China
စိန်ခေါ်မှု အမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းရန် တရုတ်နိုင်ငံတွင် စွမ်းရည်၊ အခြေအနေနှင့် ယုံကြည်ချက် အပြည့်အဝရှိသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

ပေကျင်း၊ မေ ၂၂ ရက် (ဆင်ဟွာ)
စိန်ခေါ်မှု အမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းရန် တရုတ်နိုင်ငံတွင် စွမ်းရည်၊ အခြေအနေနှင့် ယုံကြည်ချက် အပြည့်အဝရှိသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က မေ ၂၁ ရက်က တရုတ်စီးပွားရေး အနေအထားနှင့်စပ်လျဉ်း၍ သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားခဲ့သည်။
ယင်းနေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက မကြာသေးမီရက်ပိုင်းတွင် ကုလသမဂ္ဂက အစီရင်ခံစာတစ်ခုထုတ်ပြန်ခဲ့ရာ “စည်းကြပ်ခွန်စစ်ပွဲ” စသည့် သက်ရောက်မှုများကြောင့် ၂၀၂၅ ခုနှစ် ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်းမှာ ၂.၄ ရာခိုင်နှုန်းအထိ လျော့နည်းသွားမည်ဟု ခန့်မှန်းရပြီး ယင်းမှာ ဇန်နဝါရီလက ကြိုတင်ခန့်မှန်းထားသည့် တန်ဖိုးထက် ၀.၄ ရာခိုင်နှုန်းပွိုင့် လျော့နည်းသည်ဟု ထောက်ပြထားကြောင်း၊ တရုတ်နိုင်ငံကလည်း ဧပြီလ အမျိုးသား စီးပွားရေးကဏ္ဍ လည်ပတ်မှု အခြေအနေကို ထုတ်ပြန်ထားကြောင်း၊ ပြောရေးဆိုခွင့်ရှိသူအနေဖြင့် စည်းကြပ်ခွန် စသည့် ပြင်ပအကြောင်းရင်းများက တရုတ်စီးပွားရေးအပေါ် သက်ရောက်မှုကို မည်သို့ ရှုမြင်သနည်း၊ တရုတ်စီးပွားရေးရိုက်ခတ်မှုဒဏ်ခံရမည်ကို စိုးရိမ်မှုရှိပါသလော ဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။
မော်နင်က နိုင်ငံတော်ကောင်စီ သတင်းနှင့်ပြန်ကြားရေးရုံးအနေဖြင့် မေ ၁၉ ရက်တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ဧပြီလ အမျိုးသားစီးပွားရေးကဏ္ဍ လည်ပတ်မှုအခြေအနေကို မိတ်ဆက်ပြောကြားခဲ့ကြောင်း၊ တရုတ်စီးပွားရေး အနေအထားအပေါ် နိုင်ငံတကာမီဒီယာများက “ခန့်မှန်းထားသည်ထက် ကျော်လွန်မှု”၊ “ကြံ့ကြံ့ခံနိုင်မှု” ရှိကြောင်း အသီးသီး သုံးသပ်ခဲ့ကြသည်ကို မိမိအနေဖြင့် သတိထားမိကြောင်း ပြောကြားခဲ့သည်။
အထူးသဖြင့် မြင့်မားသည့် စည်းကြပ်ခွန်အတားအဆီးများကို ရင်ဆိုင်ရသည့် အခြေအနေတွင် တရုတ်နိုင်ငံ၏ ပြည်ပကုန်သွယ်ရေးသည် တည်ငြိမ်စွာ တိုးတက်မှုကို ထိန်းထားနိုင်ခဲ့ကြောင်း၊ ယခုနှစ် ပထမလေးလတွင် ကုန်စည် သွင်းကုန်၊ ပို့ကုန် စုစုပေါင်းပမာဏသည် ယမန်နှစ်ကာလတူထက် ၂.၄ ရာခိုင်နှုန်း တိုးမြင့်လာပြီး ၎င်းတို့အနက် ပို့ကုန်တိုးတက်မှုမှာ ၇.၅ ရာခိုင်နှုန်းရှိရာ နိုင်ငံတကာယှဉ်ပြိုင်နိုင်စွမ်းအား၏ အတိုင်းထက်အလွန် ခိုင်မာမှုကို ပြသလျက်ရှိကြောင်း၊ တစ်ချိန်တည်းတွင်ပင် နိုင်ငံခြားကုမ္ပဏီလုပ်ငန်းများ တရုတ်နိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်ရေး အလားအလာ ပိုမိုကြီးမားအောင်၊ ခန့်မှန်းချက်များ ပိုမိုတည်ငြိမ်အောင် တရုတ်နိုင်ငံသည် စဉ်ဆက်မပြတ် တံခါးဖွင့်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ဒါတွေက စိန်ခေါ်မှု အမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းဖို့ တရုတ်နိုင်ငံမှာ စွမ်းရည်၊ အခြေအနေနဲ့ ယုံကြည်ချက် အပြည့်အဝ ရှိတာကို ပြည့်ပြည့်ဝဝ ရှင်းလင်းပြသနေတာပဲဖြစ်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
—————————
(Chinese Version)
外交部:中国完全有能力、有条件、有底气应对各种风险挑战
新华社北京5月21日电(记者袁睿、刘杨)外交部发言人毛宁21日在就中国经济表现答记者问时表示,中国完全有能力、有条件、有底气应对各种风险挑战。
当日例行记者会上,有记者问:联合国日前发布报告指出,受“关税战”等影响,2025年全球经济增速预计将放缓至2.4%,比1月预测值低0.4个百分点。中方也发布了4月份国民经济运行情况。请问发言人如何看待关税等外部因素对中国经济的影响?是否担心中国经济受到冲击?
毛宁说,国务院新闻办公室19日举行了新闻发布会,介绍4月份国民经济运行情况,我注意到国际媒体纷纷用“超预期”“有韧性”评价中国经济表现。特别值得一提的是,在面临高关税壁垒的情况下,中国外贸保持平稳增长。今年前四个月,货物进出口总额同比增长2.4%,其中出口增长7.5%,显示出过硬的国际竞争力。同时,中国不断扩大开放,让外企在华发展空间更大、预期更稳。
“这些都充分说明,中国完全有能力、有条件、有底气应对各种风险挑战。”她说。(完)