China
၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံများ မီဒီယာပူးပေါင်းဆောင်ရွက်မှု ဖိုရမ် ကျင်းပ

ဝူးလူမုချီ၊ မေ ၂၃ ရက် (ဆင်ဟွာ)
“သာယာလှပသော မိသားစုဥယျာဉ်ကို အတူတည်ဆောက်ရင်း စည်ပင်ဝပြောသော အနာဂတ် အတူဖန်တီးခြင်း” ခေါင်းစဉ်ဖြင့် ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများ မီဒီယာပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ကို မေ ၂၃ ရက်တွင် တရုတ်နိုင်ငံ ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝူးလူမုချီမြို့၌ ကျင်းပခဲ့သည်။
SCO အဖွဲ့ဝင်နိုင်ငံများ၊ စောင့်ကြည့် လေ့လာသူနိုင်ငံများနှင့် ဆွေးနွေးရေးမိတ်ဖက်နိုင်ငံများ စုစုပေါင်း ၂၆ နိုင်ငံမှ ပင်မမီဒီယာ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျွမ်းကျင်ပညာရှင်နှင့် လုပ်ငန်းကုမ္ပဏီများမှ ကိုယ်စားလှယ် ၃၀၀ ကျော် တစ်နေရာတည်းတွင် စုစည်းကာ ပူးပေါင်းဆောင်ရွက်မှုအတွက် အတူဆွေးနွေးခဲ့ကြသည်။ အဆိုပါဖိုရမ်သို့ SCO ဒုတိယအတွင်းရေးမှူးချုပ် Sohail Khan တက်ရောက်ခဲ့သည်။
SCO အဖွဲ့ကို ၂၀၀၁ ခုနှစ်တွင် စတင်ထူထောင်လာကတည်းက “အပြန်အလှန် ယုံကြည်မှု၊ အပြန်အလှန် အကျိုးဖြစ်ထွန်းမှု၊ တန်းတူညီမျှမှု၊ ဆွေးနွေးညှိနှိုင်းမှု၊ အမျိုးစုံလင်သော ယဉ်ကျေးမှုအား လေးစားမှု၊ အတူတကွ ဖွံ့ဖြိုးတိုးတက်မှုအား ဖော်ဆောင်မှု” ဟူသည့် “ရှန်ဟိုင်းစိတ်ဓာတ်” ကို အမြဲတစေ အရင်းခံကာ အဖွဲ့ဝင်များ အပြန်အလှန်၏ အဓိကအကျိုးစီးပွားနှင့် အရေးကြီး ဂရုပြုမှုများကို ခိုင်မာစွာ ထောက်ခံအားပေးပြီး အပြန်အလှန်၏ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းတွင် ယုံကြည်ရသော မိတ်ဖက် ဖြစ်လာခဲ့သည်ဟု ဖိုရမ်သို့ တက်ရောက်ကြသော ဧည့်သည်တော်များက ယူဆကြသည်။
SCO သည် လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်းအယူအဆကို လက်ကိုင်ထားကြောင်း၊ အဖွဲ့ဝင်များအကြား နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု စဉ်ဆက်မပြတ် နက်ရှိုင်းလာကာ စီးပွားရေး ပေါင်းစပ်မှုရလဒ်များစွာ ရရှိပြီး လုံခြုံရေးကဏ္ဍညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု ရလဒ်များ သိသာထင်ရှား၍ လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်မှုများ အရောင်အသွေးစုံလင်လှကြောင်း ၎င်းတို့က ယူဆကြသည်။
အခမ်းအနားသို့ တက်ရောက်ကြသော ဧည့်သည်တော်များက SCO နိုင်ငံများမှ မီဒီယာများသည် တစ်ကမ္ဘာလုံးဆိုင်ရာ အမြော်အမြင်ဖြင့် မီဒီယာလုပ်ငန်းကို ပြုပြင်ပြောင်းလဲရမည် ဖြစ်သလို ရှေ့ပြေးအတွေးအမြင်ဖြင့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းကို ဖော်ထုတ်ပေါင်းစပ်ရမည်ဖြစ်ကြောင်း၊ လက်တွေ့လှုပ်ရှားမှုဖြင့် မီဒီယာတာဝန်များကို အတူထမ်းဆောင်ကာ စစ်မှန်သော၊ ဓမ္မဓိဋ္ဌာန်ကျသော၊ တရားမျှတသော သတင်းတင်ဆက်မှုဖြင့် SCO အဖွဲ့ဝင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရခြင်း၏ ရည်မှန်းချက်နှင့် အနက်အဓိပ္ပာယ်ကို ကောင်းမွန်စွာ ပြသ၍ SCO ဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းမွန်သော လူထုသဘောထား ပတ်ဝန်းကျင် ဖန်တီးရမည်ဖြစ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
