Connect with us

China

တရုတ်နိုင်ငံက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် အမေရိကန်၏ “အလားတူစည်းကြပ်ခွန်” များကို စောင့်ကြည့်နေကြောင်း ပြောကြား၊ နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို ကာကွယ်ထိန်းသိမ်းရန် တိုက်တွန်း

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ အမှတ်တံဆိပ်အား ၂၀၂၃ ခုနှစ် ဧပြီ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ မေ ၂၂ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) အထွေထွေကောင်စီ၏ ၂၀၂၅ ခုနှစ် ဒုတိယအကြိမ် အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် မေ ၂၀ ရက်မှ ၂၁ ရက် အထိကျင်းပခဲ့သည်။
ပထမနေ့အစည်းအဝေးတွင် တရုတ်နိုင်ငံက ဆွေးနွေးမှုအစီအစဉ်များကို သတ်မှတ်၍ “လက်ရှိအခြေအနေတွင် နိုင်ငံစုံ ကုန်သွယ်ရေးစနစ်ကို ထောက်ခံအားပေးခြင်းဆိုင်ရာ ကြေညာချက်” အဆိုပြုလွှာကို တင်သွင်းခဲ့ပြီး အမေရိကန်၏ “အလားတူစည်းကြပ်ခွန်” များကို စောင့်ကြည့်နေကြောင်းနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) အဖွဲ့ဝင်များ အဖွဲ့လိုက် ကိုင်တွယ်ဖြေရှင်းရေးဆိုင်ရာ အကြုံပြုချက်များကို အဆိုပြုခဲ့သည်။

တရုတ်နိုင်ငံက တံခါးဖွင့်သော၊ တည်ငြိမ်သော၊ စည်းမျဉ်းစည်းကမ်းကို အခြေခံသော နိုင်ငံတကာ ကုန်သွယ်စီးပွား စည်းစနစ်သည် နိုင်ငံအသီးသီး၏ ဘုံအကျိုးစီးပွားနှင့်ကိုက်ညီကြောင်း ပြောကြားခဲ့သည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) တည်ထောင်ပြီး နှစ်ပေါင်း ၃၀ ကာလတွင် ဧရာမကြီးမားသည့် အောင်မြင်မှုများ ရရှိခဲ့သော်လည်း လက်ရှိတွင်မူ နိုင်ငံစုံ ကုန်သွယ်ရေးစနစ်သည် ပြင်းထန်သည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း၊ “အလားတူစည်းကြပ်ခွန်” ဟူသည်မှာ စည်းမျဉ်းစည်းကမ်းကို အခြေခံသည့် နိုင်ငံစုံကုန်သွယ်ရေးစနစ်ကို ဆိုးရွားစွာ ရိုက်ခတ်ခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) အဖွဲ့ဝင်နိုင်ငံများသည် သမိုင်း၏ မှန်ကန်သည့်ဘက်မှ ရပ်တည်ကာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ကို ဗဟိုပြုသော၊ စည်းမျဉ်းစည်းကမ်းကို အခြေခံသော နိုင်ငံစုံကုန်သွယ်ရေးစနစ်ကို အတူတကွ ကာကွယ်ထိန်းသိမ်းပြီး မြှင့်တင်ရမည် ဖြစ်ကြောင်း တရုတ်နိုင်ငံက ပြောကြားခဲ့သည်။

ကုန်သွယ်ရေး မတည်မငြိမ်ဖြစ်သည့် အခြေအနေကို ကိုင်တွယ်ဖြေရှင်းရန်အတွက် တရုတ်နိုင်ငံက “တည်ငြိမ်ရေးကို ဦးထိပ်ထားခြင်း၊ ဖွံ့ဖြိုးရေးကို ဦးစားပေးခြင်း၊ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်ခြင်း” ရှိသော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) လုပ်ငန်းအကြံဉာဏ်များအား အဆိုပြုခဲ့သည်။

ပထမအနေဖြင့် တည်ငြိမ်ရေးကို ဦးထိပ်ထားခြင်း ဖြစ်သည်။ တရုတ်နိုင်ငံက အဖွဲ့ဝင်များ တစ်သားတည်း စည်းလုံးညီညွတ်ရန်၊ အပြန်အလှန်ကြား ကုန်သွယ်ရေးကဏ္ဍဆက်ဆံရေးကို တည်ငြိမ်အောင် ဆောင်ရွက်ရန်၊ ကုန်သွယ်ရေးမူဝါဒ ပွင့်လင်းမြင်သာမှုကို မြှင့်တင်ရန်နှင့် ကုန်သွယ်ရေးမူဝါဒ ကြီးကြပ်မှုကို အားဖြည့်ရန်၊ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ စည်းမျည်းစည်းကမ်း မူဘောင်အောက်တွင် တည်ငြိမ်စွာ လည်ပတ်ရေးအား အာမခံရန် တိုက်တွန်းပြောကြားခဲ့သည်။

ဒုတိယအနေဖြင့် ဖွံ့ဖြိုးရေးကို ဦးစားပေးခြင်း ဖြစ်သည်။ တရုတ်နိုင်ငံက အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများအပေါ် ဈေးကွက်တံခါး ပို၍ တိုးချဲ့ဖွင့်လှစ်ရန်နှင့်် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ ကုန်သွယ်မှု မြှင့်တင်ရေး ကူညီမှုအဆိုပြုချက် စသည့် ပလက်ဖောင်းများကို အားပေးထောက်ခံကာ ဖွံ့ဖြိုးဆဲအဖွဲ့ဝင်နိုင်ငံများအတွက် ပိုမိုထိရောက်သည့် ကူညီပံ့ပိုးမှုများပေးရန်၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၁၄ ကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေးတွင် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်သောရလဒ်များ ရရှိရေး တွန်းအားပေးရန် တိုက်တွန်းပြောကြားခဲ့သည်။

