Environment, Disasters & Accidents
တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံ ငလျင်ဒဏ်သင့်ဒေသသို့ ဆေးကုသရေးပစ္စည်းများ စုစည်းပို့ဆောင်

ကူမင်း၊ မတ် ၃၁ ရက် (ဆင်ဟွာ)
ယူနန်ပြည်ပချစ်ကြည်ရေးအသင်းသည် ယူနန်ပြည်နယ် ယူနန်ကုန်သည်ကြီးများအသင်းချုပ် ဥက္ကဋ္ဌဌာနနှင့်ညှိနှိုင်း၍ မြန်မာနိုင်ငံ ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပံ့ပိုးကူညီပေးရန် မြန်မာနိုင်ငံအစိုးရထံသို့ နှာခေါင်းစည်း၊ ကာကွယ်ရေးဝတ်စုံ၊ ဆေးဝါး စသည့် ယွမ် ၁ သန်းခန့် တန်ဖိုးရှိသော ကုသရေးပစ္စည်းများ လှူဒါန်းပေးအပ်သွားမည်ဖြစ်ကြောင်း ယူနန်ပြည်နယ်အစိုးရ တရုတ်နွယ်ဖွားရေးရာရုံးမှ သိရှိရသည်။
အဆိုပါပစ္စည်းများကို မတ် ၃၁ ရက် နေ့လယ် ၃ နာရီဝန်းကျင်တွင် ယူနန်ပြည်နယ် ကူမင်းမြို့ ချန်ရွှေအပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံ နေပြည်တော်လေဆိပ်သို့ မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airline) UB8804 ခရီးစဉ်ဖြင့် သယ်ယူပို့ဆောင်မည်ဖြစ်ကာ ခန့်မှန်းခြေ ဒေသစံတော်ချိန် မတ် ၃၁ ရက် နေ့လယ် ၃ နာရီဝန်းကျင်တွင် နေပြည်တော်သို့ ပို့ဆောင်ရောက်ရှိမည်ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)

ဆေးကုသရေးပစ္စည်းများ သယ်ဆောင်ထားသည့်ယာဉ်များ လေဆိပ်သို့မောင်းနှင်ရန် ပြင်ဆင်နေသည်ကို ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝန်ထမ်းများက ဆေးကုသရေးပစ္စည်းများအား ကားပေါ်တင်နေသည်ကို ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————–
(Chinese Version)
云南组织一批医疗物资送往缅甸灾区
新华社照片,昆明,2025年3月31日
当日,记者从云南省侨办获悉,云南海外联谊会协调云南省滇商总会会长单位,向缅甸政府捐赠包括口罩、防护服、药品等价值约100万元的医疗物资,支援缅甸地震救灾工作。
这批物资将搭乘由缅甸国家航空执飞的UB8804航班于31日15时许从昆明长水国际机场飞往缅甸内比都机场,预计将在当地时间31日15时许运抵内比都。
图说1、2:3月31日,装运医疗物资的车辆准备开往机场。 新华社记者 江文耀 摄
图说3:3月31日,工作人员将医疗物资装车。新华社记者 江文耀 摄