Connect with us

Environment, Disasters & Accidents

မန္တလေးသို့ ကယ်ဆယ်ရေးသွားရောက်ကူညီသည့် နေ့နှင့်ညများ

ဒေသစံတော်ချိန် ၂၀၂၅ ခုနှစ် မတ် ၃၁ ရက် ၀ နာရီ ၄၀ မိနစ်တွင် တရုတ်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့က အချိန် ၅ နာရီကျော်ကြာ ကယ်ဆယ်မှုလုပ်ဆောင်ပြီးနောက် မြန်မာနိုင်ငံ မန္တလေးမြို့၌ အသက်ရှင်ကျန်သူ အမျိုးသမီးတစ်ဦးအား အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့စဉ် (ဆင်ဟွာ)

မန္တလေး၊ မြန်မာ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

“ဖေဖေ ဘာသွားလုပ်တယ်ဆိုတာသိလား”
“လူသွားကယ်မလို့”
“ဖေဖေ ဘယ်သွားလဲဆိုတာ သိလား”
“မြန်မာနိုင်ငံ”
လေယာဉ်တံခါးပိတ်ပြီးနောက် တရုတ်နိုင်ငံကယ်ဆယ်ရေးအဖွဲ့ဝင် ချွေးဖေးလော့သည် လေယာဉ် စတင်မပျံသန်းမီ မိသားစုဝင်များအား ဖုန်းဖြင့်ဆက်သွယ်ခဲ့သည်။
ဒေသစံတော်ချိန် မတ် ၂၉ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် သတင်းထောက်သည် တရုတ်နိုင်ငံ အရေးပေါ်စီမံခန့်ခွဲမှု ဝန်ကြီးဌာနမှ စေလွှတ်သော တရုတ်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့ (China Search and Rescue Team) နှင့်အတူ စင်းလုံးငှားလေယာဉ်ဖြင့် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ဆိုက်ရောက်ခဲ့သည်။
ငလျင်လှုပ်ခတ်မှုဒဏ် ပြင်းထန်စွာခံရသည့် မန္တလေးတိုင်းဒေသကြီးတွင် လမ်းတံတားနေရာ အမြောက်အများ ဆိုးရွားစွာ ပျက်စီးနေပြီး အနီးတစ်ဝိုက် လေဆိပ်တွင်လည်း အကြီးစားလေယာဉ် ဆင်းသက်ဆိုက်ရောက်နိုင်သည့် အခြေအနေမရှိပေ။ ကယ်ဆယ်ရေးအတွက် အချိန်ပိုရနိုင်ရန် တရုတ်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့က ကားဖြင့် ညတွင်းချင်း ငလျင်သင့်ဒေသသို့ သွားရောက်ရန် ဆုံးဖြတ်ခဲ့သည်။
ရန်ကုန်မှ စတင်ထွက်ခွာချိန်မှာ ည ၆ နာရီ ၃၀ မိနစ် ဖြစ်ပြီး ငလျင်လှုပ်ခတ်မှုဒဏ် ပြင်းထန်စွာ ခံစားရသည့်ဒေသနှင့် ကီလိုမီတာ ၆၀၀ ကျော်ကွာဝေးသည်။ တစ်ညတာ အပြေးအလွှား သွားရောက်ပြီးနောက် တရုတ်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့သည် ဒုတိယနေ့ နံနက် ၇ နာရီဝန်းကျင်တွင် နေပြည်တော် အနီးတစ်ဝိုက်သို့ ရောက်ရှိခဲ့သည်။
လမ်းများပြတ်တောက်ခြင်း၊ ဆက်သွယ်ရေးဖုန်းလိုင်းမမိခြင်း၊ ပတ်ဝန်းကျင်ရှုပ်ထွေးခြင်း စသည်တို့ဖြင့် ငလျင်ဒဏ်သင့်ဒေသသို့ သွားရောက်ရာလမ်းမှာမူ အခက်အခဲအထပ်ထပ်နဲ့ပင်။ ကျန်ရှိသော ကီလိုမီတာ ၃၀၀ ကျော် လမ်းကို အချိန် ၁၀ နာရီကြာအောင် သွားရောက်ခဲ့ရသည်။
