China
ဟယ်လိဖုန်းနှင့် Eric Lombard တို့ ၁၀ ကြိမ်မြောက် တရုတ်-ပြင်သစ် စီးပွားရေးနှင့် ဘဏ္ဍာရေး အဆင့်မြင့် တွေ့ဆုံဆွေးနွေးပွဲအား အတူတကွ ကြီးမှူးကျင်းပ

ပဲရစ်၊ မေ ၁၆ ရက် (ဆင်ဟွာ)
၁၀ ကြိမ်မြောက် တရုတ်-ပြင်သစ် စီးပွားရေးနှင့် ဘဏ္ဍာရေး အဆင့်မြင့် တွေ့ဆုံဆွေးနွေးပွဲကို မေ ၁၅ ရက်တွင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ ကျင်းပခဲ့ရာ တွေ့ဆုံဆွေးနွေးပွဲ တရုတ်ဘက် ဦးဆောင်သူ၊ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြင်သစ်ဘက် ဦးဆောင်သူ၊ ပြင်သစ် စီးပွားရေး၊ ဘဏ္ဍာရေးနှင့် စက်မှုနှင့် ဒစ်ဂျစ်တယ် ကြီးကြပ်မှုရေးရာ ဝန်ကြီး Eric Lombard တို့ အတူတကွ ကြီးမှူးကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ဟယ်လိဖုန်းက ယမန်နှစ်က တရုတ်-ပြင်သစ် သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၆၀ ပြည့်ဖြစ်ပြီး သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ မက်ခရွန်တို့သည် နှစ်ဖက်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးနှင့်စပ်လျဉ်း၍ အရေးကြီးသဘောတူညီချက်များစွာ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ပြင်သစ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ၏ အရေးကြီး သဘောတူညီချက်များအား ကောင်းမွန်စွာ အကောင်အထည်ဖော်၍ နိုင်ငံစုံ၊ နိုင်ငံတကာရေးရာ ကိစ္စရပ်များတွင် ညှိနှိုင်းလုပ်ဆောင်မှုအား အနီးကပ်လုပ်ဆောင်ကာ တံခါးဖွင့် ပူးပေါင်းဆောင်ရွက်သည့် နိုင်ငံတကာ ကုန်သွယ်စီးပွားရေး ပတ်ဝန်းကျင်အား ကာကွယ်ထိန်းသိမ်းသွားလိုကြောင်း၊ နှစ်ဖက် စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အနှစ်သာရကို ဖြည့်တင်း၍ အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု အလားအလာကို ဖော်ထုတ်ကာ ကောင်းမွန်သော ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင် ဖန်တီးသွားလိုကြောင်း၊ တရုတ်-ပြင်သစ် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အားအင်သစ်များ ဖြည့်တင်းသွားပြီး တစ်ချိန်တည်းတွင် တရုတ်-ဥရောပ ပူးပေါင်းဆောင်ရွက်မှုတွင် တိုးတက်မှုအသစ်များ ဖော်ဆောင်ရန် ဦးဆောင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
Eric Lombard က ပြင်သစ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးအား များစွာအလေးထားကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ရာသီဥတုပြောင်းလဲမှု စသည့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို အတူလက်တွဲရင်ဆိုင်ကာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒနှင့် လွတ်လပ်စွာကုန်သွယ်ရေးတို့အား ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြင်သစ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ စားသုံးသူများအတွက် အရည်အသွေးမြင့်ထုတ်ကုန်များ တစ်ဆင့်တိုး ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ပြင်သစ်နိုင်ငံက ပိုမိုကောင်းမွန်သော စီးပွားရေးလည်ပတ်မှု ပတ်ဝန်းကျင် ပံ့ပိုးပေးခြင်းဖြင့် ပိုမိုများပြားသည့် တရုတ်ကုမ္ပဏီများ ပြင်သစ်သို့လာရောက် ရင်းနှီးမြှုပ်နှံ၍ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် ဆွဲဆောင်ကာ ပြင်သစ်-တရုတ် စီးပွားရေးနှင့် ဘဏ္ဍာရေးကဏ္ဍ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုတွင် ပိုမိုတက်ကြွသည့်ရလဒ်များရရှိရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်ဖက်အနေဖြင့် အကြောင်းအရာများစွာနှင့် စပ်လျဉ်း၍ နက်ရှိုင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြပြီး တရုတ်-ပြင်သစ် ကြက်ဘဲသားနှင့် သားဥဖောက်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့သည်။ တွေ့ဆုံဆွေးနွေးပွဲပြီးနောက် ဟယ်လိဖုန်းနှင့် Eric Lombard တို့သည် တရုတ်-ပြင်သစ် စီးပွားရေးလုပ်ငန်းရှင်များ ဆွေးနွေးပွဲသို့တက်ရောက်ကာ အမှာစကား အသီးသီး ပြောကြားခဲ့သည်။
ပြင်သစ်နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ဟယ်လိဖုန်းသည် ပြင်သစ်မိသားစုစိုက်ခင်းသို့ သွားရောက်လေ့လာကြည့်ရှုခဲ့ပြီး ပြင်သစ် အလှကုန်၊ ဆေးဝါးနှင့် လေကြောင်းပို့ဆောင်ရေး စသည့်ကဏ္ဍမှ လုပ်ငန်းကုမ္ပဏီ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။ (Xinhua)
————————-
(Chinese Version)
何立峰与隆巴尔共同主持第十次中法高级别经济财金对话
新华社巴黎5月15日电 第十次中法高级别经济财金对话15日在法国巴黎举行。对话中方牵头人、国务院副总理何立峰与对话法方牵头人,法国经济、财政和工业与数字主权部部长隆巴尔共同主持对话。
何立峰表示,去年是中法建交60周年,习近平主席和马克龙总统就深化双边关系与合作达成一系列重要共识。中方愿同法方一道,落实好两国元首重要共识,密切多边国际事务协调,维护开放合作的国际经贸环境,充实双边经济财金合作内涵,挖掘互利合作潜力,着力营造良好的贸易投资环境,为中法全面战略伙伴关系发展注入新活力,同时带动引领中欧合作实现新发展。
隆巴尔表示,法方高度重视对华关系,愿同中方一道,携手应对气候变化等全球性挑战,支持多边主义和自由贸易。法方将进一步为中国消费者提供高质量产品。法方将提供更好营商环境,吸引更多中国企业赴法投资展业,推动法中经济财金领域务实合作取得更多积极成果。
对话期间,双方围绕多项议题进行了深入沟通交流,签署了中法禽肉和种禽种蛋合作文件。会后,何立峰和隆巴尔共同出席了中法企业家座谈会,并分别致辞。
在法期间,何立峰还调研参观了法国家庭农场,并会见了法国化妆品、医药和航空等领域企业代表。(完)
图说1、2:第十次中法高级别经济财金对话5月15日在法国巴黎举行。对话中方牵头人、国务院副总理何立峰与对话法方牵头人,法国经济、财政和工业与数字主权部部长隆巴尔共同主持对话。 新华社记者 彭子洋 摄