Connect with us

China

“ကလောင်နဲ့ မျှော်လင့်ချက်အိပ်မက်တွေ ပုံဖော်ရေးခြယ်ရတာကို ကျွန်မနှစ်သက်တယ်”… ဦးနှောက်ချို့ယွင်းမှု ရောဂါဝေဒနာခံစားနေရသည့် မိန်းကလေး၏ စာရေးဆရာမ အိပ်မက်

တရုတ်နိုင်ငံ ကွမ်ရှီးဒေသ နန်နင်းမြို့တွင် လျင်ကျူက ၎င်း၏နေအိမ်၌ စာရေးသားနေသည်ကို ၂၀၂၅ ခုနှစ် မေ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း၊ မေ ၁၅ ရက် (ဆင်ဟွာ)

“ကျွန်မ ဘဝရဲ့ လမ်းဆုံမှာရပ်နေပြီး မီးစိမ်းလင်းလာမလားလို့ စောင့်ဆိုင်းနေတယ်။ ခန္ဓာကိုယ်က ရောဂါဝေဒနာရဲ့ တိုက်စားမှုဒဏ်ကို ခံစားနေရပေမဲ့ ပုပ်ပွပျက်စီးသွားခြင်း မရှိ၊ စိတ်ထဲမှာ အထီးကျန်နေပေမဲ့လည်း ပြိုလဲလို့ မသွားသေး”၊ “ကံကြမ္မာက ကျွန်မရဲ့ ခြေထောက်တစ်စုံကို ချုပ်နှောင်ထားပေမဲ့ ကျွန်မရဲ့ စိတ်နှလုံးကို တားဆီးချုပ်နှောင်လို့ရမှာ မဟုတ်ပေ…”

ဆောင်းပါးတွင် လျင်ကျူက ၎င်း၏ ကံကြမ္မာဆိုးနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုကို ရေးသားထားခြင်းသည်။ လျင်ကျူ (ကလောင်အမည် ကျူကျစ်) သည် ၁၉၉၄ ခုနှစ် ဇူလိုင်လတွင် မွေးဖွားပြီး ကွမ်ရှီးဒေသ နန်နင်းမြို့တွင် နေထိုင်သူ ဖြစ်သည်။ ၎င်းမွေးဖွားစဉ်အခါက ကံမကောင်းအကြောင်းမလှစွာဖြင့် ဦးနှောက်ချို့ယွင်းသည့်ရောဂါ (Cerebral Palsy) ကို ခံစားခဲ့ရခြင်းကြောင့် ခြေထောက်နှစ်ဖက် မသန်စွမ်းဖြစ်ကာ ပုံမှန် လမ်းလျှောက်သွားလာနိုင်ခြင်းမရှိသလို လက်နှစ်ဖက်တွင်လည်း ဘယ်ဘက်၏ လက်ညှိုးကသာ လိုသလိုကွေးကောက်နိုင်ပြီး မျက်စိမြင်နိုင်စွမ်းသည် ၀.၁ သာ ရှိပေသည်။

သို့သော် ၎င်းသည် ငယ်စဉ်အခါကပင် ကိုယ့်ခြေထောက်ပေါ်တွင် ကိုယ်ရပ်တည်ကာ မလျှော့သောဇွဲဖြင့် ကြိုးစားအားထုတ်ခဲ့သည်။ ကျန်းမာရေးအခြေအနေကြောင့် ပုံမှန်ကျောင်းတက်ပညာသင်ကြား၍ မရသော်လည်း အိမ်တွင်ပင် ကိုယ်တိုင်လေ့လာကာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း၊ တက္ကသိုလ် သက်ဆိုင်ရာဘာသာရပ်များကို ပြီးမြောက်အောင် သင်ယူနိုင်ခဲ့သည်။
လျင်ကျူသည် အသက် ၈ နှစ် အရွယ်မှစ၍ စာပေကို နှစ်ခြိုက်ခဲ့ရာ ၁၀ နှစ်အရွယ်တွင် စတင် စာပေရေးသားဖန်တီးခဲ့သည်။ ယခုအခါ ၎င်းသည် နန်နန်းမြို့ စာရေးဆရာများအသင်း အသင်းဝင်၊ နန်နင်းမြို့ “အစိမ်းရောင်မြို့တော်၏ နှင်းဆီ” စာရေးဆရာမများအဖွဲ့၏ အဖွဲ့ဝင်၊ ကွမ်ရှီး စာရေးဆရာများအသင်း အသင်းဝင် ဖြစ်ပြီး ဒုတိယအကြိမ်မြောက် တစ်နိုင်ငံလုံးဆိုင်ရာ မသန်စွမ်းသူများ စာပေရေးသားဖန်တီးရေး မွမ်းမံသင်တန်းတွင် ပါဝင်လေ့လာသင်ယူခဲ့ဖူးပေသည်။