ခက်ခဲသောအလုပ်များ လုပ်ဆောင်ရမည်ဖြစ်သဖြင့် တရုတ်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့ဝင်များကလည်း အချိန်လု၍ အနားယူနေကြသည်။ အနားယူနေချိန်တွင်ပင် ချွီမင်ဟောက်နှင့် အဖွဲ့ဝင်များက မန္တလေးမြို့၌ အသက်ရှင်ကျန်သူများ ရှိနိုင်သည့် အဆောက်အအုံဖွဲ့စည်းပုံကို အကဲဖြတ်မှုများ၊ ထောက်တိုင်ဖြင့် ထောက်ခံထားသည့်နည်းလမ်းကို ဒီဇိုင်းစီစဉ်မှုများ လုပ်ဆောင်ခဲ့ကာ အခင်းဖြစ်ပွားရာနေရာ ရောက်ရှိပြီးနောက် အမြန်ဆုံးကယ်ဆယ်ရေးလုပ်ဆောင်နိုင်ရန်အတွက် ကယ်ဆယ်ရေးပစ္စည်းများကို အတည်ပြုခဲ့သည်။
လမ်းတစ်လျှောက် အထူးသဖြင့် လူဦးရေသိပ်သည်းသည့် မြို့ပြနေရာများတွင် ပြိုကျပျက်စီးသော အိမ်များ တဖြည်းဖြည်း များပြားလာခဲ့သည်။
“ဒီတံတားကို ဖြတ်ပြီးသွားရင် မန္တလေးမြို့ကိုရောက်ပြီ။”
ကားအဖွဲ့က ရှေ့ဆက်လာရာ လမ်းညွှန်သူ၏ ညွှန်ပြချက်အတိုင်း ကြည့်လိုက်လျှင်ပင် ပျက်စီးနေသော အဆောက်အဦများ၊ ကျောက်တုံးကျောက်ခဲများကို နေရာတကာ တွေ့မြင်နေရသည်။ ပြိုကျပျက်စီးနေသော ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများလည်းရှိပြီး အထပ်မြင့်အဆောက်အဦများ၏ အပေါ်ယံလွှာတွင် သိသာသော အက်ကြောင်းများရှိနေသည်။ ငလျင်ဒဏ်သင့်ပြည်သူအများအပြားကလည်း လမ်းဘေးတွင်ထိုင်ရင်း ၎င်းတို့အား တစ်ဆင့်ပို့ဆောင်ပေးမည့် ယာဉ်များကို စောင့်ဆိုင်းနေကြသည်။
ကားရပ်လိုက်လျှင်ပင် တရုတ်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့က မြေပြင်နေရာသို့ သွားရောက်လေ့လာရန် အဖွဲ့ဝင် ၁၆ ဦးပါ အထူးအဖွဲ့ငယ်ကို လျင်မြန်စွာစေလွှတ်လိုက်သည်။
မန္တလေးမြို့ရှိ ဂရိတ်ဝေါဟိုတယ်မှာ ဘေးစောင်းပြိုကျနေပြီး ၇ လွှာရှိသည့် အထပ်မြင့်တိုက်သည် ၂ လွှာနေရာမှ ပြတ်တောက်ပြိုကျနေသည်။ သံချောင်းနှင့် ပိုက်များက အစွယ်များသဖွယ် အပြင်သို့လန်ထွက်နေပြီး အချို့သောလူများ အတွင်းဘက်၌ လုံးဝပိတ်မိနေသည်။
မြေပြင်လေ့လာခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်း၊ အဆောက်အဦအား ဖြိုဖျက်ခြင်း … ဒေသစံတော်ချိန် မတ် ၃၀ ရက် ၁၉ နာရီ ၃၀ မိနစ်မှစ၍ တရုတ်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့က မနားမနေဘဲ အခင်းဖြစ်ရာနေရာရှိ အခြားကယ်ဆယ်ရေးအင်အားများနှင့်အတူ ပူးတွဲကယ်ဆယ်ရေးများ လုပ်ဆောင်ခဲ့သည်။
