Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ နှင့် တရုတ် နိုင်ငံ သို့ လည်ပတ်ရေး ခရီးစဉ် ဖြင့် ရောက်ရှိလာသည့် ပါကစ္စတန် နိုင်ငံ သမ္မတ တွေ့ဆုံဆွေးနွေး

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ပါကစ္စတန် နိုင်ငံ သမ္မတ Arif Alvi လက်ဆွဲနှုတ်ဆက် နေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၁၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က မတ်လ ၁၇ ရက် တွင် ပေကျင်းမြို့ ရှိ ပြည်သူ့ခန်းမဆောင်ကြီး ၌ တရုတ် နိုင်ငံ သို့ လည်ပတ်ရေး ခရီးစဉ်ဖြင့် ရောက်ရှိလာသည့် ပါကစ္စတန် နိုင်ငံ သမ္မတ Arif Alvi နှင့် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ်ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု ပြုလုပ်စဉ် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ် နိုင်ငံ ၌ ကပ်ရောဂါ ဖြစ်ပွား ချိန်တွင် ပါကစ္စတန် နိုင်ငံ သမ္မတ က အချိန်နှင့် တပြေးညီ သဝဏ်လွှာ ပေးပို့ ခဲ့ပြီး ယခု အခါ တရုတ် နိုင်ငံ သို့ သီးသန့် လာရောက် လည်ပတ်ကာ တရုတ် နိုင်ငံ အား ခိုင်မြဲစွာ ထောက်ခံခြင်း ကို ဖော်ပြပေးခဲ့ကြောင်း ၊ ပါကစ္စတန် နိုင်ငံ အစိုးရ နှင့် နယ်ပယ် အသီးသီး မှ တရုတ် နိုင်ငံ ကပ်ရောဂါ ကာကွယ်ရေး အတွက် လှူဒါန်းမှုများ အပေါ် တရုတ် နိုင်ငံ မှ ကျေးဇူးတင်လိုကြောင်း ၊ လက်တွေ့ ဆောင်ရွက်မှုများဖြင့် တရုတ်-ပါကစ္စတန် နှစ်နိုင်ငံ သည် အေးအတူပူအမျှ အတူတကွ ဖြတ်ကျော် သည့် စစ်မှန်သော ညီအကို မိတ်ဆွေဖြစ်ကြောင်း ကို ထပ်မံ သက်သေပြ နိုင်ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် ကမ္ဘာ့ နိုင်ငံ အနှံ့အပြား ၌ ကပ်ရောဂါ များ ဖြစ်ပွား နေပြီး နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် အတူတကွ လက်တွဲ ကာ ကပ်ရောဂါ အား တိုက်ဖျက်ရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ကာလတစ်လျှောက် လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း အတွေးအမြင် အား ကိုင်ဆောင်ထားပြီး ပွင်းလင်းမြင်သာသော ၊ တာဝန်ယူသော သဘောထားဖြင့် ကပ်ရောဂါ နှင့် ပတ်သက်သည့် သတင်းအချက်အလက်များအား အချိန်နှင့် တပြေးညီ မျှဝေပေးခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ကပ်ရောဂါ နှင့် ပတ်သက်သည့် ကာကွယ်ထိန်းချုပ်ရေး နှင့် ဆေးဝါး ကုသရေး အတွေ့အကြုံများအား ကမ္ဘာ့ နိုင်ငံ အသီးသီး သို့ မျှဝေပေးသွားလိုပြီး ကမ္ဘာ့ ကပ်ရောဂါ ကာကွယ် ထိန်းချုပ်ရေး အတွက် ဆောင်ရွက်ပေးကာ ပါကစ္စတန် နိုင်ငံ အား ဆက်လက် ကူညီထောက်ပံ့ပေး သွားလိုကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ပါကစ္စတန် နိုင်ငံ သမ္မတ Arif Alvi တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နေစဉ်(ဆင်ဟွာ)

