Connect with us

North America

အမေရိကန်၏ စနစ်တကျ၊ ကျယ်ပြန့်သော လူမျိုးရေးခွဲခြားမှုက ပို၍ဆိုးဝါးလာဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ဆန္ဒပြသူများနှင့်ရဲတပ်ဖွဲ့ဝင်များအကြားထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားနေသည်ကို ၂၀၂၀ ပြည့်နှစ် မေ ၂၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ)

အမေရိကန်တွင် “လူဖြူဦးစားပေး”နှင့်”လူမျိုးရေးအစားထိုးမှုအဆို” ပွက်လောရိုက်နေသလို စနစ်တကျ၊ကျယ်ကျယ်ပြန့်ပြန့် လူမျိုးရေးခွဲခြားမှုက ပိုမို ဆိုးဝါးလာကြောင်း ယခုရက်ပိုင်းများအတွင်း ရဲတပ်ဖွဲ့ဝင်များက သေနတ် အချက်ပေါင်း ၆၀ ကျော် ပစ်ခတ်မှုကြောင့် အမေရိကန်ရှိ အာဖရိကနွယ်ဖွားလူငယ်တစ်ဦး သေဆုံးခြင်းဖြစ်ရပ်နှင့်စပ်လျဉ်းပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဇူလိုင် ၅ ရက်တွင် မှတ်ချက်ပြုပြောကြားခဲ့သည်။သတင်းများအရ အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ် အာခရွန်မြို့ ရဲတပ်ဖွဲ့က ဇွန် ၂၇ ရက် နံနက်ပိုင်းတွင် ပုံမှန်ကားစစ်ဆေးမှုများ ပြုလုပ်နေစဉ် ယာဉ်စည်းကမ်းချိုးဖောက်သည်ဟု သံသယရှိခံရသူ အာဖရိကနွယ်ဖွား လူငယ်တစ်ဦးဖြစ်သော Jayland Walker ကို တွေ့ရပြီး ကားအတွင်း သေနတ်သံကြားရကြောင်း ဖော်ပြထားသည်။ ဇူလိုင် ၃ ရက် ထုတ်ပြန်သည့် ဥပဒေစိုးမိုးရေးမှတ်တမ်းဗွီဒီယိုများတွင် Jayland Walker က ယာဉ်ပေါ်မှ ဆင်း၍ ထွက်ပြေးရန်ကြိုးစားစဉ် ရဲတပ်ဖွဲ့ဝင်အချို့က လိုက်လံဖမ်းဆီးခဲ့ရာ သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။ အလောင်းစစ်ဆေးမှုအစီရင်ခံချက်တွင် Jayland Walker တွင် သေနတ်အချက်ပေါင်း ၆၀ ကျော် ထိမှန်ခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းချက်ကို ပြန်လည်ပြောကြားခဲ့ခြင်းဖြစ်သည်။ အမေရိကန် ရဲတပ်ဖွဲ့ဝင်များက လူနည်းစုပြည်ပနွယ်ဖွားများအပေါ် အကြမ်းဖက်ဥပဒေသုံးခြင်းက အနည်းအကျဉ်းမဟုတ်တော့ကြောင်း ၎င်းကဆိုသည်။ စာရင်းအင်းများအရ ၂၀၂၀ ပြည့်နှစ်မှ ယနေ့အထိ အမေရိကန် ရဲတပ်ဖွဲ့ဝင်များ၏လုပ်ဆောင်မှုကြောင့် သေဆုံးခဲ့သူ ၂,၅၆၃ ဦး ရှိရာ ၎င်းတို့အနက် အာဖရိကနွယ်ဖွားသေဆုံးသူ ၅၆၅ ဦး ၊ ၂၂ ရာခိုင်နှုန်းရှိခဲ့ကြောင်း ၊ ယခုနှစ်အတွင်းမှာပင် အမေရိကန် ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ အာဖရိကနွယ်ဖွား ၄၉ ဦး ရှိကြောင်း ပြောကြားခဲ့သည်။

ယခင်က ဆိုးသွမ်းလှသော ကျွန်ကုန်သွယ်ရေး၊ အင်ဒီးယန်းလူမျိုးများကို မောင်းနှင်သတ်ဖြတ်ခြင်းမှ ယနေ့အခါ အာဖရိကနွယ်ဖွားစသော လူနည်းစုနွယ်ဖွားများကြုံတွေ့နေရသော ဆိုးဝါးသည့်အခြေအနေများအထိ အမေရိကန်တွင် “လူဖြူဦးစားပေး”၊ “လူမျိုးရေးအစားထိုးမှုအဆို”က ပွက်လောရိုက်ခဲ့သလို စနစ်တကျ၊ကျယ်ပြန့်သော လူမျိုးရေးခွဲခြားမှုက ပို၍ ဆိုးဝါးလာကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့သည်။