အချိန်တစ်စက္ကန့်ချင်း ကုန်ဆုံးသွားလေပြီဖြစ်သည်။ အချိန် ၅ နာရီအကြာတွင် အက်ကွဲကြောင်းများကြားမှ သတင်းကောင်း ပေါ်ထွက်လာသည်။ “လူထွက်လာတော့မယ်။ အမျိုးသမီး အသက်ရှင်သေးတယ်။”
ဒေသစံတော်ချိန် မတ် ၃၁ ရက် ၀ နာရီ ၄၀ မိနစ်တွင် နာရီ ၆၀ ကျော်ကြာ ပိတ်မိနေသော အမျိုးသမီးတစ်ဦးအား အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့သည်။
တစ်ချိန်တည်းတွင်ပင် မန္တလေးမြို့ Sky Villa ကွန်ဒို ရှာဖွေကယ်ဆယ်ရေးနေရာ၌ တရုတ်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့၏ အခြားလှုပ်ရှားမှုအဖွဲ့ကလည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အပူတပြင်း လုပ်ဆောင်လျက်ရှိသည်။
ငလျင်ဖြစ်ပွားချိန်တွင် ပိတ်မိသူ၏ မိသားစုဝင်တစ်ဦးမှာ နယ်တွင်ရောက်ရှိနေသည်။ ဖုန်းထဲတွင် ၎င်း၏ ၅ နှစ်အရွယ် သားလေးက ထိတ်လန့်စွာ ကယ်ဆယ်ရန် အော်နေသည်။ “ဖေဖေ သားကို မြန်မြန်လာကယ်ပါဦး…” ဖုန်းထဲမှ ပြောဆိုသံ ပြတ်တောက်သွားပြီး ၎င်းမှာမူ ပူပန်သောကရောက်နေလေသည်။ Sky Villa ကွန်ဒို အပျက်အစီးများရှေ့တွင် ၎င်းက တရုတ်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့ဝင် ရွှဲဖုန်ဟွေ့ထံ တည်နေရာအား အလောတကြီး ပြောပြလျက်ရှိသည်။
“သူအကူအညီတောင်းတာ ကြားရတော့ ကျွန်တော့်ရင်ထဲ ခံစားချက်အမျိုးမျိုးပါပဲ။ ကျွန်တော်လည်း အဖေတစ်ယောက်ပါ။ ကျွန်တော့်ကလေးကလည်း ၅ နှစ်ပါပဲ။ အမြန်ဆုံး ကယ်ဆယ်မှဖြစ်မယ်” ဟု ရွှဲဖုန်ဟွေ့က ထိုစဉ်ကအခြေအနေကို ပြန်လည်အမှတ်ရလျက် ပြောပြခဲ့သည်။
တရုတ်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင်များသည် တုံ့ပြန်အချက်ပေးသံအတိုင်း ဒေါင်လိုက် အောက်ဘက်သို့ ဖြိုဖျက်ခဲ့ရာ အပျက်အစီးများအောက်ရှိ မိန်းကလေးတစ်ဦးနှင့် ကိုယ်ဝန်ဆောင်သည်တစ်ဦးကို တိကျစွာ ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းတို့နှစ်ဦးအား အဆင်ပြေချောမွေ့စွာ ရွှေ့ပြောင်းပို့ဆောင်ခဲ့သည်။
မန္တလေးမြို့ ညအမှောင်အောက်ရှိ ရှာဖွေကယ်ဆယ်ရေးနေရာ၌ ကယ်ဆယ်ရေးအဖွဲ့များ၏ အလုပ်များနေပုံကို နေရာတကာတွေ့မြင်နိုင်သည်။ ထို့ပြင် စိတ်ဓာတ်ခိုင်မာစွာဖြင့် ကိုယ့်အားကိုယ်ကိုး၍ မိမိအသက်ကို ကယ်ဆယ်နိုင်ခဲ့သော အံ့ဖွယ်ကိုလည်း တွေ့မြင်ရသည်။
Sky Villa ကွန်ဒိုသည် မုန့်များထပ်ထားသည့်ပမာ ပြိုကျသွားသဖြင့် မြန်မာမိန်းကလေးတစ်ဦးနှင့် ၎င်း၏ အသက် ၂၉ နှစ်အရွယ် အစ်မဖြစ်သူတို့အား လှေကားခန်း၌ ပိတ်မိသွားစေခဲ့သည်။ အဆိုပါမိန်းကလေးသည် ၎င်း၏သေးသွယ်သော ခန္ဓာကိုယ်အနေအထားဖြင့် အပျက်အစီးများကြားထဲမှ ကိုယ်တိုင်ထွက်လာခဲ့ပြီး ကံကောင်းစွာဖြင့် မြေပြင်တွင်လေ့လာရှာဖွေနေသည့် တရုတ်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။
