Africa & Middle East
ကို့တ်ဒီဗွာ နိုင်ငံတကာ စိုက်ပျိုးရေးပြပွဲ ဖွင့်လှစ်ကျင်းပရာ အဓိကဧည့်သည်တော်နိုင်ငံ တရုတ်နိုင်ငံက ခေတ်မီ စိုက်ပျိုးရေးစက်ပစ္စည်းနှင့် နည်းပညာများ ခင်းကျင်းပြသ

အဘစ်ဒ်ဂျန်၊ မေ ၂၄ ရက် (ဆင်ဟွာ)
ကို့တ်ဒီဗွာနိုင်ငံ ၇ ကြိမ်မြောက် နိုင်ငံတကာ စိုက်ပျိုးရေးနှင့် တိရစ္ဆာန်အရင်းအမြစ်ပြပွဲကို မေ ၂၃ ရက်တွင် အဘစ်ဒ်ဂျန် နိုင်ငံတကာပြပွဲစင်တာ၌ ဖွင့်လှစ်ကျင်းပခဲ့သည်။
ယခုအကြိမ် စိုက်ပျိုးရေးပြပွဲ၏ အဓိက ဧည့်သည်တော်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံမှ ပါဝင်ပြသသူများသည် ပြခန်းအလယ်ဗဟိုတွင် အနီရောင်ကို အဓိကထား အသုံးပြုထားသော တရုတ်ပြခန်းကို ဖွင့်လှစ်ထားရှိကာ ပြပွဲ လာရောက်ကြည့်ရှုသူများအား စမတ်စိုက်ပျိုးရေးအစီအစဉ်၊ ရော်ဘာအချောကိုင်စက်ရုံ ပုံစံငယ်၊ ကျွမ်းကျင် စိုက်ပျိုးရေးစက်ပစ္စည်း စသည့် တရုတ်နိုင်ငံ၏ ခေတ်မီ စိုက်ပျိုးရေးနည်းပညာနှင့် စက်ပစ္စည်းများကို ခင်းကျင်းပြသခဲ့သည်။
နိုင်ငံတကာ စိုက်ပျိုးရေးနှင့် တိရစ္ဆာန်အရင်းအမြစ်ပြပွဲကို ကို့တ်ဒီဗွာနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာန စသည့် အစိုးရဌာနများ ၄ ခုမှ ပူးတွဲကျင်းပခြင်းဖြစ်ကာ နှစ်နှစ်တစ်ကြိမ်ကျင်းပပြီး ဆာဟာရသဲကန္တာရတောင်ပိုင်း အာဖရိကတိုက်၌ အရွယ်အစားအကြီးဆုံး စိုက်ပျိုးရေးကျွမ်းကျင်ပြပွဲများအနက် တစ်ခုဖြစ်သည်။
ယခုနှစ်ပြပွဲ၏ခေါင်းစဉ်မှာ “အာဖရိကတိုက် စားနပ်ရိက္ခာ အချုပ်အခြာအာဏာ ဖော်ဆောင်မှုအား ရည်မှန်းချက်အဖြစ် ထားရှိသော အစားအစာကုန်ချောစနစ် တည်ဆောက်ရေး” ဖြစ်ပြီး ၁၀ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကာ တစ်ကမ္ဘာလုံးမှ လုပ်ငန်းကုမ္ပဏီပေါင်း တစ်ထောင်နီးပါး လာရောက်ပြသရန် ဆွဲဆောင်နိုင်ခဲ့သည်။
တရုတ်နိုင်ငံသည် စိုက်ပျိုးရေး နည်းပညာအသစ် စသည့်ကဏ္ဍများတွင် ကမ္ဘာ့ထိပ်တန်းဖြစ်ကြောင်း၊ ကို့တ်ဒီဗွာနိုင်ငံသည် နည်းပညာဆန်းသစ်တီထွင်မှုကို အသုံးပြုကာ စိုက်ပျိုးရေး ခေတ်မီအသွင်ပြောင်းမှုအား ဆက်လက်တွန်းအားပေး၍ စိုက်ပျိုးရေးလုပ်ငန်း ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကို အဆက်မပြတ် မြှင့်တင်သွားမည်ဖြစ်ကြောင်း ကို့တ်ဒီဗွာနိုင်ငံ ဝန်ကြီးချုပ် Robert Beugre Mambe က ပြပွဲ ဖွင့်ပွဲအခမ်းအနား၌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအား ပြပွဲ၏ အဓိကဧည့်သည်တော်နိုင်ငံအဖြစ် ဖိတ်ကြားရသည့် အကြောင်းရင်းနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ ခေတ်မီသော စိုက်ပျိုးရေးနည်းပညာနှင့် ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံများသည် အာဖရိကတိုက် နိုင်ငံများအတွက် မှီငြမ်းနိုင်သော အရေးကြီးအနက်အဓိပ္ပာယ်ရှိကြောင်း ကို့တ်ဒီဗွာနိုင်ငံ ပြည်နယ်ဝန်ကြီးနှင့် စိုက်ပျိုးရေးဝန်ကြီး Kobenan Kouassi Adjoumani က ဖွင့်ပွဲအခမ်းအနားတွင် အလေးထား ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံက သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှု၊ မဟာဗျူဟာ အစီအစဉ်ရေးဆွဲမှုနဲ့ ရင်းနှီးမြှုပ်နှံမှု မူဝါဒတွေကို အောင်မြင်စွာ ပေါင်းစပ်လိုက်ပြီး စိုက်ပျိုးရေးလုပ်ငန်း နက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲမှုကို တွန်းအားပေးပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ကျန်းရှင်းဝမ့်က ကို့တ်ဒီဗွာနိုင်ငံသည် ကမ္ဘာပေါ်တွင် ကိုကိုး၊ သီဟိုနှင့် သဘာဝရော်ဘာ အဓိကထုတ်လုပ်ရာနိုင်ငံဖြစ်ကြောင်း၊ တရုတ်နိုင်ငံတွင် ကျယ်ပြန့်သော ဈေးကွက်နှင့် ကြီးမားသော စားသုံးသူ အုပ်စုရှိကြောင်း၊ နှစ်ဖက်က စိုက်ပျိုးရေးနည်းပညာ၊ စိုက်ပျိုးရေးထုတ်ကုန် ကုန်ချောထုတ်လုပ်မှုနှင့် ကုန်သွယ်စီးပွားကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု အလားအလာ ကျယ်ပြန့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

ကို့တ်ဒီဗွာနိုင်ငံ အဘစ်ဒ်ဂျန်မြို့ရှိ အဘစ်ဒ်ဂျန် နိုင်ငံတကာပြပွဲစင်တာ၌ တရုတ်ပြခန်းကို မေ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————
(Chinese Version)
科特迪瓦国际农展会开幕 主宾国中国展示先进农机技术
新华社阿比让5月23日电(记者张健)科特迪瓦第七届国际农业和动物资源展23日在阿比让国际会展中心开幕。作为本届农展会主宾国,中国参展方在展厅中心设立了红色主色调的中国馆,向观展者展示智慧农业蓝图、橡胶加工厂沙盘、专业农机等中国先进农业技术和机械。
国际农业和动物资源展由科特迪瓦农业部等4个政府部门联合举办,每两年一届,是撒哈拉以南非洲规模最大的农业专业展会之一。今年展会主题是“建设以实现非洲粮食主权为目标的食品加工体系”,为期十天,吸引全球近千家企业参展。
科特迪瓦总理芒贝在展会开幕式上表示,中国在农业新技术等领域世界领先。他说,科特迪瓦将持续利用技术创新推动农业现代化,不断提升农业竞争力。
谈及邀请中国作为展会主宾国的原因,科特迪瓦国务部长兼农业部长阿朱马尼在展会开幕式上强调,中国先进农业技术和发展经验对非洲国家具有重要借鉴意义。“中国成功地将科技创新、战略规划和投资政策相结合,推动了农业产业的深刻变革。”
中国农业农村部副部长张兴旺表示,科特迪瓦是世界重要的可可、腰果和天然橡胶等农产品的生产国,中国拥有广阔的市场和庞大的消费群体,双方在农业技术、农产品生产加工和经贸领域合作前景广阔。(完)
图说1:5月23日,在科特迪瓦阿比让,人们在阿比让国际会展中心参加开幕式。新华社发(洛朗·伊迪布奥摄)
图说2:这是5月23日在科特迪瓦阿比让拍摄的展厅里的中国馆。新华社发(伊万·宋摄)