ထို့ပြင် SCO အဖွဲ့ဝင်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုရလဒ်များကို နက်ရှိုင်းစွာတင်ဆက်၍ “ရှန်ဟိုင်းစိတ်ဓာတ်” ကို ပြန့်ပွားအောင်လုပ်ဆောင်ကာ ဖွံ့ဖြိုးတိုးတက်မှု သဘောတူညီချက်များကို စုစည်းရမည်ဖြစ်ကြောင်း၊ SCO နိုင်ငံမှ ပြည်သူများ ရင်းနှီးကျွမ်းဝင်မှုကို မြှင့်တင်ပြီး ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ စည်ပင်ဝပြောရေးအား ကာကွယ်ထိန်းသိမ်းရန်၊ SCO အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအား အတူတကွတွန်းအားပေးရန်အတွက် မီဒီယာအင်အားဖြင့် အကျိုးထမ်းဆောင်ပေးရမည် ဖြစ်ကြောင်း အခမ်းအနားသို့ တက်ရောက်ကြသော ဧည့်သည်တော်များက ပြောကြားခဲ့သည်။
ယခုအကြိမ်ဖိုရမ်ကို တရုတ်နိုင်ငံ ပြည်သူ့နေ့စဉ် သတင်းစာတိုက်နှင့် ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့အစိုးရတို့ ပူးတွဲကျင်းပခဲ့ခြင်းဖြစ်သည်။ ဖိုရမ်တွင် ဖွင့်ပွဲအခမ်းအနား၊ မီဒီယာဆွေးနွေးပွဲ၊ လူငယ်များ ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးစခန်း စတင်ခြင်းအခမ်းအနား စသည့် အစီအစဉ်များ စီစဉ်ထားကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် “ဘုံမိသားစုဥယျာဉ် – SCO အဖွဲ့ဝင်နိုင်ငံများ ဖွံ့ဖြိုးတိုးတက်မှု မျှော်မှန်းချက် ပြည်သူ့သဘောထား စစ်တမ်းကောက်ယူမှု အစီရင်ခံစာ” ကို ထုတ်ပြန်ခဲ့သည်။ မီဒီယာဆွေးနွေးပွဲတွင် “SCO နိုင်ငံမှ မီဒီယာများ ဗီဒီယိုအတို အတူမျှဝေဖြန့်ချိရေး အစီအစဉ်” အကြောင်း မိတ်ဆက်ခဲ့သည်။ ဖိုရမ်ပြီးနောက် အခမ်းအနားတက်လာသော တရုတ်နိုင်ငံ ပြည်တွင်းပြည်ပ မီဒီယာကိုယ်စားလှယ်များက ရှင်းကျန်းဒေသတွင် စစ်တမ်းကောက်ယူ တွေ့ဆုံမေးမြန်းမှုများ လုပ်ဆောင်သွားမည်ဖြစ်သည်။ (Xinhua)
————————
(Chinese Version)
2025上合组织国家媒体合作论坛举行
新华社乌鲁木齐5月23日电(记者成欣、顾煜)以“共建美好家园 共创繁荣未来”为主题的2025上合组织国家媒体合作论坛23日在新疆维吾尔自治区乌鲁木齐市举行。来自上海合作组织成员国、观察员国和对话伙伴共26个国家的300余位主流媒体代表、有关部门负责同志、专家学者和企业代表等齐聚一堂、共商合作。上海合作组织副秘书长索海尔·汗出席论坛。
与会嘉宾认为,上合组织自2001年成立以来,始终秉持“互信、互利、平等、协商、尊重多样文明、谋求共同发展”的“上海精神”,坚定支持维护成员彼此核心利益与重大关切,成为彼此发展振兴道路上可信赖的伙伴。上合组织秉持人类命运共同体理念,成员间政治互信持续深化,经济融合硕果累累,安全协作成效卓著,人文交流精彩纷呈。
与会嘉宾表示,上合组织国家媒体要以全球视野把脉传媒业态变革,以前沿思维解码融合发展机遇,以务实行动共担媒体责任,以真实、客观、公正的报道,阐释好上合组织国家合作的宗旨和意义,为上合组织发展营造良好舆论环境;深入报道上合组织国家合作成果,弘扬“上海精神”,凝聚发展共识,增进上合组织国家人民相知相亲,为维护地区和平稳定繁荣、共同推动构建上海合作组织命运共同体贡献媒体力量。
本届论坛由人民日报社与新疆维吾尔自治区人民政府联合举办。论坛设置开幕式、媒体对话会、青年文化交流营启动仪式等环节。开幕式上发布了《共同的家园——上海合作组织成员国发展愿景民意调查报告》。媒体对话会上进行了“上合组织国家媒体短视频共享传播计划”宣介。论坛后,参会中外媒体代表将在新疆进行调研采访。(完)
图说:5月23日拍摄的2025上合组织国家媒体合作论坛开幕式现场。新华社记者 丁磊 摄