Europe
တရုတ်ကုမ္ပဏီ တာဝန်ယူတည်ဆောက်သည့် ခရိုအေးရှားနိုင်ငံ အကြီးဆုံး ဆိုလာစွမ်းအင် စီမံကိန်း စတင်တည်ဆောက်ခြင်း အခမ်းအနား ကျင်းပ

Korlat (ခရိုအေးရှား)၊ မေ ၁၆ ရက် (ဆင်ဟွာ)
NORINCO နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ကုမ္ပဏီလီမိတက် (အတိုကောက်အားဖြင့် NORINCO ဟု ခေါ်ဆိုမည်) နှင့် ဆန်းတုန်း လျှပ်စစ်စီမံကိန်း အတိုင်ပင်ခံ ကုမ္ပဏီလီမိတက် (SDEPCI) တို့ တာဝန်ယူ တည်ဆောက်သည့် ခရိုအေးရှားနိုင်ငံ Korlat ဆိုလာစွမ်းအင်စီမံကိန်း စတင်တည်ဆောက်ခြင်းအခမ်းအနားကို မေ ၁၅ ရက်တွင် Korlat ၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ ခရိုအေးရှားနိုင်ငံ ဝန်ကြီးချုပ် Andrej Plenkovic ၊ ခရိုအေးရှားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချီချန်ကျင့်တို့ တက်ရောက်ခဲ့သည်။
အခမ်းအနား၌ Andrej Plenkovic က အမှာစကားပြောကြားရာတွင် Korlat ဆိုလာစွမ်းအင်စီမံကိန်းသည် ခရိုအေးရှား-တရုတ် နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်နိုင်ငံဆက်ဆံရေးကို တစ်ဆင့်တိုး တိုးမြှင့်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ချီချန်ကျင့်က Korlat ဆိုလာစွမ်းအင်စီမံကိန်းသည် ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အင်တိုက်အားတိုက် တိုးမြှင့်၍ အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားလာစေကာ ပြည်သူလူနေမှုဘဝ တိုးတက်ကောင်းမွန်လာစေမည်ဖြစ်ပြီး ခရိုအေးရှားနိုင်ငံ စွမ်းအင်အသွင်ကူးပြောင်းရေးနှင့် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ခရိုအေးရှားနိုင်ငံ Korlat ၉၉ မဂ္ဂါဝပ် ဆိုလာစွမ်းအင်စီမံကိန်းသည် ခရိုအေးရှားနိုင်ငံတွင် ယနေ့တိုင် အကြီးဆုံး ဆိုလာစွမ်းအင်စီမံကိန်းဖြစ်ပြီး တည်ဆောက်ပြီးနောက် နှစ်စဉ် သန့်ရှင်းလျှပ်စစ်ဓာတ်အား ၁၆၅ သန်း ကီလိုဝပ်နာရီ ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းရသည်။ ယင်းသည် ခရိုအေးရှားနိုင်ငံမှ အိမ်ထောင်စုပေါင်း ၅ သောင်းခန့်၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှု လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့်အပြင် နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု တန်ချိန် ၁၅၀,၀၀၀ လည်း လျှော့ချပေးနိုင်မည် ဖြစ်သောကြောင့် ခရိုအေးရှားနိုင်ငံ စွမ်းအင်အသွင်ကူးပြောင်းရေး၊ အစိမ်းရောင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက်လည်း အင်အားဖြည့်တင်းပေးမည်ဖြစ်သည်။ အဆိုပါစီမံကိန်းသည် ၂၀၂၆ ခုနှစ် ဧပြီလတွင် ဓာတ်အားလိုင်းကွန်ရက်နှင့် ချိတ်ဆက်၍ စတင်ဓာတ်အားပို့လွှတ်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

ခရိုအေးရှားနိုင်ငံ Korlat ၌ ခရိုအေးရှားနိုင်ငံ ဝန်ကြီးချုပ် Andrej Plenkovic က ဆိုလာစွမ်းအင် စီံမံကိန်း စတင်တည်ဆောက်ခြင်း အခမ်းအနားတွင် မိန့်ခွန်းပြောကြားနေသည်ကို မေ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————–
(Chinese Version)
中企承建的克罗地亚最大光伏项目举行开工仪式
新华社克罗地亚科尔拉特5月15日电(记者李学军 丁英华)由北方国际合作股份有限公司(简称北方国际)和山东电力工程咨询院有限公司承建的克罗地亚科尔拉特光伏项目开工仪式15日在科尔拉特举行。克罗地亚总理普连科维奇、中国驻克罗地亚大使齐前进等出席仪式。
普连科维奇在仪式上致辞时表示,希望科尔拉特光伏项目能进一步加深克中双边合作和两国关系。
齐前进表示,科尔拉特光伏项目将有力促进地区经济发展,增加就业,改善民生,助力克罗地亚能源转型和绿色发展。
克罗地亚科尔拉特99兆瓦光伏项目是克罗地亚迄今为止最大的光伏项目,建成后预计每年可提供1.65亿千瓦时绿色电力,不仅将满足克罗地亚约5万户家庭用电需求,而且预计每年可减少二氧化碳排放15万吨,为克罗地亚促进能源转型、发展绿色经济提供动力。该项目计划于2026年4月并网发电。(完)
图说1:5月15日,在克罗地亚科尔拉特,嘉宾出席光伏项目开工仪式。新华社记者 李学军 摄
图说2:5月15日,在克罗地亚科尔拉特,克罗地亚总理普连科维奇在光伏项目开工仪式上致辞。新华社记者 李学军 摄