Connect with us

China

ပါလက်စတိုင်း “ကပ်ဆိုက်နေ့” ကို ထာဝရ အတိတ်သမိုင်းတွင် ချန်ထားရန်အတွက် “နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်း” ဖော်ဆောင်မှု တွန်းအားပေးရေး တရုတ်နိုင်ငံ တိုက်တွန်း

ကုလသမဂ္ဂ၊ မေ ၁၇ ရက် (ဆင်ဟွာ)
“နှစ်နိုင်ငံ ဖြေရှင်းရေး နည်းလမ်း” ကို ဖော်ဆောင်ရန် တွန်းအားပေးကာ ပါလက်စတိုင်းအရေး ဘက်စုံ တရားမျှတစွာ ရေရှည်ဖြေရှင်းနိုင်ရေး ဆောလျင်စွာ အကောင်အထည်ဖော်ရန်၊ ပါလက်စတိုင်း “ကပ်ဆိုက်နေ့” ကို အတိတ်သမိုင်းတွင် ထာဝရ ချန်ထားရန်အတွက် တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသည့် နိုင်ငံများနှင့်အတူ မဆုတ်မနစ် ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ကိန်းစွမ်က မေ ၁၅ ရက် ပါကလက်စတိုင်း “ကပ်ဆိုက်နေ့” အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ၇၇ နှစ်က အာရပ်-အစ္စရေး စစ်ပွဲတွင် ပါလက်စတိုင်းလူဦးရေ ထက်ဝက်ကျော်သည် နေရပ်ဌာနေမှ နှင်ထုတ်ခံရ သို့မဟုတ် စွန့်ခွာထွက်ပြေးခဲ့ရကြောင်း၊ ထိုအချိန်မှစ၍ ပါလက်စတိုင်းပြည်သူများသည် တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွား ရယူရန် ခက်ခဲကြမ်းတမ်းသည့် လမ်းကို စတင်လျှောက်လှမ်းခဲ့ရကြောင်း၊ ၇၇ နှစ်ကြာပြီးနောက် ယနေ့အခါတွင်လည်း ပါလက်စတိုင်းပြည်သူများခံစားရသည့် သမိုင်း၏မမျှတမှုများသည် ပြောင်းလဲပြင်ဆင်မှုမရှိသည့်အပြင် ပို၍ တစ်ဆင့်တိုး ဆိုးရွားလာကြောင်း ကိန်းစွမ်က ယင်းနေ့တွင် ကျင်းပသည့် ကုလသမဂ္ဂ ပါလက်စတိုင်းပြည်သူများ၏ လက်လွတ်မခံသင့်သော အခွင့်အရေးများ ကျင့်သုံးရေး ကော်မတီ (CEIRPP) မှ စီစဉ်သော အထိမ်းအမှတ် အခမ်းအနား၌ ပြောကြားခဲ့သည်။

ဂါဇာ၏ စစ်မက်မီးလျှံသည် ၁၉ လကြာ လောင်မြိုက်နေပြီးဖြစ်ရာ ဂါဇာပြည်သူလူထု ၅၃,၀၀၀ ကျော် အသက် ဆုံးရှုံးခဲ့ရကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။
ဂါဇာကို အစ္စရေးက အရှိန်မြှင့်တိုက်ခိုက်၍ ပိတ်ဆို့ထားခြင်းကြောင့် လူပေါင်း ၂ သန်း လူသားချင်းစာနာမှုကပ်ဘေးသို့ မကြုံစဖူး ကျရောက်လျက်ရှိသလို ရွှေ့ပြောင်းရန် အတင်းအဓမ္မ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း၊ ဂျော်ဒန်မြစ်အနောက်ဖက်ကမ်း အခြေချနေထိုင်သည့် နေရာများမှာ အဆက်မပြတ် တိုးချဲ့လာသလို အခြေချနေထိုင်သူများ၏ အကြမ်းဖက်မှုက ပို၍ ဆိုးရွားလာရာ ပါလက်စတိုင်းပြည်သူများ အသက်ရှင်နေထိုင်နိုင်မည့်နေရာမှာ အကြိမ်ကြိမ် ဖိအားပေးခံနေရပြီး “နှစ်နိုင်ငံ ဖြေရှင်းရေး နည်းလမ်း” ၏ အခြေခံကလည်း အဖန်တလဲလဲ တိုက်စားခံနေရကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပါလက်စတိုင်းအရေးသည် အရှေ့အလယ်ပိုင်းအရေး၏ အချက်အချာဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းတည်ငြိမ်ရေး၊ ရေရှည်တည်ငြိမ်အေးချမ်းရေးနှင့် ဆက်နွှယ်နေကြောင်း ကိန်းစွမ်က ထောက်ပြ ပြောကြားခဲ့သည်။

