China
ရှီကျင့်ဖိန်နှင့် ချီလီနိုင်ငံ သမ္မတ Gabriel Boric တွေ့ဆုံဆွေးနွေး

ပေကျင်း၊ မေ ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ လာရောက်၍ တရုတ်- လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အသိုက်အဝန်း (CELAC) ဖိုရမ် စတုတ္ထအကြိမ်မြောက် ဝန်ကြီးများအစည်းအဝေး တက်ရောက်သော ချီလီနိုင်ငံ သမ္မတ Gabriel Boric နှင့် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ မေ ၁၄ ရက် နံနက်ပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ရှီကျင့်ဖိန်က ယခုနှစ်သည် တရုတ်-ချီလီ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၅၅ နှစ်မြောက် ဖြစ်ကြောင်း ထောက်ပြပြောဆိုခဲ့သည်။
လွန်ခဲ့သည့် ၅၅ နှစ်က နှစ်နိုင်ငံ ရှေးယခင်ခေါင်းဆောင်များသည် အမြော်အမြင်ရှိစွာဖြင့် စစ်အေးခေတ်၏ မှောင်မိုက်သည့်မြူများကြားမှ ထိုးဖောက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် တောင်အမေရိကနိုင်ငံများ အကြား သံတမန်ဆက်ဆံရေးထူထောင်သည့် စာမျက်နှာကို စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ရာစုနှစ်ဝက်ကျော်ကာလတွင် နိုင်ငံတကာအခြေအနေ မည်ကဲ့သို့ပင်ပြောင်းလဲစေကာမူ တရုတ်-ချီလီဆက်ဆံရေးဟူသည့် သင်္ဘောကြီးသည် လှိုင်းဒဏ်လေဒဏ်ကို အစဉ်အမြဲ ကျော်ဖြတ်၍ တရုတ်နိုင်ငံနှင့် လက်တင်အမေရိကနိုင်ငံများ ဆက်ဆံရေး တိုးတက်မှုရေစီးကြောင်းကြီးကို ဦးဆောင်လျက်ရှိကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် ချီလီနိုင်ငံတို့သည် နှစ်နိုင်ငံ၏ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး၏ ခေတ်အနှစ်သာရကို အဆက်မပြတ်ပြည့်ဝအောင် လုပ်ဆောင်၍ တရုတ်နိုင်ငံနှင့် လက်တင်အမေရိကနိုင်ငံများ အတူတကွ ဖွံ့ဖြိုးတိုးတက်မှု စံနမူနာ၊ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု စံနမူနာ ဖန်တီးကာ လူသားမျိုးနွယ် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို အတူတကွမြှင့်တင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ချီလီနိုင်ငံနှင့်အတူ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု ခိုင်မြဲအောင် လုပ်ဆောင်၍ အပြန်အလှန် နားလည်မှု၊ တန်းတူညီမျှ ဆက်ဆံမှု၊ အပြန်အလှန် အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးဖော်ဆောင်မှုကို ကိုင်စွဲကာ နိုင်ငံရေးရာစီမံခန့်ခွဲမှု အတွေ့အကြုံများ ကူးလူးဖလှယ်မှု မြှင့်တင်သွားလိုကြောင်း၊ ထို့ပြင် အပြန်အလှန်၏ အဓိကအကျိုးစီးပွားနှင့် အရေးကြီးဂရုပြုသောအရေးကိစ္စများအပေါ် အပြန်အလှန် ခိုင်မြဲစွာ ထောက်ခံအားပေး၍ အချုပ်အခြာအာဏာ၊ ဘေးကင်းလုံခြုံမှု၊ ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားကို ကိုယ်စီ ကာကွယ်ထိန်းသိမ်းသွားလိုကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။
