China
ဝမ်ရိနှင့် ကာရေဘီယံဒေသ သံတမန်ဆက်ဆံရေးထူထောင်သည့် နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများ၊ ကိုယ်စားလှယ်များ အဖွဲ့လိုက် တွေ့ဆုံဆွေးနွေး

ပေကျင်း၊ မေ ၁၃ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် တရုတ်နိုင်ငံသို့ လာရောက်၍ တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အသိုက်အဝန်း (CELAC) ဖိုရမ် စတုတ္ထအကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေး တက်ရောက်ကြသည့် အင်တီဂွါနှင့် ဘာဘူဒါ၊ ဘဟားမား၊ ဘာဘေးဒိုးစ်၊ ဒိုမီနီကာ၊ ဂရီနေဒါ၊ ဂိုင်ယာနာ၊ ဂျမေကာ၊ ဆူရာနမ်၊ ထရီနီဒတ်နှင့် တိုဘက်ဂို စသည့် ကာရေဘီယံဒေသရှိ သံတမန်ဆက်ဆံရေးထူထောင်ထားသည့် နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများ၊ ကိုယ်စားလှယ်များနှင့် မေ ၁၂ ရက်က ပေကျင်းမြို့၌ အဖွဲ့လိုက် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ဝမ်ရိက ယခုနှစ်သည် တရုတ်-CELAC ဖိုရမ် တည်ထောင်သည့် ၁၀ နှစ်ပြည့်ကာလဖြစ်ကြောင်း၊ ၁၀ နှစ်ကြာကာလတွင် တရုတ်-ကာရေဘီယံ ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးသည် အရှိန်အဟုန်ဖြင့်မောင်းနှင်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိခဲ့ရာ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုတွင် ထင်ရှားသည့် ရလဒ် ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ကာရေဘီယံဒေသ သံတမန်ဆက်ဆံရေးထူထောင်ထားသည့် နိုင်ငံအကြီးအကဲများအားလုံး တရုတ်နိုင်ငံသို့ ခရီးစဉ်လာရောက်ရန် အကောင်အထည်ဖော်လိုက်သလို တရုတ်-ကာရေဘီယံ ပူးပေါင်းဆောင်ရွက်မှု အဓိကစီမံကိန်းကြီးများစွာ စတင်အသုံးပြုခြင်း သို့မဟုတ် အဆင်ပြေချောမွေ့စွာ တွန်းအားပေးခြင်းတို့ လုပ်ဆောင်ခဲ့ပြီး လူမှုယဉ်ကျေးမှု ဖလှယ်ခြင်းများ နေ့စဉ်နှင့်အမျှ သွက်လက်လာကြောင်း၊ ဖိုရမ်အနေဖြင့် တရုတ်-ကာရေဘီယံ အပြန်အလှန် အောင်မြင်ဖြစ်ထွန်းအောင် အထောက်အကူပြုသလို ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လိုက်ပြီး ကမ္ဘာ့တောင်ဘက်ခြမ်း၏ ဩဇာအရှိန်အဝါကို မြှင့်တင်လိုက်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကာရေဘီယံနိုင်ငံများသည် တရုတ်-CELAC ဖိုရမ်တွင် မရှိမဖြစ် အဖွဲ့ဝင်ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ အနာဂတ်ကို မျှော်မှန်းကာ နှစ်ဖက်အနေဖြင့် နိုင်ငံရေးအပြန်အလှန် ယုံကြည်မှု နက်ရှိုင်းအောင်၊ အပြန်အလှန် ဗဟိုအကျိုးစီးပွားနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များအပေါ် ဆက်လက်၍ အပြန်အလှန်အားပေးထောက်ခံရမည် ဖြစ်ကြောင်း၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးရမည်ဖြစ်ရာ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူတည်ဆောက်၍ ကာရေဘီယံနိုင်ငံများ ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်မြှင့်တင်ရန် အထောက်အကူပြုရမည် ဖြစ်ကြောင်း၊ လူမှုယဉ်ကျေးမှု ဖလှယ်ရေးကို မြှင့်တင်ရမည် ဖြစ်ရာ တရုတ်နိုင်ငံဘက်က အစိုးရပညာတော်သင်ဆုများနှင့် မွမ်းမံသင်တန်းသား အမည်စာရင်း အရေအတွက်များကို ပိုမိုများပြားစွာ ပံ့ပိုးသွားမည် ဖြစ်ကြောင်း၊ ဘက်စုံညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ရမည်ဖြစ်ရာ ပို၍တရားမျှတသော၊ ကျိုးကြောင်းဆီလျော်သော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ကို တည်ဆောက်ရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကာရေဘီယံနိုင်ငံများက ဥတုရာသီပြောင်းလဲမှုအား ကိုင်တွယ်ဖြေရှင်းမှုအတွက် အကူအညီများ ဆက်လက်ပေးအပ်သွားမည် ဖြစ်ပြီး နိုင်ငံတကာရေးရာကိစ္စရပ်များတွင် ကာရေဘီယံနိုင်ငံများက ပို၍ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်မှုကို အားပေးထောက်ခံသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကာရေဘီယံနိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများကလည်း တရုတ်နိုင်ငံအနေဖြင့် ကာရေဘီယံနိုင်ငံများ၏ အခြေခံအဆောက်အဦ စသည့်အဓိကကဏ္ဍများတွင် ရေရှည် အားကောင်းသည့် ပံ့ပိုးမှုပေးခြင်း၊ ကာရေဘီယံနိုင်ငံများက ပြည်သူလူမှုဘဝ အကျိုးစီးပွား ကောင်းမွန်လာအောင် လုပ်ဆောင်ရာတွင် အကူအညီပေးခြင်း၊ စီးပွားရေးကြံ့ကြံ့ခံနိုင်မှုစွမ်းအား မြှင့်တင်ခြင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအား အရှိန်မြှင့်တင်ပေးခြင်းအပေါ် ကျေးဇူတင်ရှိကြောင်း ပြောကြားခဲ့ကြသည်။
တရုတ်တစ်နိုင်ငံတည်း မူဝါဒသည် တရုတ်-ကာရေဘီယံ ဆက်ဆံရေး၏ အခြေခံအုတ်မြစ် ဖြစ်ရာ ကာရေဘီယံနိုင်ငံများအနေဖြင့် အခိုင်အမာ ဆက်လက်စောင့်ထိန်းသွားမည် ဖြစ်ကြောင်း၊ ကာရေဘီယံအနေဖြင့် တရုတ်-CELAC ဖိုရမ်ကို ပလက်ဖောင်းအဖြစ်ထားရှိကာ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားရန် မျှော်လင့်ကြောင်း ၎င်းတို့က ပြောကြားခဲ့ကြသည်။ (Xinhua)
———————–
(Chinese Version)
王毅集体会见加勒比建交国外长及代表
新华社北京5月12日电 中共中央政治局委员、外交部长王毅12日在京集体会见来华出席中拉论坛第四届部长级会议的安提瓜和巴布达、巴哈马、巴巴多斯、多米尼克、格林纳达、圭亚那、牙买加、苏里南、特立尼达和多巴哥等加勒比建交国外长及代表。
王毅说,今年是中拉论坛成立十周年。十年来,中加全面合作伙伴关系驶入快车道,各领域合作取得显著成果。所有加勒比建交国领导人实现访华,一大批重点中加合作项目投入使用或顺利推进,人文交流日益活跃。论坛助力中加彼此成就,也促进了南南合作,提升了全球南方影响力。
王毅表示,加勒比国家是中拉论坛不可或缺的成员。展望未来,双方要深化政治互信,在涉及彼此核心利益问题上继续相互支持。要推进务实合作,高质量共建“一带一路”,助力加勒比国家加快自主发展。要促进人文交流,中方将提供更多政府奖学金及培训名额。要加强多边协作,构建更加公正合理的全球治理体系。中方将继续为加方应对气变提供帮助,支持加方在国际事务中发挥更大作用。
加勒比各国外长等表示,感谢中方长期以来对加勒比国家基础设施等关键领域提供的有力支持,助力加勒比国家改善人民福祉,提升经济韧性,加快可持续发展。一个中国原则是加中关系的基石,加勒比各国将继续坚定恪守。加方期待以中拉论坛为平台加强南南合作。(完)
1. 5月12日,中共中央政治局委员、外交部长王毅在北京集体会见来华出席中拉论坛第四届部长级会议的安提瓜和巴布达、巴哈马、巴巴多斯、多米尼克、格林纳达、圭亚那、牙买加、苏里南、特立尼达和多巴哥等加勒比建交国外长及代表。 新华社记者 岳月伟 摄