“နှစ်နိုင်ငံ ဖြေရှင်းရေး နည်းလမ်း” သည် ပါလက်စတိုင်းအရေး ဖြေရှင်းမှုအတွက် တစ်ခုတည်းသော အလားအလာရှိသည့် ထွက်ပေါက်ဖြစ်ကြောင်း၊ လက်ရှိ အရေးကြီးဆုံးမှာ ဂါဇာ၌ ရေရှည်အပစ်ရပ်ရေးကို ချက်ချင်းဖော်ဆောင်ရန်၊ လူသားချင်းစာနာမှုကပ်ဘေးများကို ဖြေလျှော့ရန် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အစ္စရေးအနေဖြင့် လုံခြုံရေးကောင်စီနှင့် ကုလသမဂ္ဂညီလာခံ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရမည် ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ ယာယီအစီအမံ အမိန့်ကြေညာချက်နှင့် အကြံပြုချက်ကို လေးစားလိုက်နာရမည် ဖြစ်ကြောင်း၊ စစ်ရေးထိုးစစ်ဆင်မှု အလုံးစုံကို ချက်ချင်းရပ်တန့်ရမည် ဖြစ်သလို နိုင်ငံတကာဥပဒေ ချိုးဖောက်မှု အထူးသဖြင့် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေကို ချိုးဖောက်သည့် လုပ်ရပ်များအား ရပ်တန့်ရမည်ဖြစ်ကြောင်း၊ ဂါဇာဒေသအပေါ် ပိတ်ဆို့မှုများကို ပယ်ဖျက်ရမည် ဖြစ်သလို ဂျော်ဒန်မြစ် အနောက်ဖက်ကမ်း အခြေချနေထိုင်ရာနေရာများ၌ လှုပ်ရှားများကို ရပ်တန့်ကာ အခြေချနေထိုင်သူများ အကြမ်းဖက်မှုကို တားဆီးရမည် ဖြစ်ကြောင်း၊ အချင်းဖြစ်ပွားသူ ကာယကံရှင်အပေါ် အဓိက ဩဇာလွှမ်းမိုးမှုရှိသော နိုင်ငံများက ဓမ္မဓိဋ္ဌာန်ကျမှု၊ တရာမျှတမှုဟူသော ရပ်တည်ချက်ကို လက်ကိုင်ထားကာ လက်တွေ့လှုပ်ရှားမှုဖြင့် ဂါဇာစစ်မီးကို ငြှိမ်းသတ်ရမည် ဖြစ်သလို ဂျော်ဒန်မြစ် အနောက်ဖက်ကမ်း တင်းမာသည့်အခြေအနေကို ဖြေလျှော့ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပါလက်စတိုင်းအရေးတွင် တရုတ်နိုင်ငံအနေဖြင့် တရားမျှတမှု၊ သမာသမတ်ကျမှုကို လက်ကိုင်ထားကြောင်း၊ ပါလက်စတိုင်းပြည်သူများ အမျိုးသားတရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွား ပြန်လည်ရရှိရေး သမာသမတ်ကျသည့် လုပ်ငန်းအပေါ် အစဉ်အမြဲ ခိုင်မာစွာ ထောက်ခံကြောင်း၊ ၁၉၆၇ ခုနှစ် နယ်မြေပိုင်းခြားမှုကို အခြေခံ၍ အရှေ့ဂျေရုဆလမ်ကို