နှစ်ဖက်အနေဖြင့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွ တည်ဆောက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ကို အကောင်အထည်ဖော်၍ စိုက်ပျိုးရေး၊ သစ်တော၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှု၊ အခြေခံအဆောက်အဦ၊ အစိမ်းရောင် သတ္တုလုပ်ငန်း စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာဖော်ဆောင်ပြီး နက္ခတ္တဗေဒ၊ ဝင်ရိုးစွန်းဒေသ၊ ဉာဏ်ရည်တု၊ ဇီဝဆေးပညာ၊ ဒစ်ဂျစ်တယ်စီးပွားရေး စသည့် တိုးတက်မှုကဏ္ဍအသစ်များကို ပျိုးထောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ပိုမိုများပြားသည့် တရုတ်လုပ်ငန်းကုမ္ပဏီများ ချီလီနိုင်ငံသို့ သွားရောက်ကာ ရင်းနှီးမြှုပ်နှံရန် ထောက်ခံအားပေးပြီး ပိုမိုများပြားသည် ချီလီနိုင်ငံမှ အရည်အသွေးကောင်းမွန်သော ထုတ်ကုန်များ တရုတ်ဈေးကွက်သို့ ဝင်ရောက်ရန် ကြိုဆိုကြောင်း၊ နှစ်ဖက်အနေဖြင့် ယဉ်ကျေးမှု အပြန်အလှန် လေ့လာသင်ယူမှုကို မြှင့်တင်၍ ပညာရေး၊ ယဉ်ကျေးမှု၊ မီဒီယာ၊ လူငယ် စသည့် ကူးလူးဖလှယ်ရေး လှုပ်ရှားမှုများကို ကောင်းမွန်စွာ ဖော်ဆောင်ကာ လူပုဂ္ဂိုလ်သွားလာဆက်ဆံရေး အဆင်ပြေချောမွေ့စေရန် လုပ်ဆောင်ပြီး နှစ်နိုင်ငံဆက်ဆံရေး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းမွန်သော လူမှုအသိုက်အဝန်း ပြည်သူ့ဆန္ဒအခြေခံ အုတ်မြစ် ချမှတ်ပေးရမည်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
လက်ရှိ ပြောင်းလဲရှုပ်ထွေး ရောယှက်နေသည့် နိုင်ငံတကာ အခြေအနေကို ရင်ဆိုင်ရာတွင် တစ်ဖက်သတ်ဝါဒ၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ ဟူသည့် ခေတ်နောက်ပြန်ဆွဲမှုများ လှုပ်ရှားလျက်ရှိပြီး နိုင်ငံတကာ ကုန်သွယ်စီးပွားစည်းစနစ်အပေါ် ပြင်းထန်သော ထိုးနှက်မှုဖြစ်စေကြောင်း၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒနှင့် လွတ်လပ်စွာကုန်သွယ်ရေးအား အခိုင်အမာ ကာကွယ်ထိန်းသိမ်းသူ အနေဖြင့် တရုတ်နှင့် ချီလီတို့သည် နိုင်ငံစုံနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်၍ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ ဘုံအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Gabriel Boric က ချီလီနိုင်ငံသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးအား များစွာ အလေးထားကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ချီလီနိုင်ငံ၏ အရေးပါဆုံး ကုန်သွယ်ရေး မိတ်ဖက်ဖြစ်လာပြီဖြစ်ကာ နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံပြည်သူများကို အကျိုးဖြစ်ထွန်းစေကြောင်း၊ ချီလီနိုင်ငံက တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ခိုင်မာစွာ လိုက်နာကျင့်သုံးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ချီလီနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဉာဏ်ရည်တု စသည်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး မြှင့်တင်သွားရန် မျှော်လင့်ကြောင်း၊ “ရပ်ဝန်းနှင့်ပိုးလမ်းမ” အား အရည်အသွေးမြင့် အတူတကွတည်ဆောက်၍ ပြည်သူအချင်းချင်း ကူးလူးဖလှယ်မှုအား အနီးကပ်လုပ်ဆောင်ပြီး ချီလီ-တရုတ်ဆက်ဆံရေးတွင် ပိုမိုများပြားသော လက်တွေ့ကျသည့် အကျိုးရလဒ်များ သယ်ဆောင်လာရေးအား တွန်းအားပေးလုပ်ဆောင်သွားရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
နိုင်ငံများက လွတ်လပ်စွာကုန်သွယ်ရေးနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွား ဖော်ဆောင်မှုကို ကိုင်စွဲထားသင့်ကြောင်း၊ ကုန်သွယ်ရေးသည် နိုင်ငံတစ်နိုင်ငံ၏ တစ်ကိုယ်ကောင်းအကျိုးစီးပွားအတွက်သာ ဝန်ဆောင်မှုပေး၍မရကြောင်း၊ ကုန်သွယ်ရေးစစ်ပွဲဖော်ဆောင်ခြင်းသည် ထွက်ပေါက်မရှိကြောင်း၊ ချီလီနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒနှင့် ကုလသမဂ္ဂ၏ ဩဇာအရှိန်အဝါကို ခိုင်မာစွာကာကွယ်ထိန်းသိမ်း၍ တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းကာ နိုင်ငံတကာ တရားမျှတမှု၊ သမာသမတ်ကျမှုအား အတူတကွ ထိန်းသိမ်းသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ဝမ်ရိတက်ရောက်ခဲ့ကြောင်း သိရသည်။
Gabriel Boric တရုတ်နိုင်ငံသို့ ခရီးစဉ်ရောက်ရှိနေစဉ်အတွင်း နှစ်ဖက်အနေဖြင့် စီးပွားရေး၊ ထုတ်ဝေရေး၊ ပိုးမွှားနှင့် ကူးစက်ရောဂါ ကင်းစင်ကြောင်း စစ်ဆေးခြင်း၊ မီဒီယာနှင့် တတ်သိပညာရှင် စသည့် ကဏ္ဍများတွင် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်များစွာကို လက်မှတ်ရေးထိုးခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ လာရောက်၍ တရုတ်- လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အသိုက်အဝန်း (CELAC) ဖိုရမ် စတုတ္ထအကြိမ်မြောက် ဝန်ကြီးများအစည်းအဝေး တက်ရောက်သော ချီလီနိုင်ငံသမ္မတ Gabriel Boric တို့ မေ ၁၄ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ ပြည်သူခန်းမဆောင်၌ တွေ့ဆုံစဉ် (ဆင်ဟွာ)
———————–
(Chinese Version)
习近平会见智利总统博里奇
新华社北京5月14日电(记者冯歆然)5月14日上午,国家主席习近平在北京人民大会堂会见来华出席中拉论坛第四届部长级会议的智利总统博里奇。
习近平指出,今年是中智建交55周年。55年前,两国老一辈领导人高瞻远瞩,冲破冷战阴霾,开创了新中国同南美国家建交先河。半个多世纪以来,无论国际风云如何变化,中智关系这艘航船始终乘风破浪,引领中国同拉美国家关系发展潮流。中国和智利要不断丰富两国全面战略伙伴关系的时代内涵,打造中拉共同发展样板、南南合作典范,共同促进人类和平和进步事业。
习近平强调,中方愿同智方夯实政治互信,坚持相互尊重、平等相待、互利共赢,加强治国理政经验交流,在涉及彼此核心利益和重大关切问题上坚定相互支持,维护各自主权、安全、发展利益。双方要落实好共建“一带一路”合作规划,深化农林牧渔、产业投资、基础设施、绿色矿产等领域合作,培育天文、极地、人工智能、生物医药、数字经济等新增长点。中方支持更多中国企业赴智利投资兴业,欢迎更多智利优质产品进入中国市场。双方要加强文明互鉴,开展好教育、文化、媒体、青年等交流活动,便利人员往来,为两国关系长远发展奠定良好社会民意基础。当前,国际形势变乱交织,单边主义、保护主义逆流涌动,对国际经贸秩序造成严重冲击。作为多边主义和自由贸易的坚定维护者,中智要加强多边协作,捍卫全球南方共同利益。
博里奇表示,智利高度重视对华关系。中国已成为智利最重要的贸易伙伴,双方合作造福了两国人民。智方将坚定奉行一个中国原则,期待与中方进一步拓展贸易、投资、人工智能等领域合作,高质量共建“一带一路”,密切人文交流,推动智中关系取得更多实实在在的成果。各国应坚持自由贸易和互利共赢,贸易不应只服务于一国私利,发动贸易战没有出路。智方愿同中方一道,坚定捍卫多边主义和联合国权威,坚持通过对话解决分歧,共同维护国际公平正义。
王毅参加会见。
博里奇访华期间,双方签署经济、出版、检验检疫、媒体智库等领域多项双边合作文件。(完)
图说:5月14日上午,国家主席习近平在北京人民大会堂会见来华出席中拉论坛第四届部长级会议的智利总统博里奇。 新华社记者 李响 摄