လူမျိုးရေး၊ ကျား/မ၊ ဘာသာစကား သို့မဟုတ် ယုံကြည်ကိုးကွယ်မှုဘာသာ ခွဲခြားမှုမရှိဘဲ လူသားတစ်ရပ်လုံးက လူအခွင့်အရေးနှင့်အခြေခံလွတ်လပ်မှုကို ခံစားခွင့်ရှိခြင်းမှာ ကုလသမဂ္ဂပဋိညာဉ်စာချုပ်၏စိတ်ဓါတ်သဘောထား ဖြစ်ကြောင်း ကျောက်လိကျန်းက ဆိုသည်။ လူမျိုးရေးဝါဒသည် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးတန်ဖိုးအမြင်၏ “မှောင်မိုက်သောအင်အားစု”ဖြစ်ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ယခုနှစ် လူမျိုးရေးခွဲခြားမှုပပျောက်ရေးနိုင်ငံတကာအထိမ်းအမှတ်ညီလာခံတွင် ထောက်ပြ ပြောဆိုခဲ့ကြောင်း၊ လူမျိုးရေးခွဲခြားဆက်ဆံမှုပုံစံအားလုံး ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်(ICERD) ချုပ်ဆိုခဲ့သောနိုင်ငံအနေဖြင့် အမေရိကန်သည် စနစ်တကျဖြစ်နေသည့် လူမျိုးရေးခွဲခြားမှုကို အစဉ်အမြဲ ထိရောက်စွာ ဖြေရှင်းနိုင်မှုမရှိရာ သဘောတူစာချုပ်၏လုပ်ငန်းတာဝန်များကို ဆိုးဝါးစွာချိုးဖောက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“အမေရိကန်အစိုးရအနေဖြင့် George Floyds နှင့် Jayland Walkersကဲ့သို့သော သေဆုံးမှုမျိုး ဘယ်နှယောက်ဖြစ်ခါမှ အမှန်တကယ် ပြန်လည်သုံးသပ်မှုတွေ၊ လက်တွေ့ဆောင်ရွက်မှုတွေလုပ်မှာလဲ၊ မောက်မာမှုနဲ့တစ်ယူသန်ဆန်မှုတွေ ဖယ်ရှားပြီး တရားမျှတမှုကို ကြိုးပမ်းဖော်ဆောင်မှာလဲလို့ မေးချင်ပါတယ်။ ”ဟု ကျောက်လိကျန်းက ပြောကြားခဲ့သည်။ (Xinhua)

#China, #US, #Racism, #xinhua, #xinhuamyanmar, #တရုတ်, #အမေရိကန်, #လူမျိုးရေးခွဲခြားမှု, #ဆင်ဟွာ
………………………………………………
(Chinese Version)
赵立坚:美国系统性、普遍性种族歧视愈演愈烈
2022-07-05 21:49:19 分类: 政治法律
就近日美国一名非洲裔青年身中60多枪被警察击毙一事,外交部发言人赵立坚7月5日表示,美国“白人至上”“种族替代论”甚嚣尘上,系统性、普遍性的种族歧视愈演愈烈。
据报道,美国俄亥俄州阿克伦市警察于6月27日凌晨进行例行车辆检查时发现涉嫌交通违规的非洲裔青年杰兰·沃克,据称沃克车里传出枪声。7月3日公布的执法记录仪视频显示,沃克下车逃跑,数名警察进行追捕随后开枪。据尸检报告,沃克被射中超过60枪。
赵立坚5日在例行记者会上回答有关提问时说,美国警察针对少数族裔暴力执法已经屡见不鲜。据统计,2020年至今美国警察执法致死人数达2563人,其中非洲裔死亡人数达565人,占比超过22%。仅今年以来,就有49名非洲裔被美国警察开枪打死。
他说,从昔日罪恶的奴隶贸易、驱赶屠杀印第安人,到今天非洲裔等少数族裔的恶劣处境和悲惨遭遇,美国“白人至上”“种族替代论”甚嚣尘上,系统性、普遍性的种族歧视愈演愈烈。
赵立坚表示,不分种族、性别、语言或宗教,全人类享有人权和基本自由,是《联合国宪章》第一条开宗明义的精神。联合国秘书长古特雷斯在今年消除种族歧视国际日纪念大会上指出,种族主义是威胁民主、稳定与和平价值观的“黑暗力量”。作为联合国《消除一切形式种族歧视国际公约》缔约国,美国一直未能采取有效措施改变系统性种族歧视,严重违反公约义务。
“试问,美国政府还需要多少‘弗洛伊德’和‘杰兰·沃克’之死,才能真正反思反省,并采取切实行动,丢掉傲慢与偏见,努力实现公平与正义?”赵立坚说。(记者孙楠)
1. 2020年5月29日,在美国纽约,抗议者与警察对