တတိယအနေဖြင့် ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ပြုပြင်ပြောင်းလဲရေးကို နက်ရှိုင်းစွာဖော်ဆောင်ရန် ထောက်ခံအားပေးကြောင်း၊ ရှိရင်းစွဲ ဆွေးနွေးမှု အကြောင်းအရာများကို ဂရုပြုရမည် ဖြစ်သလို ဥတုရာသီပြောင်းလဲမှု၊ အစိမ်းရောင်အသွင်ပြောင်းမှု၊ ထောက်ပံ့ရေးကွင်းဆက် ကြံ့ကြံ့ခံမှု၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းမူဝါဒ စသည့် မျက်မှောက်ခေတ် ကုန်သွယ်ရေး အကြောင်းအရာများကိုလည်း ဂရုပြုရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် စည်းမျဉ်းစည်းကမ်းသစ်များ၏ စေ့စပ်ညှိနှိုင်းမှုများကို ပို၍ပြောင်းလွယ်ပြင်လွယ်ရှိသော နည်းလမ်းဖြင့် တွန်းအားပေးရန်၊ “ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်သော ရင်းနှီးမြှုပ်နှံမှုများ အဆင်ပြေလွယ်ကူရေး သဘောတူညီချက်”၊ “E-commerce သဘောတူညီချက်” စသည်တို့အား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)၏ စည်းမျဉ်းစည်းကမ်းမူဘောင်တွင် လျင်မြန်စွာထည့်သွင်းရန်လည်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ အဆိုပြုချက်သည် ကျယ်ကျယ်ပြန့်ပြန် သဘောတူညီမှုကို ရရှိခဲ့သည်။ ဘရာဇီး၊ ရုရှား၊ ပါကစ္စတန်နှင့် အင်တီဂွါနှင့် ဘာဘူဒါ စသည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) အဖွဲ့ဝင်နိုင်ငံများက တစ်ဖက်သတ်ဝါဒ မူဝါဒအစီအမံများအား အထူးဂရုပြုလျက်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့အတူ တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးတည်ငြိမ်မှုအား ကာကွယ်ထိန်းသိမ်းရေးအကြံပြုချက်အပေါ် တူညီသဘောထားရှိကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ အထူးခံစားခွင့်ရှိ နိုင်ငံများ ဆက်ဆံရေး (Most-Favoured Nation – MFN) အခြေခံမူ လေးစားလိုက်နာရန်၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ပြုပြင်ပြောင်းလဲရေး တွန်းအားပေးရန်၊ နိုင်ငံစုံကုန်သွယ်ရေးစနစ်ကို ကာကွယ်ထိန်းသိမ်းပြီး အားဖြည့်ရန်၊ လက်ရှိကုန်သွယ်ရေး မတည်မငြိမ်မှုအခြေအနေကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရန် ၎င်းတို့က အထူးထောက်ပြပြောကြားခဲ့သည်။ (Xinhua)
———————
(Chinese Version)
中方在世贸组织对美国“对等关税”表达关注 呼吁维护多边主义
新华社日内瓦5月20日电(记者焦倩)20日至21日,世界贸易组织在瑞士日内瓦召开总理事会2025年度第二次会议。在第一天会议上,中方主动设置议程并提交《关于当前形势下支持多边贸易体制的声明》书面提案,对美国“对等关税”表达关注,并提出世贸组织成员集体应对建议。
中方表示,一个开放、稳定、以规则为基础的国际经贸秩序符合各国共同利益。世贸组织成立30年来取得巨大成就,但当前多边贸易体制正面临严峻挑战。所谓“对等关税”严重冲击以规则为基础的多边贸易体制。世贸组织成员要站在历史正确的一边,共同维护和加强以世贸组织为核心、以规则为基础的多边贸易体制。
为应对贸易动荡局势,中方提出“稳字当头、发展当先、改革当道”的世贸组织工作思路。一是稳字当头。中方呼吁成员团结一致,稳定相互间贸易关系,提高贸易政策透明度并加强贸易政策监督,确保全球贸易仍在世贸组织规则框架下稳定运行。二是发展当先。中方呼吁成员进一步扩大对最不发达国家市场开放,并支持世贸组织促贸援助倡议等平台为发展中成员提供更有效的帮助,推动世贸组织第14届部长级会议取得发展导向型成果。三是改革当道。中方支持深化世贸组织改革,既要关注既有议题,也要关注气候变化、绿色转型、供应链韧性、产业政策等当代贸易议题;以更加灵活的方式推进新规则谈判,尽快将《促进发展的投资便利化协定》《电子商务协定》等纳入世贸组织规则框架。
中方提案引发广泛共鸣。巴西、俄罗斯、巴基斯坦、安提瓜和巴布达等世贸组织成员对单边主义政策措施表达强烈关注,呼应中方关于维护全球贸易稳定的建议,特别指出成员要遵守世贸组织最惠国待遇原则,推进世贸组织改革,维护和加强多边贸易体制,有效应对当前贸易动荡局势。(完)
1. A logo of the World Trade Organization (WTO) is seen in Geneva, Switzerland, on April 5, 2023. (Xinhua/Lian Yi)