မိန်းကလေးသည် မိမိကိုယ်ပေါ်က ဒဏ်ရာများကိုပင် မမှုနိုင်ဘဲ တရုတ်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့ဝင်များ၏ ကြိုးမဲ့စကားပြောစက်ဖြင့် အစ်မဖြစ်သူရှိရာနေရာဆီ ပြန်ဝင်သွားခဲ့သည်။ ကယ်ဆယ်ရေးအဖွဲ့ဝင်များက ၎င်း၏အစ်မဖြစ်သူသည် အသက်ရှင်နေဆဲဖြစ်ကြောင်း အတည်ပြုပြီးနောက် ဖြိုဖျက်မှုများ လျင်မြန်စွာလုပ်ဆောင်ပြီး အသက်ရှင်သန်ရေး လမ်းကြောင်းတစ်ခု ဖောက်လုပ်ခဲ့သည်။ အဆိုပါလမ်းကြောင်းတစ်လျှောက် ၎င်း၏အစ်မဖြစ်သူက အပျက်အစီးများကြားထဲမှ အဆင်ပြေစွာ ထွက်လာနိုင်ခဲ့သည်။
တစ်ညလုံး အဆက်မပြတ် မရပ်မနားဖြင့် တရုတ်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့က အသက်ရှင်ကျန်သူ ၄ ဦးကို အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့သည်။
အဆိုပါ ၅ နှစ်အရွယ် သားလေးကိုမူ ရှာမတွေ့သေးပေ။ အသက်ရှင်ကျန်ရန် မျှော်လင့်ချက် နည်းပါးသော်လည်း ရွှဲဖုန်ဟွေ့တို့ လက်မလျှော့ချင်သေးပေ။ ၎င်းနှင့် အဖွဲ့ဝင်များက စခန်းသို့ပြန်သွား၍ ခေတ္တအနားယူပြီးသည်နှင့် ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်လုပ်ဆောင်ရန် ပြင်ဆင်နေပေသည်။ (Xinhua)

တရုတ်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့နှင့် Ramunion Rescue ကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုမှ ကိုယ်ဝန်ဆောင်သည်အမျိုးသမီးတစ်ဦးအား ဒေသစံတော်ချိန် ၂၀၂၅ ခုနှစ် မတ် ၃၁ ရက် နံနက် ၆ နာရီ မိနစ် ၂၀ ခန့်တွင် အောင်မြင်စွာ ကယ်ထုတ်လာသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ မန္တလေးမြို့တွင် တရုတ်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့ အဖွဲ့ဝင် (ဝဲ) က ဂရိတ်ဝေါဟိုတယ်၌ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ် မတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ မန္တလေးမြို့တွင် တရုတ်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့ အဖွဲ့ဝင် (ဝဲ) က ဂရိတ်ဝေါဟိုတယ်၌ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ် မတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————-
(Chinese Version)
记者手记|驰援曼德勒的日与夜
新华社缅甸曼德勒3月31日电 记者手记|驰援曼德勒的日与夜   新华社记者马卓言 张东强 才扬
“你知道爸爸要去干嘛吗?”
