Connect with us

Europe

သမ္မတ ရှီကျင့်ဖိန် ရုရှားသို့ ခရီးစဉ်လာရောက်ခြင်းက ကြီးမားသော အနက်အဓိပ္ပာယ်ရှိသည်ဟု ရုရှား နိုင်ငံရေးလောက လူပုဂ္ဂိုလ်များ ဆို

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ သမ္မတ ပူတင် တို့ မော်စကိုမြို့ ကရင်မလင်နန်းတော်၌ ဒေသစံတော်ချိန် မေ ၈ ရက် နံနက်ခင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ရာ နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး ရင်းနှီးစွာ လက်ဆွဲနှုတ်ဆက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ယခုအကြိမ် ရုရှားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် လာရောက်ခြင်းသည် ကြီးမားသော အနက်အဓိပ္ပာယ်ရှိသည်ဟု ရုရှားနိုင်ငံ နိုင်ငံရေးလောက လူပုဂ္ဂိုလ်များ လတ်တလောရက်ပိုင်းအတွင်း ဆင်ဟွာသတင်းထောက် တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ အစိုးရ ဒုတိယဝန်ကြီးချုပ် Alexander Novak က သမ္မတ ရှီကျင့်ဖိန်၏ ယခုအကြိမ် ရုရှားနိုင်ငံခရီးစဉ်သည် သမိုင်းဝင်ခရီးစဉ်တစ်ခုဖြစ်ကာ အလွန်အရေးကြီး၍ နက်နဲသော အနက်အဓိပ္ပာယ်ရှိကြောင်း၊ ရုရှား-တရုတ် နှစ်နိုင်ငံသည် အရေးကြီးကိစ္စအကြောင်းအရာ အားလုံးနီးပါးဆွေးနွေးခဲ့ပြီး နှစ်ဖက် နိုင်ငံရေး၊ စီးပွားရေး စသည့် ကဏ္ဍအသီးသီး ဆက်ဆံရေးတိုးတက်မှုကို များစွာတွန်းအားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ အစိုးရ ဒုတိယဝန်ကြီးချုပ် Alexey Overchuk က သမ္မတ ရှီကျင့်ဖိန်၏ ယခုအကြိမ်ရုရှားခရီးစဉ်တွင် ရလဒ်များ “အင်မတန်များပြား” ကြောင်း၊ ယင်းသည် ရုရှား-တရုတ်က ဒုတိယကမ္ဘာစစ် အောင်မြင်ခြင်းရလဒ်နှင့် နိုင်ငံတကာစည်းစနစ်အား ထိန်းသိမ်းလိုသည့် ဆုံးဖြတ်ချက်ကို ထပ်မံရှင်းလင်းပြတ်သားစွာ ဖော်ပြလိုက်ခြင်းပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Anton Siluanov က သမ္မတ ရှီကျင့်ဖိန်၏ ယခုအကြိမ်ခရီးစဉ်မှတစ်ဆင့် ရုရှား-တရုတ် နှစ်နိုင်ငံသည် နှစ်ဖက်ဆက်ဆံရေး၏ အဆင့်မြင့်မှုနှင့် ထူးခြားမှုကို ထပ်မံအတည်ပြုလိုက်ကြောင်း၊ နှစ်ဖက်အနေဖြင့် စီးပွားရေးနှင့် ဘဏ္ဍာရေး စသည့် ကဏ္ဍများတွင်လည်း အလွန်ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို ထိန်းသိမ်းထားကြောင်း၊ ယခုအကြိမ် ခရီးစဉ်သည် နှစ်ဖက်လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရေးအတွက် အခွင့်အလမ်းအသစ်များ သယ်ဆောင်လာမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များအား တာဝန်ယူရသည့် ရုရှားသမ္မတ အထူးကိုယ်စားလှယ်၊ ရုရှားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ (RDIF) အမှုဆောင်အရာရှိချုပ် Kirill Dmitriev က သမ္မတ ရှီကျင့်ဖိန်သည် အဓိကဧည့်သည်တော်အနေဖြင့် ဆိုဗီယက်ပြည်ထောင်စု၏ မဟာမျိုးချစ်စစ်အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနား တက်ရောက်ခဲ့ပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဂုဏ်ပြုတပ်ဖွဲ့က ရင်ပြင်နီ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ခဲ့ကြောင်း၊ ယင်းသည် ရုရှား-တရုတ် ချစ်ကြည်ရေး၊ ရုရှား-တရုတ် ခေတ်သစ် ဘက်စုံ မဟာဗျူဟာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး၏ “အကောင်းမွန်ဆုံး ပြယုဂ်” ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရုရှား-တရုတ်နှစ်နိုင်ငံသည် နိုင်ငံတကာစည်းစနစ်၊ နိုင်ငံတကာ တရားမျှတမှုအား ကာကွယ်ထိန်းသိမ်းရာတွင် တူညီသောရပ်တည်ချက်များရှိကြောင်း၊ ရုရှား-တရုတ် ပူးပေါင်းဆောင်ရွက်မှုသည် ပိုမိုကောင်းမွန်လာပြီး ပိုမိုခိုင်မြဲလာမည်ဖြစ်ကြောင်း ၎င်းက ထောက်ပြပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
俄罗斯政界人士称习近平主席访问俄罗斯意义重大
新华社莫斯科5月12日电(记者刘恺 赵嫣)俄罗斯多名政界人士近日接受新华社记者采访时表示,中国国家主席习近平此次对俄罗斯进行国事访问意义重大。
俄罗斯政府副总理亚历山大·诺瓦克说,习近平主席此次俄罗斯之行是一次历史性的访问,极为重要且意义深远。俄中双方讨论了几乎所有重大议题,将极大推动双边政治、经济等各领域关系发展。
俄罗斯政府副总理阿列克谢·奥韦尔丘克说,习近平主席此次访问俄罗斯成果“极为丰硕”,再次清晰传递了俄中维护二战胜利成果和战后国际秩序的决心。
俄罗斯财政部长安东·西卢安诺夫说,通过习近平主席此次访问,俄中再次确认了双边关系的高水平和特殊性。双方在经济和金融等方面也一直保持着非常良好的合作关系。相信此访将为推动双边务实合作带来新机遇。
负责对外投资和经济合作事务的俄罗斯总统特别代表、俄罗斯直接投资基金总裁基里尔·德米特里耶夫说,习近平主席作为主宾出席纪念苏联伟大卫国战争胜利80周年庆典,中国人民解放军仪仗司礼大队参加红场阅兵式,这些都是俄中友谊、俄中新时代全面战略协作伙伴关系的“最好象征”。他指出,俄中两国在维护国际秩序、捍卫国际正义方面立场一致,俄中合作将越来越好,更加坚实。(完)
图说:当地时间5月8日上午,俄罗斯总统普京同中国国家主席习近平在莫斯科克里姆林宫举行会谈。这是两国元首亲切握手合影。新华社记者 黄敬文 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.