North America
ထရမ့်နှင့် တောင်အာဖရိက သမ္မတ တွေ့ဆုံဆွေးနွေးစဉ် အငြင်ပွားမှုဖြစ်ပွား

ဝါရှင်တန်၊ မေ ၂၂ ရက် (ဆင်ဟွာ)
အမေရိကန်သမ္မတ ထရမ့်သည် အမေရိကန်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်ရောက်ရှိနေသော တောင်အာဖရိက သမ္မတ Cyril Ramaphosa နှင့် မေ ၂၁ ရက်တွင် အိမ်ဖြူတော်၌ တွေ့ဆုံဆွေးနွေးစဉ် တောင်အာဖရိကတွင် “လူဖြူများအား ပစ်မှတ်ထားသော လူမျိုးသုန်း သတ်ဖြတ်မှု” ဖြစ်လျက်ရှိသည်ဟု စွပ်စွဲသော ဗီဒီယိုနှင့် သတင်းတချို့ကို ရုတ်တရက် ပြသခဲ့သည်။ ယင်းနှင့် စပ်လျဉ်း၍ Ramaphosa က တောင်အာဖရိကရှိ လူဖြူများ အကြမ်းဖက်မှုမှ ထွက်ပြေးနေရခြင်း၊ “လူမျိုးရေးဝါဒ” ဥပဒေ ဟူသော ထရမ့်၏ ပြောကြားချက်များသည် အခြေအမြစ်မရှိကြောင်း ချက်ချင်း ငြင်းဆိုခဲ့သည်။
ဤတွေ့ဆုံဆွေးနွေးမှုကို အမေရိကန်မီဒီယာများက “ချုံခိုတိုက်ခိုက်” သည့် တွေ့ဆုံဆွေးနွေးမှု ဟုခေါ်ကြပြီး ဤတွေ့ဆုံဆွေးနွေးမှု၌ ထရမ့်၏ ရုတ်တရက် လုပ်ရပ်များက မူလတွင် ဤခရီးစဉ်ဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို တိုးတက်ကောင်းမွန်စေလိုသည့် Ramaphosa အား အလွန်အံ့အားသင့်စေခဲ့သည်။ တောင်အာဖရိကတွင် လူမျိုးစုအားလုံးသည် အကြမ်းဖက်မှုဒဏ်ကို ခံစားရပြီး ၎င်းတို့အနက် လူမည်းများသည် အဆိုးရွားဆုံးထိခိုက်ခံရသူများ ဖြစ်ကြောင်း Ramaphosa က ပြောကြားခဲ့သည်။
ယခုနှစ်မှစ၍ တောင်အာဖရိကနှင့် အမေရိကန် ဆက်ဆံရေးသည် အစဉ်တင်းမာလျက်ရှိသည်။ ထရမ့်က ဖေဖော်ဝါရီလတွင် တောင်အာဖရိက ထုတ်ပြန်ခဲ့သော “နိုင်ငံပိုင် အဖြစ်သိမ်းယူခြင်း ဥပဒေမူကြမ်း” အသစ်ကို အကြီးအကျယ် ပြစ်တင်ပြောဆိုခဲ့ပြီး တောင်ဖရိက အစိုးရ၏ “မြေများ နိုင်ငံပိုင်အဖြစ် သိမ်းခြင်း” သည် တောင်အာဖရိကရှိ လူဖြူများအပေါ် “လူမျိုးရေး ခွဲခြားဆက်ဆံခြင်း” ဖြစ်ပေါ်စေသည်ဟု စွပ်စွဲကာ တောင်အာဖရိကအပေါ် ကူညီထောက်ပံ့မှုများအား ဖြတ်တောက်ကြောင်း ကြေညာသည့် အမိန့်ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။
မတ်လတွင် တောင်အာဖရိကဆိုင်ရာ အမေရိကန်သံအမတ် Ebrahim Rasool သည် ဆွေးနွေးပွဲတစ်ခု၌ ထရမ့်သည် ကမ္ဘာလုံးဆိုင်ရာ လူဖြူထိပ်တန်းဝါဒလှုပ်ရှားမှုကို ဦးဆောင်နေသည် ဟု ပြောဆိုခဲ့သည့်အတွက် အမေရိကန်ဘက်၏ နှင်ထုတ်ခြင်းကိုခံခဲ့ရသည်။