ထို့ပြင် တရုတ် နိုင်ငံ သမ္မတ က တရုတ် နိုင်ငံ အနေဖြင့် ပါကစ္စတန် နိုင်ငံ အချုပ်အခြာ အာဏာ တည်မြဲရေး နှင့် နယ်မြေတည်တံ့ခိုင်မြဲရေး အတွက် ဆက်လက် ထောက်ခံအားပေးသွားမည် ဖြစ်ပြီး ပါကစ္စတန် နိုင်ငံ မှ မိမိ နိုင်ငံ အခြေအနေ နှင့် ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ် လျှောက်လှမ်း သည် ကို ထောက်ခံပေးသွားမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် နိုင်ငံခေါင်းဆောင်များ မကြာခဏ အပြန်အလှန် လည်ပတ်တွေ့ဆုံသည့် အစဉ်အလာ ကို ဆက်လက် ထိန်းသိမ်းသွားပြီး အရေးပါသည့် ကိစ္စရပ် နှင့် စီမံကိန်းများ တွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွား ရမည် ဖြစ်ကြောင်း ၊ တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြ ံ အား ရပ်ဝန်း နှင့် ပိုးလမ်းမ ဖော်ဆောင်မှု ၏ အရည်အသွေးမြင့် စီမံကိန်း တစ်ခု ဖြစ်အောင် ဆောင်းရွက်သွားပြီး ကမ္ဘာ့တည်ငြိမ်အေးချမ်းရေး ကို အတူတကွ ထိန်းသိမ်းသွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ပါကစ္စတန် နိုင်ငံ သမ္မတ က တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ ခိုင်မာသည့် ဦးဆောင်မှု အောက်တွင် တရုတ် နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်း က ကြီးမားသည့် အောင်မြင်မှုများ ရရှိခဲ့သည့် အတွက် မိမိ အနေဖြင့် ပါကစ္စတန် နိုင်ငံ အစိုးရ နှင့် ပြည်သူလူထု ကိုယ်စား ဂုဏ်ပြုပေးလိုကြောင်း ၊ ကပ်ရောဂါ နှင့် ကြုံတွေ့ချိန်တွင် တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ နှင့် တရုတ် နိုင်ငံ အစိုးရ က ထူးချွန်သည့် ဦးဆောင်မှု စွမ်းရည် ကို ပြသနိုင်ခဲ့ပြီး တရုတ် နိုင်ငံ ပြည်သူလူထု ၏ ပေးဆပ်မှု ကို မကြောက်ရွံ့သည့် စိတ်ဓာတ်ကိုလည်း သိရှိနိုင်ခဲ့ကြောင်း ၊ ကပ်ရောဂါ ပြီးဆုံးချိန်တွင် တရုတ် နိုင်ငံ က အင်အား ပိုမိုတောင့်တင်းလာမည် ကို ယုံကြည်ပြီး အချို့သော အင်အားစု တို့ ၏ ကပ်ရောဂါ အား အသုံးချ၍ တရုတ် နိုင်ငံ အား ဝေဖန်နေမှုများက အကောင်အထည် ဖော်နိုင်မည် မဟုတ်ကြောင်း ၊ ပါကစ္စတန် နှင့် တရုတ် နိုင်ငံ တို့ က အခက်အခဲ များကို အတူရင်ဆိုင်ကြသည့် သံမဏိ ညီအကို သံယောဇဉ် ရှိကြပြီး နှစ်နိုင်ငံ ပြည်သူလူထု တို့ကလည်း နက်ရှိုင်းသည့် ချစ်ကြည်ဆက်ဆံရေး တည်ရှိကြောင်း ၊ ပါကစ္စတန် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ မှ ကာလတစ်လျှောက် ပေးအပ် ခဲ့သည့် ကူညီထောက်ပံ့မှုများ ကို ကျေးဇူးတင်လိုပြီး တရုတ် နိုင်ငံ နှင့် အတူတကွ ရပ်တည်ကာ အခက်အခဲများ ကို အတူတကွ တိုက်ဖျက်သွားလိုကြောင်း ၊ ပါကစ္စတန် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ ၏ အဓိက အကျိုးစီးပွား နှင့် သက်ဆိုင်သော ကိစ္စရပ် များတွင် တရုတ် နိုင်ငံ အား ဆက်လက် ခိုင်မြဲစွာ ထောက်ခံပေးသွားမည် ဖြစ်ပြီး အနီးကပ် ကူးလူးဆက်ဆံရေး အား ထိန်းသိမ်း ကာ နှစ်နိုင်ငံ စီးပွားရေး စင်္ကြ ံ အား ကောင်းမွန်စွာ အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အပြီးတွင် တရုတ်-ပါကစ္စတန် နှစ်နိုင်ငံ ခေါင်းဆောင်တို့ ၏ ရှေ့မှောက်တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုစာချုပ်များ လက်မှတ်ရေးထိုးခဲ့ပြီး နှစ်နိုင်ငံ အတူတကွ တရုတ်-ပါကစ္စတန် အခြေအနေပေါင်းစုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေး အား ပိုမို နက်ရှိုင်းအောင် ဆောင်ရွက်သွားမည့် ပူးတွဲ ကြေညာစာတမ်းအား ထုတ်ပြန်ကြေညာ ခဲ့သည်။  (Xinhua)