“去救人!”
“你知道爸爸要去哪里吗?”
“缅甸!”
舱门关闭后,中国救援队队员崔飞乐在起飞前的间隙同家人通了话。
当地时间3月29日16时30分,记者跟随应急管理部派出的中国救援队乘包机抵达缅甸仰光。震中所在地曼德勒省,多处桥梁道路损毁严重,周边机场不具备大型飞机起降条件。为了争取更多救援时间,中国救援队决定乘车连夜奔赴灾区。
从仰光出发是18时30分,距离震中600多公里。一夜奔波,中国救援队在第二天7时到达内比都附近。道路阻断、信号不通、环境复杂……通往灾区的路困难重重,剩下的300多公里路程足足走了10个小时。
有硬仗要打,中国救援队队员们抓紧时间养精蓄锐。休息之余,曲旻皓和队友们对曼德勒可能有幸存者的建筑结构进行分析,设计支撑支护方案,并提前确定了救援装备,确保在到达现场后能以最快速度投入救援。
一路上,坍塌毁坏的房屋渐渐增多,尤其是在人口密集的城镇地区。
“过了这座桥就是曼德勒市了。”
车队向前挺进,随着向导的指引望去,残垣断壁、碎石瓦砾随处可见,寺庙坍塌,学校损毁,高层建筑表面裂痕明显。不少当地受灾群众坐在路边,等待转运车辆。
车一停稳,中国救援队迅速派出一支16人的突击小队前往现场踏勘。
曼德勒市长城酒店侧倾塌陷,七层的大楼从二层处断裂倒塌,钢筋和管道如獠牙般外翻,将一些人牢牢困在其中。
勘探、协商、破拆……从当地时间3月30日19时30分开始,中国救援队一刻不停,同现场其他救援力量展开联合营救。
时间一分一秒地流逝。5小时后,裂缝深处传来好消息:“人马上出来了,女性,还活着!”
当地时间3月31日0时40分,一名被困60余小时的女性被成功救出。
同一时间,曼德勒市天空公寓搜救点内,中国救援队另一组行动队的搜救工作正紧张进行着。
地震发生时,一位被困者家属还在外地,电话里,他5岁的儿子惊恐呼救:“爸爸,快来救我……”电话声戛然而止,他心急如焚。天空公寓废墟前,他焦急地向中国救援队队员薛鹏慧描述着方位。
“听到他的求救,我五味杂陈,我也是一名父亲,我的孩子也是5岁。必须抓紧救援!”薛鹏慧回忆当时的情景说。
中国救援队队员们循着反馈声垂直向下破拆,准确找到了废墟下的一名女孩和一名孕妇,并将二人顺利转运。
曼德勒的夜幕下,搜救现场到处是救援队忙碌的身影,也上演着坚强自救的生命奇迹。
天空公寓叠饼式坍塌,将一个缅甸小女孩和她29岁的姐姐困在楼层间,小女孩凭借娇小的身形自行爬出了废墟,并幸运地遇到了在现场勘探的中国救援队队员。
小女孩不顾身上的伤,带着中国救援队队员的无线电手台爬回姐姐的位置。队员们在确认姐姐依然存活后迅速动手破拆,开辟出一条生命通道。沿着这条生路,姐姐顺利爬出废墟。
一夜不停,中国救援队成功救出4名幸存者。
那名5岁的男孩还没找到,虽然生存希望渺茫,但薛鹏慧不想放弃,他和队友们返回营地,稍作休整,准备继续展开搜救。(完)
图说1:当地时间3月31日零时40分,中国救援队经过5个多小时紧张救援,在缅甸曼德勒成功救出一名女性幸存者。 新华社记者 才扬 摄
图说2:当地时间3月31日6时20分许,中国救援队和公羊救援队合作在缅甸曼德勒天空公寓成功救出一名孕妇。 新华社发(苗觉梭摄)
图说3、4:3月30日,在缅甸曼德勒,中国救援队队员(左)在长城饭店开展救援。新华社记者 才扬 摄