မြို့တော်အဖြစ် ထားရှိသော၊ ပြည့်ဝသည့် အချုပ်အခြာအာဏာရှိသော၊ လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ ဆောလျင်စွာ တည်ထောင်ရေးကို ထောက်ခံကြောင်း၊ ပါလက်စတိုင်းနိုင်ငံအနေဖြင့် ကုလသမဂ္ဂ တရားဝင်အဖွဲ့ဝင်နိုင်ငံ ဆောလျင်စွာ ဖြစ်မြောက်ရေးကို ထောက်ခံကြောင်း ကိန်းစွမ်က အလေးထားပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် အီဂျစ်နှင့် အာရပ်နိုင်ငံများ အတူတကွ စတင်သည့် ဂါဇာဒေသ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး အစီအစဉ်ကို ထောက်ခံကြောင်း၊ ပြင်သစ်နှင့် ဆော်ဒီအာရေဗျတို့ ဇွန်လတွင် ကျင်းပမည့် “နှစ်နိုင်ငံ ဖြေရှင်းရေး နည်းလမ်း” ဖော်ဆောင်ရေး အဆင့်မြင့် ဆွေးနွေးပွဲက “နှစ်နိုင်ငံ ဖြေရှင်းရေး နည်းလမ်း” ဖော်ဆောင်ရန်အတွက် စွမ်းအားသစ်များ ဖြည့်တင်းရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
—————————-
(Chinese Version)
中方呼吁推动落实“两国方案” 让巴勒斯坦“灾难日”永远成为历史
新华社联合国5月15日电 中国常驻联合国副代表耿爽15日在巴勒斯坦“灾难日”纪念活动上表示,中方将继续同所有爱好和平的国家一道不懈努力,推动落实“两国方案”,早日实现巴勒斯坦问题全面公正持久解决,让巴勒斯坦“灾难日”永远成为历史。
耿爽当天在联合国巴勒斯坦人民行使不可剥夺权利委员会组织的纪念活动上说,77年前,半数以上的巴勒斯坦人在阿以战争中被驱逐或逃离家园,巴勒斯坦人民从此踏上了争取合法权益的艰难道路。77年后的今天,巴勒斯坦人民遭受的历史不公不仅没有得到纠正,反而进一步加剧。
耿爽说,加沙的战火已延宕19个月,夺去了5.3万多名加沙民众的生命。以色列不断升级对加沙的袭击围困,导致200万民众深陷前所未有的人道灾难,面临强迫迁移的威胁。约旦河西岸定居点持续扩张,定居者暴力愈演愈烈,巴勒斯坦人民的生存空间一再遭到挤压,“两国方案”的基础一再遭到侵蚀。
耿爽指出,巴勒斯坦问题是中东问题的核心,事关中东地区和平稳定和长治久安。落实“两国方案”是解决巴勒斯坦问题的唯一可行出路。当前最紧迫的是立即实现加沙持久停火,缓解人道灾难。以色列必须落实安理会和联大决议,遵守国际法院临时措施命令和咨询意见,立即停止一切军事进攻,停止违反国际法特别是国际人道法的行为,解除对加沙的封锁,停止西岸的定居点活动,遏制定居者暴力。对当事方有重要影响力的大国应秉持客观、公正立场,采取切实行动平息加沙战火,缓解西岸紧张局势。
耿爽强调,在巴勒斯坦问题上,中方秉持公道正义,始终坚定支持巴勒斯坦人民恢复民族合法权利的正义事业,支持早日建立以1967年边界为基础、以东耶路撒冷为首都、享有完全主权的独立的巴勒斯坦国,支持巴勒斯坦国早日成为联合国正式会员国。中方支持埃及和阿拉伯国家共同发起的加沙恢复和重建计划,期待法国、沙特于6月举行的落实“两国方案”高级别会议为落实“两国方案”注入新的动能。(完)