍塌点之外的所有坍塌建筑内失踪人口、幸存者、遇难者信息,并将信息汇总到先遣队,以便为随后救援力量的安排做好提前的计划和勘察。
“我是一名教师,家里情况还好,听到这边受灾的消息很难过,有力出力,我过来帮帮忙。”缅甸华人青年志愿者刘立平告诉记者。
中国蓝天救援队先遣组组长曲正权说,30日将有来自中国多家民间救援队伍的共80人由仰光飞抵曼德勒机场,队员们携带大量专业搜救设备,飞抵曼德勒后将立即投入搜救。(完)
图说:3月30日,在缅甸曼德勒天空别墅公寓建筑群,缅甸华侨华人青年志愿者前来协助救援工作。新华社记者 蒋超 摄