အမေရိကန်နိုင်ငံက ယခုနှစ် တောင်အာဖရိက ကြီးမှူးကျင်းပမည့် G20 အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးအဆင့်ဖြစ်စေ၊ သမ္မတအဆင့်ဖြစ်စေ တက်ရောက်မည်မဟုတ်ကြောင်း၊ အကြောင်းမှာ တောင်အာဖရိကသည် အမေရိကန်၏ မူဝါဒများနှင့် အစဉ်အမြဲ ကိုက်ညီခြင်းမရှိ သောကြောင့်ဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက မေ ၂၀ ရက် အမျိုးသားလွှတ်တော် ကြားနာပွဲတစ်ခု၌ ပြောကြားခဲ့သည်။
အမေရိကန်၏ တောင်အာဖရိကဆိုင်ရာ အမိန့်ကြေညာချက်က ကောက်ချက်ချသော အခြေခံအဆိုများသည် “လက်တွေ့ မှားယွင်းမှုများ ပါဝင်” နေပြီး တောင်အာဖရိက၏ ကိုလိုနီစနစ်နှင့် လူမျိုးရေး ခွဲခြားမှု၏ နာကျင်ဖွယ်ရာ သမိုင်းကြောင်းကို လျစ်လျူရှုထားကြောင်း တောင်အာဖရိက နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ယခုနှစ် ဖေဖော်ဝါရီတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ “ကျွန်တော်တို့ရဲ့ နိုင်ငံကို ပုံဖျက်ဖို့ ရည်ရွယ်ပြီး လွဲမှားတဲ့သတင်းတွေဖြန့်ဝေတဲ့ နိုင်ငံရေးဝါဒဖြန့်ချိရေးလှုပ်ရှားမှုတွေအပေါ် စိုးရိမ်ပူပန် မိပါတယ်။ စိတ်ပျက်စရာကောင်းတာတစ်ခုက ဒီလို ဇာတ်ကြောင်းပြန်တဲ့ပုံစံမျိုးကို အမေရိကန်ဆုံးဖြတ်ချက်ချမှတ်သူတွေဆီမှာ အသိမှတ်ပြုခံထားရဖွယ်ရှိတယ်” ဟု ဖော်ပြထားသည်။(Xinhua)
……………………..
(Chinese Version)
特朗普会见南非总统时起争执
新华社华盛顿5月21日电 美国总统特朗普21日在白宫会见到访的南非总统拉马福萨时突然展示一些视频和剪报,指责南非正出现“针对白人的种族屠杀”。对此,拉马福萨当场否认,并指出特朗普所谓南非白人正逃离暴力和“种族主义”法律的说法站不住脚。
在这场被美国媒体称为“伏击”的会见中,特朗普突如其来的举动,导致本想借此行改善两国关系的拉马福萨大吃一惊。拉马福萨说,在南非,所有种族都受到暴力事件影响,其中黑人受影响最大。
今年以来,南非与美国关系一直紧张。特朗普2月炮轰南非颁布的新版《征用法案》,指责南非政府“没收土地”构成对南非白人的“种族歧视”,并发布行政令宣布切断对南非援助。3月,南非驻美大使拉苏尔因在一次研讨会上称特朗普正在引领全球白人至上主义运动而遭美方驱逐。5月20日,美国国务卿鲁比奥在国会参议院一场听证会上称,美国选择不参加今年由南非主办的二十国集团会议,无论是外长级别还是总统级别,因为南非一贯与美国政策不一致。
今年2月,南非国际关系与合作部发表声明说,美国涉南非行政令的基本前提“存在事实性错误”,且忽视了南非殖民主义和种族隔离的沉痛历史。“我们对这场旨在歪曲我们的国家而散播虚假信息的政治宣传运动表示担忧。令人失望的是,这种叙事方式似乎得到了美国决策者的认可。”(完)
图说:5月21日,美国总统特朗普(右)在华盛顿白宫迎接到访的南非总统拉马福萨(中)。新华社记者 胡友松 摄