၂၀၁၅ ခုနှစ် ဧပြီလတွင် ၎င်းသည် ဘယ်ဘက် လက်ချောင်းလေးအား အချိန်နှစ်ဝက်ကြာသုံး၍ ပြီးမြောက်အောင် ရေးသားခဲ့ရသော စာလုံးရေပေါင်း တစ်သိန်းရှိသည့် ကိုယ်ရေးအတ္ထုပ္ပတ္တိ စကားပြေရှည် “ဘဝ၏ မြစ်ရေ” ကို ပုံနှိပ်ထုတ်ဝေခဲ့သည်။

ယနေ့အထိ ၎င်းဖန်တီးရေးသားသော စာပေလက်ရာများမှာ စာလုံးရေ နှစ်သိန်းကျော်ရှိပြီဖြစ်ပြီး သတင်းစာအသီးသီးတွင် ရှေ့ဆင့်နောက်ဆင့် ဖော်ပြခဲ့သည်။
“စာပေဖန်တီးတဲ့ ခရီးရှည်ကို လျှောက်လှမ်းတဲ့အချိန်ကျမှ ကျွန်မဟာ လမ်းလျှောက်နိုင်စွမ်း ဆုံးရှုံးသွားတဲ့ မိန်းကလေး ဆိုပေမဲ့ ကျွန်မက ကီးဘုတ်ပေါ်ကနေ ကျွန်မရဲ့ စကားလုံးတွေ၊ ကျွန်မရဲ့ စိတ်ဓာတ်ခွန်အားတွေနဲ့ ဖြောင့်ဖြူးတောက်ပတဲ့လမ်းကို လျှောက်လှမ်းလို့ ရပါလား ဆိုပြီး ရုတ်တရက် သဘောပေါက်လာခဲ့တယ်”

၎င်း၏ ကိုယ်ရေးအတ္ထုပ္ပတ္တိစကားပြေရှည် “ဘဝ၏ မြစ်ရေ” တွင် ရေးသားထားခြင်းဖြစ်သည်။ လက်ရှိ လျင်ကျူသည် စကားပြေ၊ တေးကဗျာ ရေးသားဖန်တီးခြင်း၊ ခေတ်ပြိုင်စာပေ သုံးသပ်ခြင်းများ အဓိက ဆောင်ရွက်လျက်ရှိသည်။

“ကလောင်နဲ့ မျှော်လင့်ချက်အိပ်မက်တွေ ပုံဖော်ရေးခြယ်ရတာကို ကျွန်မနှစ်သက်တယ်၊ ထူးခြားတဲ့ကလောင်နဲ့ ရင်ထဲကိုထိမိစေတဲ့ ဆောင်းပါးတွေကို ကျွန်မ မလျှော့သောဇွဲနဲ့ အစဉ်တစိုက် ရေးသားသွားမယ်။ ဒါက ကျွန်မရဲ့ လိုလားချက်နဲ့ တာဝန် ဖြစ်သလို စာပေရဲ့ မူလရည်မှန်းချက်နဲ့ သမိုင်းတာဝန်လည်း ဖြစ်တယ်။ ကျွန်မ ကျရာတာဝန်ကို ထမ်းဆောင်သွားချင်တယ်” ဟု လျင်ကျူက ရေးသားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ကွမ်ရှီးဒေသ နန်နင်းမြို့တွင် လျင်ကျူက ၎င်း၏နေအိမ်တွင် စာဖတ်နေသည်ကို ၂၀၂၅ ခုနှစ် မေ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————–
(Chinese Version)
新华全媒+|“我爱这梦笔生花的理想”:一个脑瘫女孩的作家梦
新华社照片,南宁,2025年5月15日
“我站在生命的十字路口,等待绿灯亮起。肉体依然被疾病侵蚀,可是没有腐烂,精神依然被孤独缠绕,可是没有崩溃。”“命运束缚了我的双腿,却无法禁锢我的内心……”林竹在文章里写着自己的不幸与坚强。 林竹,笔名竹子,1994年7月生,家住广西南宁市,出生时不幸患上脑瘫,双下肢残疾无法正常行走,双手仅左手食指能屈伸自如,视力仅0.1。但是,她从小自强不息,虽然因为身体原因,没能正常上学读书,却在家自学完成小学、中学和大学的相应课程。 林竹8岁开始喜欢文学,10岁开始文学创作,现在是南宁市作家协会会员、南宁市“绿城玫瑰”女作家群成员、广西作家协会会员,曾参加第二届全国残疾人文学创作研修班学习。2015年4月,她用左手指耗时半年完成近10万字的长篇自传体散文《生命之河》,并公开出版发行。迄今,她创作的文学作品已超过20万字,先后在不同报刊上发表。 她在长篇自传体散文《生命之河》中写道:“直到我踏上文学创作的漫漫长路,才忽然明白:我虽是一个失去行走能力的女孩,但是我可以在键盘上,用我的文字,用我的精神走出一条光明的坦途。” 现在,林竹主要从事散文、诗歌创作,兼及当代文学批评。“我爱这梦笔生花的理想,我会一直坚持用特殊的笔杆,书写动人的篇章。这是我的追求和责任,这也正是文学的初衷和使命。我想我义不容辞。”林竹写道。
1. 5月14日,在广西南宁市,林竹在家里写作。 新华社记者 陆波岸 摄
2. 5月14日,在广西南宁市,林竹在家里看书。新华社记者 陆波岸 摄